Skip to main content
့်မါ့
Ads Block
ပုဂံယဉ်ကျေးမှုဇုန်မှဟိုတယ်လုပ်ငန်းများ ထွက်သွားရမည်ဟု ရှေး/သုပညာအသင်းမှ အတွင်းရေးမှူး ပြော
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်မှ ဟိုတယ်လုပ်ငန်းများထွက်သွားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းမှအတွင်းရေးမှူး ဦးသူရအောင်က ပြောလိုက်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲရှိဟိုတယ်များနှင့်ပတ်သက်၍ အောက်တိုဘာ ၁၁ရက်၌ အကုန်သိသတင်းဌာနက မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ေ္လေ်္လ္
“ ဟိုတယ်ဇုန်တွေက ဘုရားထဲကထွက်ခွာရမှာမဟုတ်ဘူး။ ဒီပုဂံဇုန်ထဲကကိုထွက်သွားရမှာ။ ဒီဇုန်ထဲကကို ထွက်သွားပေးရမှာ။အခုက ကျွန်တော်ကြားသလောက် ဟိုတယ်လုပ်ငန်းတွေက အစိုးရနဲ့ညှိပြီးတော့ နေလို့ရသလောက်ကိုနေမှာလို့ပြောပြီးသား။အဲဒီတော့ပြောချင်တဲ့သဘောကတော့ ဒီဒေသထဲမှာ သူတို့မနေသင့်ဘူးဆိုတာသူတို့သိတယ်။ ဒါပေမဲ့ဘာဖြစ်လဲဆိုတော့မသိလို့နေတာမဟုတ်ဘူး။ သိသိကြီးနဲ့နေတာ။ ကျွန်တော်ပြောမယ်။ သူတို့မှာ CSR လုံးဝမရှိဘူး။ မြန်မာပြည်ကလုပ်ငန်းရှင်တွေမှာ စိတ်ပျက်စရာကောင်းပြီး ရှက်စရာကောင်းတဲ့အကျင့်စရိုက်ပေါ့ဗျာ” ဟု မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းမှအတွင်းရေးမှူး ဦးသူရအောင်က ပြောသည်။
ါနမါအါ
လက်ရှိအစိုးရလက်ထက်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ဟိုတယ်ပေါင်း ၄၀ ခန့် ထပ်မံခွင့်ပြုခဲ့ပြီး အဆိုပါဟိုတယ်လုပ်ငန်းများထွက်ခွာရန်မလိုဘဲ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့သို့ ၎င်းတင်ပြထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ပြောကြားထားသည်။
လက်ရှိတွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေးဥပဒေ ၂၀၁၉ ၊ ရွှေ့ပြောင်းရသည့် ရှေးဟောင်းပစ္စည်းများထိန်းသိမ်းရေးဥပဒေ၊ ရှေးဟောင်းအမွေအနှစ်နေရာများဥပဒေဟူ၍ ရှိကြောင်းသိရသည်။
 မင်းသီဟန်(အကုန်သိသတင်းဌာန)
Zawgyi Version
နေါနါလတေ
လက်ရှိအစိုးရလက်ထက်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ဟိုတယ်ပေါင်း ၄၀ ခန့် ထပ်မံခွင့်ပြုခဲ့ပြီး အဆိုပါဟိုတယ်လုပ်ငန်းများထွက်ခွာရန်မလိုဘဲ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့သို့ ၄င်းတင်ပြထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ပြောကြားထားသည်။
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။