Skip to main content
ေလ
Ads Block

ပုဒ်မ ၅၀၅ (ခ)ဖြင့်စွဲချက်တင်ခံထားရသော ပျော်ဘွယ်အမတ်ဦးတင်စိုး မန္တလေးတိုင်းတရားလွှတ်တော်တွင် ထပ်မံအယူခံဝင်မည်

ပုဒ်မ ၅၀၅ခဖြင့် စွဲချက်တင်ခံထားရသော ပျော်ဘွယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက မန္တလေးတိုင်းတရားလွှတ်တော်တွင် အယူခံလျှောက်ထားမည်ဖြစ်ကြောင်းသိရသည်။

ပျော်ဘွယ်အမတ် ဦးတင်စိုးအားပုဒ်မ ၅၀၅(ခ)ဖြင့်တရားစွဲဆိုမှုကို လက်ရှိတွင် မြို့နယ်နှင့်ခရိုင်တရားရုံးတို့က စွဲချက်မြောက်ကြောင်းအမိန့်ချမှတ်ထားခြင်းဖြစ်သည်။

ဖိ်လါဘမနါ

“ စွဲချက်တင်ထားတဲ့အမိန့်ကိုပယ်ဖျက်ပေးဖို့ ရှုံးသွားတော့ ခရိုင်တရားရုံးကနေ အခုသူတို့က တိုင်းတရားလွှတ်တော်ကိုဆက်တက်မယ်။ ဒီအောက်တိုဘာလ ၁၈ ရက်နေ့ရုံးချိန်းပေါ့။ ဦးတင်စိုးကို ပျော်ဘွယ်မြို့နယ်တရားရုံးမှာတရားစွဲဖို့လျှောက်လဲချက်တင်တယ်။ ရဲစခန်းကလက်ခံပြီး တရားရုံးမှာ အဲဒီလျှောက်လဲချက်တွေကိုလက်ခံစစ်ဆေးတယ်။ စစ်ဆေးပြီးသွားတဲ့အခါမှာပုဒ်မ ၅၀၅(ခ) စွဲချက်တင်အမိန့်ကို အတည်ပြုလိုက်တယ်။ ပုဒ်မ ၅၀၅(ခ) မြောက်တယ်လို့အတည်ပြုလိုက်တယ်။ အဲဒါကိုသူကမကျေနပ်လို့ ခရိုင်ကိုဆက်တက်တယ်။ ခရိုင်ကလည်း မြို့နယ်ကစွဲချက်တင်အမိန့်ကိုအတည်ပြုလက်ခံတယ်။ သူ့လျှောက်ထားမှုကို ပလပ်လိုက်တယ်။ အခုကတော့ တရားလိုဘက်ကို မြို့နယ်တရားရုံးမှာ အကုန်လုံး စစ်ဆေးပြီးပြီ။ သူ့ဘက်ကတော့မစစ်ဆေးရသေးဘူး။တကယ်လို့ အယူခံအဆင့်ဆင့် ဆက်တက်လည်း ကျွန်တော်တို့ကစောင့်မှာပါ’’ဟု NLD ပါတီ(ရမည်းသင်းခရိုင်)မှဒုတိယဥက္ကဋ္ဌဦးညီညီက အကုန်သိသတင်းဌာနသို့ ပြောသည်။

ေ

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အကုန်သိသတင်းဌာနအနေဖြင့် ပျော်ဘွယ်အမတ် ဦးတင်စိုးထံသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၌ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းကိုအိမ်တွင်ထားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

ပျော်ဘွယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးသည် ပျော်ဘွယ်မြို့နယ်၊ ကြက်တည်ကျေးရွာ၌ ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်ကကျင်းပခဲ့သော “ကျေးလက် ဖွံဖြိုးရေးဟောပြောပွဲ” တွင် နိုင်ငံတော်အကြည်ညိုပျက်စေသည့်စကားများဟောပြောခဲ့သည်ဟုဆိုကာ ရမည်းသင်းခရိုင် NLD ပါတ ဒုတိယဥက္ကဋ္ဌ ဦးညီညီကဒီဇင်ဘာလ ၂၈ ရက်တွင် ပျော်ဘွယ်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

 

ပုဒ္မ ၅၀၅ (ခ)ျဖင့္စြဲခ်က္တင္ခံထားရေသာ ေပ်ာ္ဘြယ္အမတ္ဦးတင္စုိး မႏၱေလးတုိင္းတရားလႊတ္ေတာ္တြင္ ထပ္မံအယူခံ၀င္မည္

ပုဒ္မ ၅၀၅ချဖင့္ စြဲခ်က္တင္ခံထားရေသာ ေပ်ာ္ဘြယ္တုိင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ ဦးတင္စုိးက မႏၱေလးတုိင္းတရားလႊတ္ေတာ္တြင္ အယူခံေလွ်ာက္ထားမည္ျဖစ္ေၾကာင္းသိရသည္။

ေပ်ာ္ဘြယ္အမတ္ ဦးတင္စုိးအားပုဒ္မ ၅၀၅(ခ)ျဖင့္တရားစြဲဆုိမႈကို လက္ရွိတြင္ ၿမိဳ႕နယ္ႏွင့္ခရုိင္တရားရုံးတို႔က စြဲခ်က္ေျမာက္ေၾကာင္းအမိန္႔ခ်မွတ္ထားျခင္းျဖစ္သည္။

“ စြဲခ်က္တင္ထားတဲ့အမိန္႔ကုိပယ္ဖ်က္ေပးဖုိ႔ ရႈံးသြားေတာ့ ခရုိင္တရားရုံးကေန အခုသူတုိ႔က တုိင္းတရားလႊတ္ေတာ္ကုိဆက္တက္မယ္။ ဒီေအာက္တုိဘာလ ၁၈ ရက္ေန႔ရုံးခ်ိန္းေပါ့။ ဦးတင္စုိးကုိ ေပ်ာ္ဘြယ္ၿမိဳ႕နယ္တရားရုံးမွာတရားစြဲဖုိ႔ေလွ်ာက္လဲခ်က္တင္တယ္။ ရဲစခန္းကလက္ခံၿပီး တရားရုံးမွာ အဲဒီေလွ်ာက္လဲခ်က္ေတြကုိလက္ခံစစ္ေဆးတယ္။ စစ္ေဆးၿပီးသြားတဲ့အခါမွာပုဒ္မ ၅၀၅(ခ) စြဲခ်က္တင္အမိန္႔ကုိ အတည္ျပဳလုိက္တယ္။ ပုဒ္မ ၅၀၅(ခ) ေျမာက္တယ္လုိ႔အတည္ျပဳလုိက္တယ္။ အဲဒါကုိသူကမေက်နပ္လုိ႔ ခရုိင္ကုိဆက္တက္တယ္။ ခရုိင္ကလည္း ၿမိဳ႕နယ္ကစြဲခ်က္တင္အမိန္႔ကုိအတည္ျပဳလက္ခံတယ္။ သူ႔ေလွ်ာက္ထားမႈကုိ ပလပ္လုိက္တယ္။ အခုကေတာ့ တရားလုိဘက္ကုိ ၿမိဳ႕နယ္တရားရုံးမွာ အကုန္လုံး စစ္ေဆးၿပီးၿပီ။ သူ႔ဘက္ကေတာ့မစစ္ေဆးရေသးဘူး။တကယ္လုိ႔ အယူခံအဆင့္ဆင့္ ဆက္တက္လည္း ကြ်န္ေတာ္တုိ႔ကေစာင့္မွာပါ’’ဟု NLD ပါတီ(ရမည္းသင္းခရိုင္)မွဒုတိယဥကၠ႒ဦးညီညီက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

အဆုိပါကိစၥႏွင့္စပ္လ်ဥ္း၍ အကုန္သိသတင္းဌာနအေနျဖင့္ ေပ်ာ္ဘြယ္အမတ္ ဦးတင္စုိးထံသုိ႔ ၂၀၁၉ ခုႏွစ္၊ ေအာက္တုိဘာလ ၁၂ ရက္၌ အႀကိမ္ႀကိမ္ဆက္သြယ္ေသာ္လည္း ဖုန္းကုိအိမ္တြင္ထားခဲ့ေၾကာင္း မိသားစု၀င္တစ္ဦးက ျပန္လည္ေျဖၾကားခဲ့သည္။

ေပ်ာ္ဘြယ္တုိင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ ဦးတင္စုိးသည္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ၾကက္တည္ေက်းရြာ၌ ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္၊ ႏုိ၀င္ဘာလ ၂၃ ရက္ကက်င္းပခဲ့ေသာ “ေက်းလက္ ဖြံၿဖဳိးေရးေဟာေျပာပြဲ” တြင္ ႏုိင္ငံေတာ္အၾကည္ညဳိပ်က္ေစသည့္စကားမ်ားေဟာေျပာခဲ့သည္ဟုဆိုကာ ရမည္းသင္းခရုိင္ NLD ပါတ ဒုတိယဥကၠ႒ ဦးညီညီကဒီဇင္ဘာလ ၂၈ ရက္တြင္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္တရားရုံးသုိ႔ ဦးတုိက္ေလွ်ာက္ထားခဲ့ျခင္း ျဖစ္သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။