Skip to main content
လိ်ဘလိ်ဘ
Ads Block

လူတစ်ဦး၏အဆင့်အတန်းကို ၎င်းပြောလိုက်သောစကားများအပေါ်အကဲဖြတ်ကြည့်ပါဟု ဦးရဲထွဋ်၏စာအုပ်နှင့် ပတ်သက်ပြီး သူရဦးရွှေမန်း ပြော

 

လူတစ်ဦး၏အဆင့်အတန်းနှင့်တန်ဖိုးကို ၎င်းပြောလိုက်သောစကားများအပေါ် အကဲဖြတ်ကြည့်ပါဟု ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ရေးသားထားသောစာအုပ်နှင့်ပတ်သက်ပြီး သူရဦးရွှေမန်းက ပြောလိုက်သည်။

ရန်ကုန်မြို့ရှိ City ဟိုတယ်တွင်အောက်တိုဘာလ ၁၁ ရက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ူါအုျမ္ပျ

“ တချို့လည်းလာပြောလို့ လာဖတ်ပြလို့ကြားလိုက်ရပါတယ်။ ဟိုးအရင်တုန်းကခေါင်းဆောင်ကြီးက ဒီလိုမှတ်ချက်ပြုတယ်။ သမ္မတဦးသိန်းစိန်ကလူပျော့၊ သူရဦးရွှေမန်းကတော့ သစ္စာဖောက်၊ ပြီးတဲ့အခါကျတော့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းကစီအိုင်အေ။ အဲဒီလိုပြောလိုက်တဲ့အတွက် အရင်နိုင်ငံကိုတာဝန်ယူတဲ့လူကြီးလည်း ကောင်းလား၊ မကောင်းဘူးလား။ သူ့ကိုဝန်ကြီးအဖြစ်တာဝန်ပေးခဲ့တဲ့ဦးသိန်းစိန်ကိုလူညံ့လို့ပြောတာကိုရော သင့်သလား၊ မသင့်ဘူးလား။ပြီးတော့တို့ကိုသစ္စာဖောက်လို့ပြောတာ ဘယ်သူကပြောတာလဲ။ သူကဒါရောကြားလို့လား။ အဲဒီလိုရေးတာရော သင့်သလား၊ မသင့်ဘူးလား။ ပြီးရင်သူနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဝန်ကြီး ၂ ပါးကို စီအိုင်အေလို့ပြောတာရောသင့်လား၊ မသင့်ဘူးလား။ဒါတွေကြည့်လိုက်မယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့အဆင့်အတန်း၊ သူ့ရဲ့တန်ဖိုးဟာသူ့ပြောလိုက်တဲ့စကားတွေအပေါ်မှာ အကဲဖြတ်ကြည့်ပါ’’ဟု သူရဦးရွှေမန်းကပြောသည်။

 

ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ရေးသားသည့်  “မြန်မာ့နိုင်ငံရေးအပြောင်းအလဲလက်လွတ်ခဲ့ရသည့် အခွင့်အရေးများ” စာအုပ်ထဲတွင် အထက်ပါအကြောင်းအရာများထည့်သွင်းရေးသားထားခြင်းဖြစ်ကြောင်း သိရသည်။

“လောလောဆယ်တော့ ဒီအပေါ်မှာတုံ့ပြန်တရားစွဲဖို့မရှိပါဘူး’’ ဟု သူရဦးရွှေမန်းက ထပ်မံပြောသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ်ဝန်ကြီးဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးရဲထွဋ်မှာ ပြန်ကြားရေးဝန်ကြီးဖြစ်၍ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

 မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

လူတစ္ဦး၏အဆင့္အတန္းကို ၄င္းေျပာလိုက္ေသာစကားမ်ားအေပၚအကဲျဖတ္ၾကည့္ပါဟု ဦးရဲထြဋ္၏စာအုပ္ႏွင့္ ပတ္သက္ၿပီး သူရဦးေရႊမန္း ေျပာ

လူတစ္ဦး၏အဆင့္အတန္းႏွင့္တန္ဖုိးကို ၄င္းေျပာလိုက္ေသာစကားမ်ားအေပၚ အကဲျဖတ္ၾကည့္ပါဟု ျပန္ၾကားေရး၀န္ႀကီးေဟာင္းဦးရဲထြဋ္ေရးသားထားေသာစာအုပ္ႏွင့္ပတ္သက္ၿပီး သူရဦးေရႊမန္းက ေျပာလိုက္သည္။

ရန္ကုန္ၿမိဳ႕ရွိ City ဟုိတယ္တြင္ေအာက္တုိဘာလ ၁၁ ရက္ကက်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ တခ်ိဳ႕လည္းလာေျပာလုိ႔ လာဖတ္ျပလုိ႔ၾကားလုိက္ရပါတယ္။ ဟုိးအရင္တုန္းကေခါင္းေဆာင္ႀကီးက ဒီလုိမွတ္ခ်က္ျပဳတယ္။ သမၼတဦးသိန္းစိန္ကလူေပ်ာ့၊ သူရဦးေရႊမန္းကေတာ့ သစၥာေဖာက္၊ ၿပီးတဲ့အခါက်ေတာ့ ဦးေအာင္မင္းနဲ႔ ဦးစုိးသိန္းကစီအုိင္ေအ။ အဲဒီလုိေျပာလုိက္တဲ့အတြက္ အရင္ႏုိင္ငံကုိတာ၀န္ယူတဲ့လူႀကီးလည္း ေကာင္းလား၊ မေကာင္းဘူးလား။ သူ႔ကုိ၀န္ႀကီးအျဖစ္တာ၀န္ေပးခဲ့တဲ့ဦးသိန္းစိန္ကုိလူညံ့လုိ႔ေျပာတာကုိေရာ သင့္သလား၊ မသင့္ဘူးလား။ၿပီးေတာ့တုိ႔ကုိသစၥာေဖာက္လုိ႔ေျပာတာ ဘယ္သူကေျပာတာလဲ။ သူကဒါေရာၾကားလုိ႔လား။ အဲဒီလုိေရးတာေရာ သင့္သလား၊ မသင့္ဘူးလား။ ၿပီးရင္သူနဲ႔လုပ္ေဖာ္ကုိင္ဖက္ျဖစ္တဲ့ ၀န္ႀကီး ၂ ပါးကုိ စီအုိင္ေအလုိ႔ေျပာတာေရာသင့္လား၊ မသင့္ဘူးလား။ဒါေတြၾကည့္လုိက္မယ္ဆုိရင္ေတာ့ လူတစ္ေယာက္ရဲ႕အဆင့္အတန္း၊ သူ႔ရဲ႕တန္ဖုိးဟာသူ႔ေျပာလုိက္တဲ့စကားေတြအေပၚမွာ အကဲျဖတ္ၾကည့္ပါ’’ဟု သူရဦးေရႊမန္းကေျပာသည္။

ျပန္ၾကားေရး၀န္ႀကီးေဟာင္းဦးရဲထြဋ္ေရးသားသည့္  “ျမန္မာ့ႏုိင္ငံေရးအေျပာင္းအလဲလက္လြတ္ခဲ့ရသည့္ အခြင့္အေရးမ်ား” စာအုပ္ထဲတြင္ အထက္ပါအေၾကာင္းအရာမ်ားထည့္သြင္းေရးသားထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ေလာေလာဆယ္ေတာ့ ဒီအေပၚမွာတုံ႔ျပန္တရားစြဲဖုိ႔မရွိပါဘူး’’ ဟု သူရဦးေရႊမန္းက ထပ္မံေျပာသည္။

သမၼတဦးသိန္းစိန္လက္ထက္တြင္ သမၼတရုံး၀န္ႀကီးအျဖစ္၀န္ႀကီးဦးစုိးသိန္းနွင့္ ဦးေအာင္မင္းတုိ႔ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး ဦးရဲထြဋ္မွာ ျပန္ၾကားေရး၀န္ႀကီးျဖစ္၍ သူရဦးေရႊမန္းသည္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သည္။

 မင္းသီဟန္(အကုန္သိသတင္းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။