Skip to main content
“ကာလုံ”အဖွဲ့၏ လုပ်ငန်းတာဝန်များကို ပြည်သူများသိရှိရန်လိုအပ်ကြောင်း သူရဦးရွှေမန်း ပြော
Ads Block

“ကာလုံ”အဖွဲ့၏ လုပ်ငန်းတာဝန်များကို ပြည်သူများသိရှိရန်လိုအပ်ကြောင်း သူရဦးရွှေမန်း ပြော

ကာလုံ(အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ)၏ လုပ်ငန်းတာဝန်များကို ပြည်သူများသိရှိရန်လိုအပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လေ့လာနိုင်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ City ဟိုတယ်တွင် အောက်တိုဘာလ ၁၁ ရက်ကကျင်းပသော လူငယ်တွေ့ဆုံပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကာလုံ(ခေါ်)နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့အစည်းကိစ္စမေးသွားတဲ့အတွက် မိမိတို့နိုင်ငံသားတွေ ကာလုံဆိုတာဘာလဲ။ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ကဘာလဲ။ သူ့ရဲ့လုပ်ငန်းတာဝန်က ဘာလဲ။ ဒါတွေသိထားဖို့လိုပါတယ်။ အဲဒီကာလုံနဲ့ပတ်သက်လို့ သိချင်တယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ သက်ဆိုင်ရာအခန်းရှိပါတယ်။ အဲဒီမှာဖတ်ကြည့်တဲ့အခါ ကာလုံဟာဘာလဲ။ ကာလုံရဲ့တာဝန်ကဘာလဲ။ အဲဒါတွေသိလိုက်ပြီးတဲ့အခါမှာကာလုံကဘယ်အချိန်မှာလုပ်ရမှာလဲဆိုတာ သိရှိသွားမယ်ဆိုရင် ဒီနေ့ပြောဆိုအငြင်းပွားမှုတွေဟာမလိုဘဲကျယ်ပြန့်လာစရာအကြောင်းမရှိပါဘူး။ အဲဒီလိုကာလုံအကြောင်းပြောနေကြတဲ့သူများဟာ ကာလုံဆိုတာဘာလဲ။ ကာလုံရဲ့ဝတ္တရားတွေဟာ ဘာလဲဆိုတာသိထားလို့ရှိရင် ပိုပြိးကောင်းမယ်လို့ အကြံပေးပါရစေ” ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း- ၁၁၊ ပုဒ်မ- ၄၁၀ တွင်တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်ထောင်စု နယ်မြေတစ်ခုတွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတစ်ခုတွင်ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းများနှင့်အညီဆောင်ရွက်နိုင်စွမ်းမရှိကြောင်းသိရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းကတင်ပြလျှင်သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သည့်အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်ဟု ဖော်ပြပါရှိသည်။

ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကိုခေါ်ယူသင့်ပြီး တိုင်းပြည်တွင်ဖြစ်ပေါ်နေသော အကြောင်းအရာများကို အတူတကွဆွေးနွေးတိုင်ပင်သွားသင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီကပြောကြားထားသည်။

တပ်မတော်စစ်သမိုင်းပြတိုက်တွင် စက်တင်ဘာလ ၂၈ ရက်ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက “စစ်ဖြစ်မှ ကာလုံခေါ်မှာလား” ဟု မေးခွန်းထုတ်ခဲ့သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန) 

Zawgyi Version

“ကာလံု”အဖြဲ႔၏ လုပ္ငန္းတာ၀န္မ်ားကို ျပည္သူမ်ားသိရွိရန္လိုအပ္ေၾကာင္း သူရဦးေရႊမန္း ေျပာ

ကာလံု(အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ)၏ လုပ္ငန္းတာ၀န္မ်ားကို ျပည္သူမ်ားသိရွိရန္လိုအပ္ၿပီး ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒတြင္ ေလ့လာႏိုင္ေၾကာင္း ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းက ေျပာၾကားသည္။

ရန္ကုန္ၿမိဳ႕ရွိ City ဟုိတယ္တြင္ ေအာက္တုိဘာလ ၁၁ ရက္ကက်င္းပေသာ လူငယ္ေတြ႔ဆုံပြဲႏွင့္ စကား၀ုိင္းေဆြးေႏြးပြဲအၿပီး သတင္းစာရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ားသုိ႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ ကာလုံ(ေခၚ)ႏုိင္ငံေတာ္ကာကြယ္ေရးနဲ႔လုံၿခဳံေရးအဖြဲ႔အစည္းကိစၥေမးသြားတဲ့အတြက္ မိမိတုိ႔ႏုိင္ငံသားေတြ ကာလုံဆုိတာဘာလဲ။ ႏုိင္ငံေတာ္ကာကြယ္ေရးနဲ႔လုံၿခဳံေရးအဖြဲ႔ကဘာလဲ။ သူ႔ရဲ႕လုပ္ငန္းတာ၀န္က ဘာလဲ။ ဒါေတြသိထားဖုိ႔လုိပါတယ္။ အဲဒီကာလုံနဲ႔ပတ္သက္လုိ႔ သိခ်င္တယ္ဆုိရင္ေတာ့ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒထဲမွာ သက္ဆုိင္ရာအခန္းရွိပါတယ္။ အဲဒီမွာဖတ္ၾကည့္တဲ့အခါ ကာလုံဟာဘာလဲ။ ကာလုံရဲ႕တာ၀န္ကဘာလဲ။ အဲဒါေတြသိလုိက္ၿပီးတဲ့အခါမွာကာလုံကဘယ္အခ်ိန္မွာလုပ္ရမွာလဲဆုိတာ သိရွိသြားမယ္ဆုိရင္ ဒီေန႔ေျပာဆုိအျငင္းပြားမႈေတြဟာမလုိဘဲက်ယ္ျပန္႔လာစရာအေၾကာင္းမရွိပါဘူး။ အဲဒီလုိကာလုံအေၾကာင္းေျပာေနၾကတဲ့သူမ်ားဟာ ကာလုံဆုိတာဘာလဲ။ ကာလုံရဲ႕၀တၱရားေတြဟာ ဘာလဲဆုိတာသိထားလုိ႔ရွိရင္ ပုိၿပိးေကာင္းမယ္လုိ႔ အႀကံေပးပါရေစ” ဟု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းကေျပာသည္။

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒ၊ အခန္း- ၁၁၊ ပုဒ္မ- ၄၁၀ တြင္တုိင္းေဒသႀကီးတစ္ခုတြင္ျဖစ္ေစ၊ ျပည္ေထာင္စု နယ္ေျမတစ္ခုတြင္ျဖစ္ေစ၊ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရစီရင္စုတစ္ခုတြင္ျဖစ္ေစ အုပ္ခ်ဳပ္ေရးဆုိင္ရာလုပ္ငန္းမ်ားကုိ ဖြဲ႔စည္းပုံအေျခခံဥပေဒပါ ျပဌာန္းမ်ားနွင့္အညီေဆာင္ရြက္ႏုိင္စြမ္းမရွိေၾကာင္းသိရွိလွ်င္ေသာ္လည္းေကာင္း၊ သက္ဆုိင္ရာေဒသအာဏာပုိင္အဖြဲ႔အစည္းကတင္ျပလွ်င္ေသာ္လည္းေကာင္း၊ ႏုိင္ငံေတာ္သမၼတသည္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီႏွင့္ညွိနႈိင္းၿပီး ဥပေဒကဲ့သုိ႔အာဏာတည္သည့္အမိန္႔ထုတ္ျပန္၍ အေရးေပၚအေျခအေနေၾကညာႏုိင္သည္ဟု ေဖာ္ျပပါရွိသည္။

ကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအစည္းအေ၀းကုိေခၚယူသင့္ၿပီး တုိင္းျပည္တြင္ျဖစ္ေပၚေနေသာ အေၾကာင္းအရာမ်ားကုိ အတူတကြေဆြးေႏြးတုိင္ပင္သြားသင့္ေၾကာင္း ျပည္ခုိင္ၿဖဳိးပါတီဗဟုိအလုပ္အမႈေဆာင္ ဦးခင္ရီကေျပာၾကားထားသည္။

တပ္မေတာ္စစ္သမုိင္းျပတုိက္တြင္ စက္တင္ဘာလ ၂၈ ရက္က်င္းပေသာသတင္းစာရွင္းလင္းပြဲတြင္လည္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီဒုဥကၠ႒ ဗုိလ္ခ်ဳပ္ထြန္းထြန္းညီက “စစ္ျဖစ္မွ ကာလုံေခၚမွာလား” ဟု ေမးခြန္းထုတ္ခဲ့သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။