Skip to main content
့်ညိ့မ
Ads Block

နောက်ဆယ်နှစ်နေရင်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် သရုပ်ဆောင်မိုးယံဇွန်

သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့် အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အစီအစဉ်ရှိတယ်လို့ သရုပ်ဆောင်မိုးယံဇွန် က ပြောပါတယ်။

သရုပ်ဆောင် မိုးယံဇွန် ရဲ့ ဖခင်ဖြစ်သူ ကတော့ ဒဂုံမြို့နယ်၊တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ဖြစ်ပြီး ဖခင်လိုမျိုး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ဖို့ စိတ်ကူးရှိတဲ့အကြောင်းအခုလိုပြောပြခဲ့ပါတယ်။

“စိတ်ကူးကတော့ရှိပါတယ်။ကျွန်တော်အဖေကလည်းနိုင်ငံရေးလောကနဲ့ မကင်းတဲ့သူဆိုတော့ အနည်းနဲ့ အများလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ကျွန်တော်ဝါသနာကအနုပညာထဲမှာပဲစိတ်အားထက်သန်နေတော့ တခြားကဏ္ဍမှာ စိတ်နှစ် ပြီးလုပ်ဖို့ စိတ်ပဲရှိတာပါ။တကယ်လက်တွေ့မှာတော့ အကောင်အထည်မဖော်ဖြစ်လောက်ဘူး။ပုံမှဆိုရင် ၂၀၁၈လောက်က ဘာမှမလုပ်ဖြစ်ခဲ့ဘူး။၂၀၁၉ လောက်မှ ပြန်ပြီးရုပ်ရှင်အများကြီးမရိုက်ဖြစ်ရင်တောင်လူစိတ်ဝင်စားတဲ့ဇာတ်တွေမှာပါဝင်ဖြစ်တယ်။အခုမှကျွန်တော်အသက်၃၀လောက်ပဲရှိသေးတော့ ကျွန်တော်နောက်ဆယ်နှစ်လောက်နေရင်တော့လုပ်ဖြစ်မှာပါ။ ကျွန်တော်အသက်၁၈ နှစ်လောက်ကတည်းက အလိုနိုင်ငံရေးနဲ့ ဆက်နွယ်တဲ့စာအုပ်လေးတွေစဖတ်ဖြစ်ခဲ့တာပါ။”လို့ မိုးယံဇွန်က လွှတ်တော်အမတ် တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်လေ့လာပုံတွေကိုပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် မိုးယံဇွန်က အနုပညာအလုပ်ကိုပဲပိုမိုလုပ်ဖြစ်နေသလို သူ ပါဝင်တဲ့ ဆတ်သေချောင်း ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားလည်းမကြာမီပြသတော့မယ်လို့သိရပါတယ်။

- နွယ်ဏီ(အကုန်သိသတင်းဌာန)

Zawgyi Version

 







အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။