Skip to main content
b sxbsdbvs
Ads Block

အောင်ဇေယျတံတားပေါ်မှကုန်တင်ယာဉ် ၁ စီးအရှိန်လွန်ပြုတ်ကျမှုဖြစ်ပွား

အင်းစိန်မြို့နယ်နှင့် လိူင်သာယာမြို့နယ်ကိုဆက်သွယ်ထားသောအောင်ဇေယျတံတားပေါ်မှ ကုန်တင်ယာဉ် ၁ စီးအရှိန်လွန်ပြုတ်ကျပြီး ယာဉ်ပေါ်ပါ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၁၂ ရက်)၊ နံနက်အစောပိုင်းက အောင်ဇေယျတံတားပေါ်မှ ကုန်တင်ယာဉ်တစ်စီးအရှိန်လွန်ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ပြုတ်ကျရာမှ ယာဉ်ပေါ်ပါအမျိုးသား ၄ ဦးဒဏ်ရာရရှိခဲ့သည့်အနက် ၁ ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

“ကားကအရှိန်လွန်ပြီးအောင်ဇေယျတံတားပေါ်ကနေ အောင်ဇေယျအိမ်ရာဘက်ကို ပြုတ်ကျတာလို့သိရတယ်။ ကားကိုယ်ထည်နဲ့ရှေ့ဘီးကပြုတ်ကျပြီး နောက်ဘီးနဲ့ဂွိုင်းဆက်က တံတားပေါ်မှာကျန်ခဲ့တယ်။ ကျွန်တော်တို့သိရသလောက်ကတော့ ကားပေါ်ပါ ၄ ဦးဒဏ်ရာရတယ်။ ၄ ဦးအနက်တစ်ဦးကစိုးရိမ်ရတယ်လို့သိရပါတယ်”ဟု"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)မှဥက္ကဋ္ဌ ကိုဇွဲရန်နိုင်ကပြောသည်။

အဆိုပါဒဏ်ရာရရှိသူအမျိုးသား ၄ ဦးမှာအင်းစိန်ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။

“အောက်မှာရှိနေတဲ့ လူ ၂ ယောက်အပေါ်ကားကပိမိတယ်လို့တော့မကြားပါဘူး။ အဲဒီကားပေါ်မှာ ပါတဲ့အမျိုးသား ၄ ဦးပဲဒဏ်ရာရှိတာပါ။ လူသေတာတော့ မရှိဘူးလို့သိရတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စခန်းမှာအမှုဖွင့်ထားပါတယ်။ အသေးစိတ်ကတော့ စုံစမ်းစစ်ဆေးနေတုန်းပဲရှိပါသေးတယ်။ ” ဟု အင်းစိန်မြို့မရဲစခန်းမှ တာဝန်ရှိသူရဲအရာရှိတစ်ဦးကပြောသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်ပြီးအင်းစိန်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

ဓာတ်ပုံ- "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)

Zawgyi Version

 

 

ေအာင္ေဇယ်တံတားေပၚမွကုန္တင္ယာဥ္ ၁ စီးအရွိန္လြန္ျပဳတ္က်မႈျဖစ္ပြား

အင္းစိန္ၿမဳိ႕နယ္ႏွင့္ လူိင္သာယာၿမဳိ႕နယ္ကုိဆက္သြယ္ထားေသာေအာင္ေဇယ်တံတားေပၚမွ ကုန္တင္ယာဥ္ ၁ စီးအရွိန္လြန္ျပဳတ္က်ၿပီး ယာဥ္ေပၚပါ ၄ ဦးဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ယေန႔(ေအာက္တုိဘာလ ၁၂ ရက္)၊ နံနက္အေစာပုိင္းက ေအာင္ေဇယ်တံတားေပၚမွ ကုန္တင္ယာဥ္တစ္စီးအရွိန္လြန္ျပဳတ္က်မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိုကဲ့သို႔ျပဳတ္က်ရာမွ ယာဥ္ေပၚပါအမ်ဳိးသား ၄ ဦးဒဏ္ရာရရွိခဲ့သည့္အနက္ ၁ ဦးမွာ စုိးရိမ္ရေၾကာင္း သိရသည္။

“ကားကအရွိန္လြန္ၿပီးေအာင္ေဇယ်တံတားေပၚကေန ေအာင္ေဇယ်အိမ္ရာဘက္ကုိ ျပဳတ္က်တာလုိ႔သိရတယ္။ ကားကုိယ္ထည္နဲ႔ေရွ႕ဘီးကျပဳတ္က်ၿပီး ေနာက္ဘီးနဲ႔ဂြိဳင္းဆက္က တံတားေပၚမွာက်န္ခဲ့တယ္။ ကြ်န္ေတာ္တုိ႔သိရသေလာက္ကေတာ့ ကားေပၚပါ ၄ ဦးဒဏ္ရာရတယ္။ ၄ ဦးအနက္တစ္ဦးကစုိးရိမ္ရတယ္လုိ႔သိရပါတယ္”ဟု"ေရႊေရာင္သမိုင္း"အေရးေပၚကယ္ဆယ္ေရးႏွင့္ လူမႈအေထာက္အကူျပဳဖြံ႕ၿဖိဳးေရးအသင္း (ERSSDO)မွဥကၠ႒ ကုိဇြဲရန္ႏုိင္ကေျပာသည္။

အဆုိပါဒဏ္ရာရရွိသူအမ်ဳိးသား ၄ ဦးမွာအင္းစိန္ေဆးရုံႀကီး၌ ေဆး၀ါးကုသမႈခံယူေနေၾကာင္း သိရသည္။

“ေအာက္မွာရွိေနတဲ့ လူ ၂ ေယာက္အေပၚကားကပိမိတယ္လုိ႔ေတာ့မၾကားပါဘူး။ အဲဒီကားေပၚမွာ ပါတဲ့အမ်ဳိးသား ၄ ဦးပဲဒဏ္ရာရွိတာပါ။ လူေသတာေတာ့ မရွိဘူးလုိ႔သိရတယ္။ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စခန္းမွာအမႈဖြင့္ထားပါတယ္။ အေသးစိတ္ကေတာ့ စုံစမ္းစစ္ေဆးေနတုန္းပဲရွိပါေသးတယ္။ ” ဟု အင္းစိန္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူရဲအရာရွိတစ္ဦးကေျပာသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီးအင္းစိန္ၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/ ၃၃၈ ျဖင့္ အမႈဖြင့္ထားေၾကာင္းသိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

ဓာတ္ပုံ- "ေရႊေရာင္သမိုင္း"အေရးေပၚကယ္ဆယ္ေရးႏွင့္ လူမႈအေထာက္အကူျပဳဖြံ႕ၿဖိဳးေရးအသင္း (ERSSDO)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။