Skip to main content
Avsadv
Ads Block
ရဲတပ်ဖွဲ့အနေဖြင့် အဆိုတော်ဖြိုးပြည့်စုံကို တရားဝင်တောင်းပန်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်ပြော
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အဆိုတော်ဖြိုးပြည့်စုံကို တရားဝင်တောင်းပန်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြောလိုက်သည်။
အဆိုတော်ဖြိုးပြည့်စုံအား မှားယွင်းဖမ်းဆီးခဲ့သည့်အပေါ် ယခုကဲ့သို့သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
ါနမ်ါနမါ
“ အမှားလုပ်ပြီးသွားရင်တော့ မှားသွားတဲ့အကြောင်းကိုတစ်ဖက်လူကျေနပ်အောင် တောင်းပန်ဖို့ လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ တစ်ဖက်ကတရားစွဲဆိုတာတို့၊ နစ်နာကြေးတောင်ဆိုတာတို့ တုံ့ပြန်မှုလုပ်လာရင် တပ်ဖွဲ့ဝင်တွေလည်း စိတ်ဓာတ်ကျမယ်။ လုပ်လည်းလုပ်ရသေးတယ်။ အကောင်းလည်းမမြင်ဘူးလို့ဖြစ်လာလိမ့်မယ်။ ဒီလိုအမှားမျိုးအတွက် တစ်ဖက်လူကျေနပ်အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဖြိုးပြည့်စုံနဲ့ပတ်သက်ပြီးအများသိအောင်ကြေငြာချက်ထုတ်ပေးသင့်တယ်။ အများအရှေ့မှာပဲကျေနပ်အောင်တောင်းပန်ပါတယ်ဆိုရင် နှစ်ဖက်လည်းဂုဏ်ရှိတာပေါ့။ အဲဒီလိုလုပ်သင့်တယ်လို့ မြင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။
နမါနမါနမါ
ဖြစ်စဉ်မှာရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြန်မာပလာဇာမြေနီထပ်ရှိ ကော်ဖီဆိုင်ရှေ့တွင် အောက်တိုဘာလ ၇ ရက်၊ ညနေ ၅ နာရီခွဲခန့်က သက်ဆိုင်ရာမူးယစ်တပ်ဖွဲ့ကသတင်းအရ စောင့်ဆိုင်းနေစဉ် အဆိုတော် ဖြိုးပြည့်စုံ၊ (၃၂)နှစ်၊ အဆိုတော်ရော်နီဆန်းလွင်၊ (၃၂)နှစ်နှင့် တေးရေးဆရာငြိမ်းချမ်းကို၊ (၂၄)နှစ်တို့ကိုတွေ့ရှိခဲ့သဖြင့် ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့စစ်ဆေးရာမှ မော်တော်ယာဉ်နောက်ခန်းအတွင်း A တံဆိပ်ပါ KETAMINE ဟုယူဆရသော ဖြူ ဝါရောင်ဆေးပြား ၁၀ ပြားရှာဖွေသိမ်းဆည်းရမိခဲ့သောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါသိမ်းဆည်းရမိခဲ့သည့်ပစ္စည်းများမှာ မူးယစ်ဆေးဝါးများမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့ ၃ ဦးကိုအောက်တိုဘာလ ၉ ရက်၊ နေ့လယ်ပိုင်းက ပြန်လွှတ်ပေးခဲ့သည်။
ရဲကျော်ထက်(အကုန်သိသတင်းဌာန)
Zawgyi Version
ဘမါဘလမနါမနျါ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။