Skip to main content
bfbdfsdfbb
Ads Block

ေခြးရူးျပန္ေရာဂါမွာ ေသဆံုးရန္ ၁၀၀ ရာခိုင္ႏႈန္းျဖစ္သျဖင့္ လ်စ္လ်ဴရႈထား၍မရဟုဆုိ

ေခြးရူးျပန္ေရာဂါသည္ ေသဆံုးနႈန္း ၁၀၀ ရာခုိင္နႈန္းအျပည့္ျဖစ္၍ လ်စ္လ်ဴရႈထား၍မရေၾကာင္းပါေမာကၡ ေဒါက္တာနန္းျဖဴျဖဴေအာင္ကေျပာသည္။

ေအာက္တုိဘာလအတြင္း ေခြးရူးျပန္ေရာဂါႏွင့္ပတ္သက္သည့္က်န္းမာေရးအသိပညာေပးေဟာေျပာစဥ္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

dcved

“ ေခြးရူးျပန္ေရာဂါဟာတစ္ေယာက္ျဖစ္ရင္တစ္ေယာက္ေသတယ္။ ေသနႈန္းက ၁၀၀ ရာခုိင္နႈန္းအျပည့္ရွိတယ္။ ကမၻာမွာဆုိလည္းပဲ ေခြးရူးျပန္ေရာဂါျဖစ္ပြားနႈန္းၾကည့္မယ္ဆုိလည္း ေခြးရူးျပန္ေရာဂါျဖစ္ပြားနႈန္းဟာ ငါးေသာင္းငါးေထာင္ကေနေျခာက္ေသာင္းနႈန္းရွိတယ္။ ဒီငါးေသာင္းငါးေထာင္ကေန ေျခာက္ေသာင္းဟာ ငွက္ဖ်ားေရာဂါ၊ ၿပီးေတာ့ HIV ျဖစ္တာျဖစ္ပြားနႈန္းနဲ႔စာလုိ႔ဆုိရင္အရမ္းကုိေသးငယ္ေသာ္လည္းပဲ ေသနႈန္းဟာ ၁၀၀ ရာခုိင္ႏႈန္းျဖစ္တဲ့အတြက္ေၾကာင့္မုိ႔လုိ႔  ကြ်န္မတုိ႔ဟာလ်စ္လ်ဴရႈထားလုိ႔မရပါဘူး။ ေနာက္တစ္ခုက ဒီေသဆုံးမႈဦးေရကုိၾကည့္မယ္ဆုိလုိ႔ရွိရင္ ၄၀ ရာခုိင္ႏႈန္းဟာ ၁၅ နွစ္ေအာက္ကေလးငယ္ေတြျဖစ္ပါတယ္။ အရမ္းသနားဖုိ႔လည္းေကာင္းပါတယ္” ဟု ပါေမာကၡေဒါက္တာနန္းျဖဴျဖဴေအာင္ကေျပာသည္။

vbdsbdsb

ျမန္မာႏိုင္ငံတြင္ ေခြးေကာင္ေရ ၃ ဒႆမ ၅သန္းရွိၿပီး တစ္ႏွစ္လွ်င္ အေကာင္ေရ ၁၀ ရာခုိင္ႏႈန္းမွ ၂၀ ရာခုိင္ႏႈန္းအထိတုိးျမင့္ေနေၾကာင္း သိရသည္။

ေခြးရူးျပန္ေရာဂါသည္ Rhabdoviridae ေခၚ ဗုိင္းရပ္စ္ပုိးရွိေသာေခြးကုိက္ခံရျခင္းမွ တစ္ဆင့္လူသုိ႔ကူးစက္ကာ ျဖစ္ပြားျခင္းျဖစ္ၿပီး အျမင္အာရုံေ၀၀ါးလာျခင္း၊ ဦးေနွာက္အတြင္းပုိင္းေရာင္ရမ္းလာျခင္း၊ ေရငတ္လြန္ျခင္း၊ လည္ပင္းၾကြက္သားမ်ားေရာင္ရမ္းလာျခင္းတုိ႔ျဖစ္ပြားကာ ေနာက္ဆုံးတြင္အသက္ဆုံးရႈံးရေၾကာင္းသိရသည္။

cvasva

ျမန္မာႏုိင္ငံတြင္ေခြးကုိက္ခံရမႈမွာ ၂၀၁၇ ခုနွစ္တြင္ လူဦးေရ ၁၈၀၀၀၀ ဦး၊ ၂၀၁၈ ခုႏွစ္တြင္ ၁၉၂၀၀၀ဦး ရွိကာ တစ္လလွ်င္ လူ ၁၆၀၀၀ ဦးအကိုက္ခံေနရေၾကာင္းသိရသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန) 

Unicode Version

 

ခွေးရူးပြန်ရောဂါမှာ သေဆုံးရန် ၁၀၀ ရာခိုင်နှုန်းဖြစ်သဖြင့် လျစ်လျူရှုထား၍မရဟုဆို

ခွေးရူးပြန်ရောဂါသည် သေဆုံးနှုန်း ၁၀၀ ရာခိုင်နှုန်းအပြည့်ဖြစ်၍ လျစ်လျူရှုထား၍မရကြောင်းပါမောက္ခ ဒေါက်တာနန်းဖြူဖြူအောင်ကပြောသည်။

အောက်တိုဘာလအတွင်း ခွေးရူးပြန်ရောဂါနှင့်ပတ်သက်သည့်ကျန်းမာရေးအသိပညာပေးဟောပြောစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ခွေးရူးပြန်ရောဂါဟာတစ်ယောက်ဖြစ်ရင်တစ်ယောက်သေတယ်။ သေနှုန်းက ၁၀၀ ရာခိုင်နှုန်းအပြည့်ရှိတယ်။ ကမ္ဘာမှာဆိုလည်းပဲ ခွေးရူးပြန်ရောဂါဖြစ်ပွားနှုန်းကြည့်မယ်ဆိုလည်း ခွေးရူးပြန်ရောဂါဖြစ်ပွားနှုန်းဟာ ငါးသောင်းငါးထောင်ကနေခြောက်သောင်းနှုန်းရှိတယ်။ ဒီငါးသောင်းငါးထောင်ကနေ ခြောက်သောင်းဟာ ငှက်ဖျားရောဂါ၊ ပြီးတော့ HIV ဖြစ်တာဖြစ်ပွားနှုန်းနဲ့စာလို့ဆိုရင်အရမ်းကိုသေးငယ်သော်လည်းပဲ သေနှုန်းဟာ ၁၀၀ ရာခိုင်နှုန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့  ကျွန်မတို့ဟာလျစ်လျူရှုထားလို့မရပါဘူး။ နောက်တစ်ခုက ဒီသေဆုံးမှုဦးရေကိုကြည့်မယ်ဆိုလို့ရှိရင် ၄၀ ရာခိုင်နှုန်းဟာ ၁၅ နှစ်အောက်ကလေးငယ်တွေဖြစ်ပါတယ်။ အရမ်းသနားဖို့လည်းကောင်းပါတယ်” ဟု ပါမောက္ခဒေါက်တာနန်းဖြူဖြူအောင်ကပြောသည်။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ ၃ ဒဿမ ၅သန်းရှိပြီး တစ်နှစ်လျှင် အကောင်ရေ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိတိုးမြင့်နေကြောင်း သိရသည်။

ခွေးရူးပြန်ရောဂါသည် Rhabdoviridae ခေါ် ဗိုင်းရပ်စ်ပိုးရှိသောခွေးကိုက်ခံရခြင်းမှ တစ်ဆင့်လူသို့ကူးစက်ကာ ဖြစ်ပွားခြင်းဖြစ်ပြီး အမြင်အာရုံေ၀ဝါးလာခြင်း၊ ဦးနှောက်အတွင်းပိုင်းရောင်ရမ်းလာခြင်း၊ ရေငတ်လွန်ခြင်း၊ လည်ပင်းကြွက်သားများရောင်ရမ်းလာခြင်းတို့ဖြစ်ပွားကာ နောက်ဆုံးတွင်အသက်ဆုံးရှုံးရကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်ခွေးကိုက်ခံရမှုမှာ ၂၀၁၇ ခုနှစ်တွင် လူဦးရေ ၁၈၀၀၀၀ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၉၂၀၀၀ဦး ရှိကာ တစ်လလျှင် လူ ၁၆၀၀၀ ဦးအကိုက်ခံနေရကြောင်းသိရသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။