Skip to main content
ဂ်ပန္တုိင္ဖုန္း
Ads Block

ဂ်ပန္မွာ ႏွစ္(၆၀)အတြင္း အၾကီးမားဆုံး အားျပင္းတုိင္ဖြန္း ဟာဂီဘစ္ေၾကာင့္ ထိခုိက္ပ်က္စီးဆုံးရႈံးမႈေတြ မ်ားျပား

ဂ်ပန္ႏုိင္ငံအတြက္ ႏွစ္ေပါင္း(၆၀)အတြင္း အၾကီးမားဆုံးေသာ မုိးသည္းထန္စြာရြာသြန္းမႈနဲ ့ေလျပင္းတုိက္ခတ္မႈ ရွိခဲ့တဲ့ အားျပင္းတုိင္ဖြန္းမုန္တိုင္းေၾကာင့္ လူ(၃၀)ေက်ာ္ထိခုိက္ဒဏ္ရာရခဲ့သလုိ တစ္ဦးေသဆုံးမႈ ရွိခဲ့တယ္လုိ ့သိရပါတယ္။ 

ဂ်ပန္တုိင္ဖုန္း

အားျပင္းမုန္တုိင္းေတြ၊ သဘာ၀ေဘးေတြနဲ ့ပတ္သက္ရင္ အေတြ ့အၾကဳံရင့္က်က္ေနျပီျဖစ္တဲ့ ဂ်ပန္ႏုိင္ငံအေနနဲ ့ ဒီတစ္ၾကိမ္ အၾကီးမားဆုံး သဘာ၀ေဘးကေန လူ ့အသက္ေတြအမ်ားအျပား မဆုံးရႈံးရေအာင္ ၾကိဳတင္စီမံႏုိင္ခဲ့တာေၾကာင့္ အခုလုိ သက္သာရာရခဲ့တာျဖစ္တယ္လုိ ့လည္း ႏုိင္ငံတကာသတင္းဌာနေတြက သုံးသပ္ေဖာ္ျပၾကပါတယ္။ ဒါေပမဲ့လည္း လမ္းမေပၚမွာရွိတဲ့ လူေတြ ကားေတြနဲ ့ေရြ ့လ်ားႏုိင္တဲ့ပစၥည္းေတြကေတာ့ အားျပင္းမုန္တုိင္းရဲ ့ေလတုိက္ႏႈန္းေၾကာင့္ ၾကည့္ေနရင္းနဲ ့ပဲ လြင့္သြားၾကတာကုိ တစ္ကမၻာလုံးက သတင္းေစာင့္ၾကည့္သူေတြ ျမင္ေတြ ့ခဲ့ရပါတယ္။ ဂ်ပန္နာမည္  ဟာဂီဘစ္(Hagibis)လုိ ့ေခၚတုိင္ဖုန္းမုန္တုိင္းဟာ ၁၉၅၈ ခုႏွစ္က ဂ်ပန္ႏုိင္ငံ တုိက်ဳိျမိဳ ့မွာ ျဖစ္ေပၚခဲ့တဲ့ ျပင္အားၾကီးမုန္တုိင္းျပီးရင္ အၾကီးမားဆုံး မုန္တုိင္းတစ္ခု ျဖစ္လာတယ္လုိ ့လည္း ဆုိပါတယ္။ " အရင္တုန္းက မၾကဳံဖူးတဲ့ ျပင္းအားမ်ဳိးနဲ ့မုိးသည္းထန္ေနတာပါ " လုိ ့ဂ်ပန္သတင္းဌာန NHK က ေဖာ္ျပခဲ့သလုိ တီဗီကေန အစီအစဥ္ေၾကညာသူကုိယ္တုိင္ကလည္း မုိးသည္းထန္ျခင္း၊ ေလတုိက္အားျပင္းျခင္းေတြေၾကာင့္ ေတာင္ျပိဳက်တာေတြ၊ ေရလႊမ္းတာေတြကုိ ဂ်ပန္လူထု ၾကီးၾကီးမားမားထိခုိက္ခံစားရမႈ မရွိေအာင္ ၾကိဳတင္စီစဥ္ထားႏုိင္ခဲ့တယ္လုိ ့ေဖာ္ျပပါတယ္။ အထူးသျဖင့္ ဂ်ပန္အစုိးရက ေၾကညာထားျပီးတဲ့ေနာက္မွာ ဂ်ပန္ျပည္သူေတြက ၾကိဳတင္ေရွာင္ရွားၾကတာေတြ ရွိခဲ့တဲ့အတြက္ လူေတြကုိ ထိခုိက္မႈနည္းပါးသြားခဲ့တာပါ။

ဂ်ပန္မွာ တုိက္ခတ္ခဲ့တဲ့ ဟာဂီဘစ္ဟာ တစ္နာရီကုိ ကီလုိမီတာ ၁၈၀ ႏႈန္းအထိ ရွိခဲ့သလုိ အိမ္ေျခေပါင္း ၁၆၀၀၀ ေက်ာ္ပ်က္စီးဆုံးရႈံးမႈေတြ ရွိခဲ့တယ္လုိ ့သိရပါတယ္။ ဒီမုန္တုိင္းေၾကာင့္လည္း ေဖာ္ျမဴလာ၀မ္းကားျပိဳင္ပြဲအျပင္ အျခားေသာပြဲအခ်ဳိ ့ကုိ ပိတ္ထားခဲ့ရသလုိ စက္ရုံအလုပ္ရုံေတြဟာလည္း ၾကိဳတင္ျပီး ပိတ္ထားခဲ့ရတယ္လုိ ့လည္း ႏုိင္ငံတကာသတင္းေတြက ေဖာ္ျပၾကပါတယ္။

Unicode Version

ဂျပန်မှာ နှစ်(၆၀)အတွင်း အကြီးမားဆုံး အားပြင်းတိုင်ဖွန်း ဟာဂီဘစ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ များပြား
---------   မိုးတိမ်(အကုန်သိသတင်းဌာန)   ---------
ဂျပန်နိုင်ငံအတွက် နှစ်ပေါင်း(၆၀)အတွင်း အကြီးမားဆုံးသော မိုးသည်းထန်စွာရွာသွန်းမှုနဲ့လေပြင်းတိုက်ခတ်မှု ရှိခဲ့တဲ့ အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် လူ(၃၀)ကျော်ထိခိုက်ဒဏ်ရာရခဲ့သလို တစ်ဦးသေဆုံးမှု ရှိခဲ့တယ်လို့သိရပါတယ်။ 

အားပြင်းမုန်တိုင်းတွေ၊ သဘာဝဘေးတွေနဲ့ပတ်သက်ရင် အတွေ့အကြုံရင့်ကျက်နေပြီဖြစ်တဲ့ ဂျပန်နိုင်ငံအနေနဲ့ ဒီတစ်ကြိမ် အကြီးမားဆုံး သဘာဝဘေးကနေ လူ့အသက်တွေအများအပြား မဆုံးရှုံးရအောင် ကြိုတင်စီမံနိုင်ခဲ့တာကြောင့် အခုလို သက်သာရာရခဲ့တာဖြစ်တယ်လို့လည်း နိုင်ငံတကာသတင်းဌာနတွေက သုံးသပ်ဖော်ပြကြပါတယ်။ ဒါပေမဲ့လည်း လမ်းမပေါ်မှာရှိတဲ့ လူတွေ ကားတွေနဲ့ရွေ့လျားနိုင်တဲ့ပစ္စည်းတွေကတော့ အားပြင်းမုန်တိုင်းရဲ့လေတိုက်နှုန်းကြောင့် ကြည့်နေရင်းနဲ့ပဲ လွင့်သွားကြတာကို တစ်ကမ္ဘာလုံးက သတင်းစောင့်ကြည့်သူတွေ မြင်တွေ့ခဲ့ရပါတယ်။ ဂျပန်နာမည်  ဟာဂီဘစ်(Hagibis)လို့ခေါ်တိုင်ဖုန်းမုန်တိုင်းဟာ ၁၉၅၈ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြင်အားကြီးမုန်တိုင်းပြီးရင် အကြီးမားဆုံး မုန်တိုင်းတစ်ခု ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ " အရင်တုန်းက မကြုံဖူးတဲ့ ပြင်းအားမျိုးနဲ့မိုးသည်းထန်နေတာပါ " လို့ဂျပန်သတင်းဌာန NHK က ဖော်ပြခဲ့သလို တီဗီကနေ အစီအစဉ်ကြေညာသူကိုယ်တိုင်ကလည်း မိုးသည်းထန်ခြင်း၊ လေတိုက်အားပြင်းခြင်းတွေကြောင့် တောင်ပြိုကျတာတွေ၊ ရေလွှမ်းတာတွေကို ဂျပန်လူထု ကြီးကြီးမားမားထိခိုက်ခံစားရမှု မရှိအောင် ကြိုတင်စီစဉ်ထားနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။ အထူးသဖြင့် ဂျပန်အစိုးရက ကြေညာထားပြီးတဲ့နောက်မှာ ဂျပန်ပြည်သူတွေက ကြိုတင်ရှောင်ရှားကြတာတွေ ရှိခဲ့တဲ့အတွက် လူတွေကို ထိခိုက်မှုနည်းပါးသွားခဲ့တာပါ။

ဂျပန်မှာ တိုက်ခတ်ခဲ့တဲ့ ဟာဂီဘစ်ဟာ တစ်နာရီကို ကီလိုမီတာ ၁၈၀ နှုန်းအထိ ရှိခဲ့သလို အိမ်ခြေပေါင်း ၁၆၀၀၀ ကျော်ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ ဒီမုန်တိုင်းကြောင့်လည်း ဖော်မြူလာဝမ်းကားပြိုင်ပွဲအပြင် အခြားသောပွဲအချို့ကို ပိတ်ထားခဲ့ရသလို စက်ရုံအလုပ်ရုံတွေဟာလည်း ကြိုတင်ပြီး ပိတ်ထားခဲ့ရတယ်လို့လည်း နိုင်ငံတကာသတင်းတွေက ဖော်ပြကြပါတယ်။

    -   မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။