တရားမ၀င္ငါးေမြးကန္မ်ား တရား၀င္ျဖစ္လာေစရန္ လယ္ယာေျမသုံးစြဲခြင့္မူ၀ါဒမွာအေရးႀကီးဟုဆုိ
ျမန္မာႏုိင္ငံရွိ တရားမ၀င္ငါးေမြးကန္မ်ား တရား၀င္ျဖစ္လာေစရန္ လယ္ယာေျမသုံးစြဲခြင့္မူ၀ါဒမွာ အလြန္အေရးႀကီးေၾကာင္း ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္မွအတြင္းေရးမွဴး ဦး၀င္းႀကဳိင္က ေျပာသည္။
လက္ရွိတြင္ ငါး၊ ပုဇြန္ေမြးျမဴေရးလုပ္ငန္းမ်ား၌ တရား၀င္ေမြးျမဴေရးကန္မ်ားထက္ တရားမ၀င္ ေမြးျမဴေရးကန္ပိုမိုမ်ားျပားေနျခင္းမွာ လယ္ယာေျမကုိ အျခားနည္းလမ္းအသုံးခ်ခြင့္ေလွ်ာက္ထားမႈ အခက္အခဲမ်ားရွိေသာေၾကာင့္ျဖစ္ေၾကာင္း သိရသည္။
“လယ္ယာေျမေပၚမွာငါးေမြးဖုိ႔ဆုိတာ တျခားနည္းသုံးစြဲခြင့္ ခြင့္ျပဳဖုိ႔လုိတယ္။ ဥပေဒအရေလွ်ာက္ရင္ ရတယ္ေျပာေသာ္လည္း တစ္ကယ္ေလွ်ာက္ၾကည့္တဲ့အခါမွာ ဘယ္လုိမွမရတဲ့အပုိင္းေတြရွိပါတယ္။ ဒီေမြျမဴေရးလုပ္ငန္းက တုိင္းျပည္ရဲ႕စီးပြားေရးကုိလည္း အေထာက္အကူျပဳတယ္။ အဲဒါေၾကာင့္ ေျမယာသုံးစြဲခြင့္မူ၀ါဒက အရမ္းအေရးႀကီးပါတယ္ဆုိတာ ကြ်န္ေတာ္တုိ႔ကသက္ဆုိင္ရာကို အဆက္မျပတ္တင္ျပေနျခင္းျဖစ္ပါတယ္”ဟု ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္မွ အတြင္းေရးမွဴး ဦး၀င္းႀကိဳင္က ေျပာသည္။
လယ္ယာေျမကို အျခားအျဖစ္သံုးစြဲခြင့္ လန- ၃၉ ႏွင့္ ၂၀၁၂ ခုႏွစ္လယ္ယာေျမဥပေဒမွ ေျပာင္းလဲလယ္ယာေျမအျခားနည္းလမ္းသုံးခြင့္ ၃၀(က)တို႔ကို ေလွ်ာက္ထားႏုိင္ေသာ္လည္း လြယ္ကူစြာမရရွိေၾကာင္း ၄င္းကဆက္လက္ေျပာသည္။
ျမန္မာႏုိင္ငံအတြင္း ငါး၊ ပုဇြန္ေမြးျမဴေရးကန္ဧက ၅ သိန္းခန္႔ရွိၿပီး တရား၀င္ငါးေမြးကန္မွာ ၁ သိန္း ၃ ေသာင္းေက်ာ္သာရွိၿပီး တရားမ၀င္ငါးေမြးကန္မ်ားမွာ ၃ သိန္း ၇ ေသာင္းနီးပါးရွိေၾကာင္း သိရသည္။
တရားမဝင်ငါးမွေးကန်များ တရားဝင်ဖြစ်လာစေရန် လယ်ယာမြေသုံးစွဲခွင့်မူဝါဒမှာအရေးကြီးဟုဆို
မြန်မာနိုင်ငံရှိ တရားမဝင်ငါးမွေးကန်များ တရားဝင်ဖြစ်လာစေရန် လယ်ယာမြေသုံးစွဲခွင့်မူဝါဒမှာ အလွန်အရေးကြီးကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
လက်ရှိတွင် ငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းများ၌ တရားဝင်မွေးမြူရေးကန်များထက် တရားမဝင် မွေးမြူရေးကန်ပိုမိုများပြားနေခြင်းမှာ လယ်ယာမြေကို အခြားနည်းလမ်းအသုံးချခွင့်လျှောက်ထားမှု အခက်အခဲများရှိသောကြောင့်ဖြစ်ကြောင်း သိရသည်။
“လယ်ယာမြေပေါ်မှာငါးမွေးဖို့ဆိုတာ တခြားနည်းသုံးစွဲခွင့် ခွင့်ပြုဖို့လိုတယ်။ ဥပဒေအရလျှောက်ရင် ရတယ်ပြောသော်လည်း တစ်ကယ်လျှောက်ကြည့်တဲ့အခါမှာ ဘယ်လိုမှမရတဲ့အပိုင်းတွေရှိပါတယ်။ ဒီမွေမြူရေးလုပ်ငန်းက တိုင်းပြည်ရဲ့စီးပွားရေးကိုလည်း အထောက်အကူပြုတယ်။ အဲဒါကြောင့် မြေယာသုံးစွဲခွင့်မူဝါဒက အရမ်းအရေးကြီးပါတယ်ဆိုတာ ကျွန်တော်တို့ကသက်ဆိုင်ရာကို အဆက်မပြတ်တင်ပြနေခြင်းဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
လယ်ယာမြေကို အခြားအဖြစ်သုံးစွဲခွင့် လန- ၃၉ နှင့် ၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေမှ ပြောင်းလဲလယ်ယာမြေအခြားနည်းလမ်းသုံးခွင့် ၃၀(က)တို့ကို လျှောက်ထားနိုင်သော်လည်း လွယ်ကူစွာမရရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံအတွင်း ငါး၊ ပုဇွန်မွေးမြူရေးကန်ဧက ၅ သိန်းခန့်ရှိပြီး တရားဝင်ငါးမွေးကန်မှာ ၁ သိန်း ၃ သောင်းကျော်သာရှိပြီး တရားမဝင်ငါးမွေးကန်များမှာ ၃ သိန်း ၇ သောင်းနီးပါးရှိကြောင်း သိရသည်။
ရဲကျော်ထက်(အကုန်သိသတင်းဌာန)