Skip to main content
vbgsge
Ads Block

တစ္သ်ဴးငွက္ေပ်ာစိုက္ပ်ိဳးျခင္းမွာ တရုတ္အက်ိဳးစီးပြားသာျဖစ္ေၾကာင္း ေဒၚခြန္ဂ်ာ ေျပာ

တစ္သွ်ဴးငွက္ေပ်ာစိုက္ပ်ိဳးျခင္းမွာ တရုတ္အက်ိဳးစီးပြားသာျဖစ္ၿပီး ႏိုင္ငံေတာ္အတြက္ အျမတ္အစြန္း မပါ၀င္ေၾကာင္း ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္ကြန္ရက္မွညွိနႈိင္းေရးမွဴး ေဒၚခြန္ဂ်ာက အကုန္သိသတင္းဌာနသုိ႔ ေျပာသည္။

ကခ်င္ျပည္နယ္ရွိသစ္ေတာေျမႏွင့္ တုိင္းရင္းသားပုိင္ေျမမ်ားတြင္ တစ္သ်ဴးငွက္ေပ်ာ္စုိက္ခင္းမ်ားႏွင့္ပတ္သက္၍ ေအာက္တုိဘာ ၁၂ ရက္၌ အကုန္သိသတင္းဌာနကဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ ေျဖၾကားေပးျခင္း ျဖစ္သည္။

nznr

 

“နံပါတ္တစ္ကေတာ့ တစ္သ်ဴးငွက္ေပ်ာက သဘာ၀သစ္ေတာကုိ ခုတ္ထြင္ၿပီးေတာ့မွစုိက္တာေပါ့။ ဥပမာ- တစ္သ်ဴးငွက္ေပ်ာတစ္ဧကစုိက္ရင္သစ္ေတာ ဘယ္ေလာက္ပ်က္စီးသြားမယ္ထင္သလဲေပါ့။ တစ္သ်ဴးငွက္ေပ်ာ္ၿခံမွာ အပင္တစ္ပင္မွမရွိဘူးေလ။ ရန္ကုန္ကလူေတြဆုိရင္ အပင္တစ္ပင္ျဖစ္ဖုိ႔ သစ္ပင္စုိက္ပြဲဆုိၿပီး ျပန္လုပ္ေနရတယ္။ကခ်င္မွာကရွိၿပီးသားသစ္ပင္ကုိအကုန္ျပန္ခုတ္တယ္။ ငွက္ေပ်ာက ရတဲ့အက်ိဳးအျမတ္ကဘာရွိမလဲဆုိ ပုိက္ဆံရမယ္။ ဒါေပမဲ့ႏုိင္ငံေတာ္ကုိလည္းမ၀င္ဘူး။ တရုတ္ရဲ႕ အက်ိဳးစီးပြားျဖစ္တယ္။ ေနာက္ ငွက္ေပ်ာ္စုိက္ဖုိ႔ေျမယူတဲ့အခါမွာသူမ်ားပုိင္တဲ့ေျမတုိ႔၊ ဥယ်ဥ္ၿခံေျမတုိ႔ အကုန္ပါကုန္တယ္။ ဒါကလည္းထိခုိက္တယ္။ေလ်ာ္ေၾကးေပးတာလည္းမရွိဘူး။ ေနာက္အဲဒီ ငွက္ေပ်ာ စုိက္ခင္းေတြအကုန္လုံးကတရုတ္ပုိင္တာ။ ဒါကုိျမန္မာလူမ်ိဳးကုိအမည္ခံခုိင္းလုိက္တယ္။ ေနာက္ကြယ္က တရုတ္ကပုိင္တာျဖစ္တယ္။ တတိယကဓါတ္ေျမၾသဇာအလြန္အကြ်ံသံုးတာ။ အဲဒါေတြက လူေတာင္ထိခုိက္တယ္’’ဟု ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္ကြန္ရက္မွညွိနႈိင္းေရးမွဴး ေဒၚခြန္ဂ်ာက ေျပာသည္။

dehedh

 

လက္ရွိတြင္ တစ္သ်ဴးငွက္ေပ်ာစုိက္ခင္းမ်ားကုိ ကခ်င္ျပည္နယ္အတြင္းသာမက စစ္ကုိင္းတုိင္းေဒသႀကီးစသည့္ ျပည္နယ္ႏွင့္တုိင္းအတြင္းလည္း ၀င္ေရာက္စုိက္ပ်ိဳးမႈေနေၾကာင္းသိရသည္။

hsrhweh

 

၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္က ကခ်င္ျပည္နယ္၊ မုိးေမာက္ၿမိဳ႕နယ္၊ ေဒါဖုန္းယန္ၿမိဳ႕နယ္ခြဲအတြင္း တစ္သ်ဴးငွက္ေပ်ာစုိက္ခင္းဧက ၈၀၀ ကိုသစ္ေတာစုိက္ခင္းအတြင္းခြင့္ျပဳထားျခင္းမရွိဘဲ ၄င္းမွာ အစုိးရစီမံခန္႔ခြဲပုိင္ခြင့္ရွိသည့္ေျမေနရာျဖစ္ေၾကာင္း ၿပီးခဲ့ေသာ ေမလ ၁၅ ရက္ကက်င္းပသည့္ အမ်ိဳးသားလႊတ္ေတာ္တြင္ သယံဇာတႏွင့္သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ေဒါက္တာရဲျမင့္ေဆြက ေျပာၾကားခဲ့ေသးသည္။

 မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

တစ်သျူးငှက်ပျောစိုက်ပျိုးခြင်းမှာ တရုတ်အကျိုးစီးပွားသာဖြစ်ကြောင်း ဒေါ်ခွန်ဂျာ ပြော

တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းမှာ တရုတ်အကျိုးစီးပွားသာဖြစ်ပြီး နိုင်ငံတော်အတွက် အမြတ်အစွန်း မပါဝင်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်ကွန်ရက်မှညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက အကုန်သိသတင်းဌာနသို့ ပြောသည်။

ကချင်ပြည်နယ်ရှိသစ်တောမြေနှင့် တိုင်းရင်းသားပိုင်မြေများတွင် တစ်သျူးငှက်ပျော်စိုက်ခင်းများနှင့်ပတ်သက်၍ အောက်တိုဘာ ၁၂ ရက်၌ အကုန်သိသတင်းဌာနကဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားပေးခြင်း ဖြစ်သည်။

“နံပါတ်တစ်ကတော့ တစ်သျူးငှက်ပျောက သဘာဝသစ်တောကို ခုတ်ထွင်ပြီးတော့မှစိုက်တာပေါ့။ ဥပမာ- တစ်သျူးငှက်ပျောတစ်ဧကစိုက်ရင်သစ်တော ဘယ်လောက်ပျက်စီးသွားမယ်ထင်သလဲပေါ့။ တစ်သျူးငှက်ပျော်ခြံမှာ အပင်တစ်ပင်မှမရှိဘူးလေ။ ရန်ကုန်ကလူတွေဆိုရင် အပင်တစ်ပင်ဖြစ်ဖို့ သစ်ပင်စိုက်ပွဲဆိုပြီး ပြန်လုပ်နေရတယ်။ကချင်မှာကရှိပြီးသားသစ်ပင်ကိုအကုန်ပြန်ခုတ်တယ်။ ငှက်ပျောက ရတဲ့အကျိုးအမြတ်ကဘာရှိမလဲဆို ပိုက်ဆံရမယ်။ ဒါပေမဲ့နိုင်ငံတော်ကိုလည်းမဝင်ဘူး။ တရုတ်ရဲ့ အကျိုးစီးပွားဖြစ်တယ်။ နောက် ငှက်ပျော်စိုက်ဖို့မြေယူတဲ့အခါမှာသူများပိုင်တဲ့မြေတို့၊ ဥယျဉ်ခြံမြေတို့ အကုန်ပါကုန်တယ်။ ဒါကလည်းထိခိုက်တယ်။လျော်ကြေးပေးတာလည်းမရှိဘူး။ နောက်အဲဒီ ငှက်ပျော စိုက်ခင်းတွေအကုန်လုံးကတရုတ်ပိုင်တာ။ ဒါကိုမြန်မာလူမျိုးကိုအမည်ခံခိုင်းလိုက်တယ်။ နောက်ကွယ်က တရုတ်ကပိုင်တာဖြစ်တယ်။ တတိယကဓါတ်မြေသြဇာအလွန်အကျွံသုံးတာ။ အဲဒါတွေက လူတောင်ထိခိုက်တယ်’’ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်ကွန်ရက်မှညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောသည်။

လက်ရှိတွင် တစ်သျူးငှက်ပျောစိုက်ခင်းများကို ကချင်ပြည်နယ်အတွင်းသာမက စစ်ကိုင်းတိုင်းဒေသကြီးစသည့် ပြည်နယ်နှင့်တိုင်းအတွင်းလည်း ဝင်ရောက်စိုက်ပျိုးမှုနေကြောင်းသိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါဖုန်းယန်မြို့နယ်ခွဲအတွင်း တစ်သျူးငှက်ပျောစိုက်ခင်းဧက ၈၀၀ ကိုသစ်တောစိုက်ခင်းအတွင်းခွင့်ပြုထားခြင်းမရှိဘဲ ၎င်းမှာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေနေရာဖြစ်ကြောင်း ပြီးခဲ့သော မေလ ၁၅ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောကြားခဲ့သေးသည်။

 မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။