Skip to main content
bxsgbszg
Ads Block

ပစ်ခတ်မှုများဖြစ်ပွားနေသည့်ဒေသများမှဒေသခံများ မဲပေးခွင့်ဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း သူရဦးရွှေမန်း ပြော

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေသည့်တိုင်းရင်းသားဒေသမှတိုင်းရင်းသားများ လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးခွင့်ဆုံးရှုံးမည်ကိုစိုးရိမ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောလိုက်သည်။

ရန်ကုန်မြို့ရှိ City ဟိုတယ်တွင် အောက်တိုဘာလ ၁၁ ရက်ကကျင်းပသော လူငယ်တွေ့ဆုံပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

nfdhndhdf

“ လာမည့် ၂၀၂၀ရွေးကောက်ပွဲမှာ ဒီနေ့ပစ်တိုက်ခိုက်မှုဖြစ်နေတဲ့တိုင်းရင်းသားဒေသတွေက တိုင်းရင်းသားတွေကမဲပေးခွင့်ဆုံးရှုံးမှာကိုစိုးရိမ်တယ်ဆိုတာကလည်းအမှန်ပဲဖြစ်ပါလိမ့်မယ်။ သို့သော် ဆုံးရှုံးမှုရှိ/မရှိဆိုတာကတော့ ဘယ်သူမှအတပ်မပြောနိုင်သေးပါဘူး။ ဒီကိစ္စကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံတော်အစိုးရမှာပဲတာဝန်ရှိတဲ့အတွက် သူတို့လည်းပဲတတ်နိုင်သမျှ တရားမျှတမှုရှိအောင်လုပ်ပေးမယ်လို့ ထင်ပါတယ်။ ဒါတော့စောင့်ကြည့်ရမဲ့အနေအထားပေါ့” ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၂၀၁၈ ခုနှစ်မှစတင်၍ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြားထိတွေ့မှုများရှိခဲ့ပြီး ရှမ်းပြည်နယ်အတွင်း ကွတ်ခိုင်၊ တာချီလိတ်၊ကျောက်မဲစသည့်နေရာအချို့တွင်ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တွင်ကျောက်တော်၊ မြောက်ဦး၊ စသည်နေရာတို့တွင် ထိတွေ့မှုများရှိခဲ့သည်။

dhdrhrdh

၂၀၂၀ ရွေးကောက်ပွဲတွင် တိုက်ပွဲဖြစ်ပွားနေသည့်တိုင်းရင်းသားဒေသများမပါဝင်ပါက လွတ်လပ်ပြီး တရားမျှတသည့်ပြီးပြည့်စုံသောရွေးကောက်ပွဲဟုပြောမရကြောင်း ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ်မူတည်ကြောင်း ဒီမိုကရက်တစ်ပါတီမြန်မာမှဥက္ကဋ္ဌ ဦးသုဝေကလည်း ပြောကြားထားသည်။

 မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

 

 

ပစ္ခတ္မႈမ်ားျဖစ္ပြားေနသည့္ေဒသမ်ားမွေဒသခံမ်ား မဲေပးခြင့္ဆုံးရႈံးမည္ကုိ စုိးရိမ္ေၾကာင္း သူရဦးေရႊမန္း ေျပာ

ပစ္ခတ္တုိက္ခုိက္မႈျဖစ္ပြားေနသည့္တုိင္းရင္းသားေဒသမွတုိင္းရင္းသားမ်ား လာမည့္ ၂၀၂၀ေရြးေကာက္ပြဲတြင္ မဲေပးခြင့္ဆုံးရႈံးမည္ကုိစုိးရိမ္ေၾကာင္း ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းက ေျပာလုိက္သည္။

ရန္ကုန္ၿမိဳ႕ရွိ City ဟုိတယ္တြင္ ေအာက္တုိဘာလ ၁၁ ရက္ကက်င္းပေသာ လူငယ္ေတြ႔ဆုံပြဲႏွင့္ စကား၀ုိင္းေဆြးေႏြးပြဲအၿပီးတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ လာမည့္ ၂၀၂၀ေရြးေကာက္ပြဲမွာ ဒီေန႔ပစ္တုိက္ခုိက္မႈျဖစ္ေနတဲ့တုိင္းရင္းသားေဒသေတြက တုိင္းရင္းသားေတြကမဲေပးခြင့္ဆုံးရႈံးမွာကုိစုိးရိမ္တယ္ဆုိတာကလည္းအမွန္ပဲျဖစ္ပါလိမ့္မယ္။ သုိ႔ေသာ္ ဆုံးရႈံးမႈရွိ/မရွိဆုိတာကေတာ့ ဘယ္သူမွအတပ္မေျပာႏုိင္ေသးပါဘူး။ ဒီကိစၥကေတာ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္နဲ႔ ႏုိင္ငံေတာ္အစုိးရမွာပဲတာ၀န္ရွိတဲ့အတြက္ သူတုိ႔လည္းပဲတတ္ႏုိင္သမွ် တရားမွ်တမႈရွိေအာင္လုပ္ေပးမယ္လုိ႔ ထင္ပါတယ္။ ဒါေတာ့ေစာင့္ၾကည့္ရမဲ့အေနအထားေပါ့” ဟု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းက ေျပာသည္။

ရခုိင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တုိ႔တြင္ ၂၀၁၈ ခုနွစ္မွစတင္၍ တပ္မေတာ္ႏွင့္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔တုိ႔အၾကားထိေတြ႔မႈမ်ားရွိခဲ့ၿပီး ရွမ္းျပည္နယ္အတြင္း ကြတ္ခုိင္၊ တာခ်ီလိတ္၊ေက်ာက္မဲစသည့္ေနရာအခ်ိဳ႕တြင္ျဖစ္ပြားခဲ့ၿပီး ရခုိင္ျပည္နယ္တြင္ေက်ာက္ေတာ္၊ ေျမာက္ဦး၊ စသည္ေနရာတုိ႔တြင္ ထိေတြ႔မႈမ်ားရွိခဲ့သည္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ တုိက္ပြဲျဖစ္ပြားေနသည့္တုိင္းရင္းသားေဒသမ်ားမပါ၀င္ပါက လြတ္လပ္ၿပီး တရားမွ်တသည့္ၿပီးျပည့္စုံေသာေရြးေကာက္ပြဲဟုေျပာမရေၾကာင္း ၊ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ဆုံးျဖတ္ခ်က္အေပၚမူတည္ေၾကာင္း ဒီမုိကရက္တစ္ပါတီျမန္မာမွဥကၠ႒ ဦးသုေ၀ကလည္း ေျပာၾကားထားသည္။

 မင္းသီဟန္(အကုန္သိသတင္းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။