Skip to main content
လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက မဲဆန္ဒနယ် ၃၀၀ နီးပါး၌ယှဉ်ပြိုင်မည်
Ads Block

လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက မဲဆန္ဒနယ် ၃၀၀ နီးပါး၌ယှဉ်ပြိုင်မည်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးပြင်ဆင်နေပြီး မဲဆန္ဒနယ် ၃၀၀ နီးပါး၌ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောပြချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ City ဟိုတယ်တွင် အောက်တိုဘာလ ၁၁ ရက်ကကျင်းပသော လူငယ်တွေ့ဆုံပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲအောင်နိုင်ဖို့က ဒီအချိန်ကစပြီးပြင်ဆင်နေပြီ။ အဲဒီလိုပြင်ဆင်တဲ့နေရာမှာ ပါတီအင်အား တိုးပွားရေးနဲ့ ပါတီအောင်နိုင်ရေးကိစ္စကို ဒီအချိန်ကစပြီးပြင်ဆင်နေပါတယ်။ ပြင်ဆင်ပြီးတဲ့အခါမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၀ ကျော်၊ ၃၀၀ နီးပါးခန့်ဝင်မှာဖြစ်ပါတယ်။ အဲဒီလိုဝင်တဲ့နေရာမှာလည်း တစ်နေရာချင်းစီ အနိုင်ရရှိဖို့နဲ့ မိမိတို့အနိမ့်ဆုံးရည်မှန်းချက်နဲ့ အမြင့်မားဆုံးမျှော်လင့်ချက်များကိုလည်း စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မည်သည့်မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည်ကို ရွေးကောက်ပွဲနီးပါကအသိပေးထုတ်ပြန်မည်ဟု ဆက်လက်ပြောကြားသည်။

“မဲရခြင်း၊ မရခြင်းမျှော်လင့်ချက်ကတော့ ပြည်သူလူထုမိမိအပေါ် နားလည်ယုံကြည်ထားတယ်ဆိုရင် အဲဒီလိုနားလည်ယုံကြည်ထားတဲ့မဲများအားလုံးကိုမျှော်လင့်ထားပါတယ်။ တပ်မတော်ကမဲရဖို့ဆိုတာလည်း တပ်မတော်ဆိုတာ ပြည်သူတွေထဲကအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်”ဟု ၎င်းကထပ်မံပြောကြားသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

လာမည့္ေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီက မဲဆႏၵနယ္ ၃၀၀ နီးပါး၌ယွဥ္ၿပိဳင္မည္

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲေအာင္ႏုိင္ေရးျပင္ဆင္ေနၿပီး မဲဆႏၵနယ္ ၃၀၀ နီးပါး၌ ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္း ေျပာျပခ်က္အရ သိရသည္။

ရန္ကုန္ၿမိဳ႕ရွိ City ဟုိတယ္တြင္ ေအာက္တုိဘာလ ၁၁ ရက္ကက်င္းပေသာ လူငယ္ေတြ႔ဆုံပြဲႏွင့္ စကား၀ုိင္းေဆြးေႏြးပြဲအၿပီး သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေရြးေကာက္ပြဲေအာင္ႏုိင္ဖုိ႔က ဒီအခ်ိန္ကစၿပီးျပင္ဆင္ေနၿပီ။ အဲဒီလုိျပင္ဆင္တဲ့ေနရာမွာ ပါတီအင္အား တုိးပြားေရးနဲ႔ ပါတီေအာင္ႏုိင္ေရးကိစၥကုိ ဒီအခ်ိန္ကစၿပီးျပင္ဆင္ေနပါတယ္။ ျပင္ဆင္ၿပီးတဲ့အခါမွာ ၂၀၂၀ ေရြးေကာက္ပြဲမွာ ၂၀၀ ေက်ာ္၊ ၃၀၀ နီးပါးခန္႔၀င္မွာျဖစ္ပါတယ္။ အဲဒီလုိ၀င္တဲ့ေနရာမွာလည္း တစ္ေနရာခ်င္းစီ အႏုိင္ရရွိဖုိ႔နဲ႔ မိမိတုိ႔အနိမ့္ဆုံးရည္မွန္းခ်က္နဲ႔ အျမင့္မားဆုံးေမွ်ာ္လင့္ခ်က္မ်ားကုိလည္း စတင္ေဆာင္ရြက္ေနၿပီ ျဖစ္ပါတယ္’’ ဟု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းက ေျပာသည္။

လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ၄င္းကုိယ္တုိင္၀င္ေရာက္ယွဥ္ၿပဳိင္မည္ျဖစ္ေသာ္လည္း မည္သည့္မဲဆႏၵနယ္မွ၀င္ေရာက္ယွဥ္ၿပဳိင္မည္ကုိ ေရြးေကာက္ပြဲနီးပါကအသိေပးထုတ္ျပန္မည္ဟု ဆက္လက္ေျပာၾကားသည္။

“မဲရျခင္း၊ မရျခင္းေမွ်ာ္လင့္ခ်က္ကေတာ့ ျပည္သူလူထုမိမိအေပၚ နားလည္ယုံၾကည္ထားတယ္ဆုိရင္ အဲဒီလုိနားလည္ယုံၾကည္ထားတဲ့မဲမ်ားအားလုံးကုိေမွ်ာ္လင့္ထားပါတယ္။ တပ္မေတာ္ကမဲရဖုိ႔ဆုိတာလည္း တပ္မေတာ္ဆုိတာ ျပည္သူေတြထဲကအစိတ္အပုိင္းတစ္ခုပဲျဖစ္ပါတယ္”ဟု ၄င္းကထပ္မံေျပာၾကားသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။