Skip to main content
်တ့န်မ့မ
Ads Block

 တူရကီ၏ ဆီးရီးယားထိုးစစ်ကြောင့် အကြမ်းဖက်သမားများ ပြန့်ကြဲပြီး လက်နက်ပြန်လည်ရရှိသွားခြင်းမျိုးကို တူရကီကိုယ်တိုင် ဟန့်တားနိုင်ရန် မသေချာဟု ရုရှားသမ္မတ ခန့်မှန်း

ကာ့ဒ်လက်နက်ကိုင်များအပေါ် တူရကီက မြေပြင်စစ်ရေးထိုးစစ်ဆင်နွှဲနေစဉ်အတွင်း အဆိုပါနယ်မြေအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွများ ကစင့်ကလျားဖြစ်၍ လက်နက်ပြန်လည်ရရှိသွားနိုင်ကြောင်း ရုရှားသမ္မတက ခန့်မှန်းလိုက်ပြီး ထိုအဖြစ်မျိုးမှ တူရကီက ဟန့်တားနိုင်ရန်ကို မိမိသံသယရှိကြောင်း ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

ဘါုမအ်အြိမ့

အစ္စလာမ်မစ်စတိတ်တို့ စုဝေးလျှက်ရှိသော မြောက်ပိုင်းဆီးရီးယားရှိ ကြားခံသဖွယ်ဖြစ်နေသည့် အဆိုပါနယ်မြေတွင် ဆီးရီးယားကာ့ဒ်တို့က စောင့်ကြပ်လျှက်ရှိခြင်းဖြစ်ကြောင်း၊ တူရကီ၏ စစ်ရေးဆောင်ရွက်မှုကြောင့် ကာ့ဒ်တို့က စခန်းစွန့်ခွာလျှက်ရှိကြောင်း၊ တာ့ခ်မင်နစ်စတန် လွတ်လပ်သောဓနသဟာရနိုင်ငံများ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသူ ဆိုဗီယက်ခေတ်ဟောင်း ခေါင်းဆောင်များအား ဗလာဒီမာပူတင်က သတိပေးပြောဆိုသည်။

ရုှရှားစစ်ဖက်ထောက်လှမ်းရေး GRU ၏ သတင်းအရ ဆီးရီးယားမြောက်ပိုင်းတွင် အကြမ်းသမားထောင်ပေါင်းများစွာ ခိုအောင်းလျှက်ရှိကြောင်း သိရှိရသည်ဟု အကြမ်းဖက်စစ်ပွဲဆင်နွှဲခြင်း၏ လုပ်ငန်းစဉ်ကို ပူတင်က ရှင်းပြသည်။

ဒေါ်နယ်ထရမ့်အမိန့်အရ အမေရိကန်တပ်များ ဆုတ်ခွာသွားပြီးနောက် ဗုဒ္ဓဟူးနေ့တွင် တူရကီတပ်များ နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။ ဆီးရီးယားဒုက္ခသည်များအတွက် Safe Zone တည်ဆောက်ရန်ပါဝင်သည့် တူရကီ၏  ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေးကို အနောက်နိုင်ငံများက ကျယ်ပြန့်စွာ ဝေဖန်ရှုတ်ချလျှက်ရှိသည်။

့ိ့ညျိ့ညိ့အ

ကြာသပတေးနေ့တွင် အမေရိကန် ရီပတ်ဘလစ်ကင်ကိုယ်စားလှယ်တစ်စုက တူရကီအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ပြဋ္ဌာန်းရန် ခြိမ်းခြောက်လျှက်ရှိကြသည်။ ဥရောပသမဂ္ဂကမူ လာမည့်ရက်သတ္တပတ်တွင် တူရကီအပေါ် ပြစ်ဒဏ် ပေးရေး သီးခြားအဖွဲ့များဖြင့် ဆွေးနွေးကြမည်ဖြစ်သည်။

Htay Oung (အကုန်သိ သတင်းဌာန)

Zawgyi Version

 

 



ရှုရှားစစ်ဖက်ထောက်လှမ်းရေး GRU ၏ သတင်းအရ ဆီးရီးယားမြောက်ပိုင်းတွင် အကြမ်းသမားထောင်ပေါင်းများစွာ ခိုအောင်းလျှက်ရှိကြောင်း သိရှိရသည်ဟု အကြမ်းဖက်စစ်ပွဲဆင်နွှဲခြင်း၏ လုပ်ငန်းစဉ်ကို ပူတင်က ရှင်းပြသည်။




အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။