Skip to main content
၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးရသည့်အကြောင်းအရင်းကို စုံစမ်းနေ 
Ads Block

၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးရသည့်အကြောင်းအရင်းကို စုံစမ်းနေ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်တွင်နေထိုင်သူ ၁၈ နှစ်အရွယ်အမျိုးသမီး ကြိုးဆွဲချသေဆုံးရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတွင်နေထိုင်သည့် စက်မှုတက္ကသိုလ် ပထမနှစ်ကျောင်းသူ မဇွန်ဖြူလင်း၊ (၁၈)နှစ်သည် အောက်တိုဘာလ ၁၀ ရက်၊ ည ၇ နာရီခန့်က ၎င်းနေအိမ် အိပ်ခန်းအတွင်းပုဆိုးကိုအသုံးပြုကာ ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ သိရသည်။

“သေဆုံးသွားတဲ့ကောင်မလေးက စက်မှုတက္ကသိုလ်မှာတက်နေတဲ့ ပထမနှစ်ကျောင်သူလေးလို့ သိရတယ်။ ကောင်မလေးက ယောက်ျားလျာလေးပါ။ သူကအိမ်နဲ့လည်းဘာပြဿနာမှမရှိဘူးလို့သိရတယ်။ သူမသေဆုံးခင်မှာ လွန်ခဲ့တဲ့တစ်လကျော်လောက်ကဆုံးသွားတဲ့ သူအဘွားကလာလာခေါ်တယ်ဆိုပြီး ညညအိမ်မက်မက်ပြီး ထထအော်တာမျိုးတွေရှိတယ်လို့ သိရတယ်။ ဘာဖြစ်လို့အခုလိုသေသွားတယ် ဆိုတာတော့ မသိရသေးပါဘူး”ဟု လွိုင်ကော်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါသေဆုံးသူမိန်းကလေးတွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ အလောင်းကို လွိုင်ကော် ပြည်သူ့ဆးရုံကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။

အထက်ပါသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် လွိုင်ကော်မြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၉)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

၁၈ ႏွစ္အရြယ္အမ်ိဳးသမီးတစ္ဦးႀကိဳးဆြဲခ်ေသဆံုးရသည့္အေၾကာင္းအရင္းကို စံုစမ္းေန

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕၊ နာနတ္ေတာရပ္ကြက္တြင္ေနထုိင္သူ ၁၈ ႏွစ္အရြယ္အမ်ိဳးသမီး ႀကိဳးဆြဲခ်ေသဆံုးရသည့္အေၾကာင္းအရင္းကို စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ လြိဳင္ေကာ္ၿမိဳ႕၊ နာနတ္ေတာရပ္ကြက္၊ ဗုိလ္မင္းေရာင္လမ္းတြင္ေနထုိင္သည့္ စက္မႈတကၠသုိလ္ ပထမႏွစ္ေက်ာင္းသူ မဇြန္ျဖဴလင္း၊ (၁၈)ႏွစ္သည္ ေအာက္တုိဘာလ ၁၀ ရက္၊ ည ၇ နာရီခန္႔က ၄င္းေနအိမ္ အိပ္ခန္းအတြင္းပုဆုိးကုိအသုံးျပဳကာ ႀကဳိးဆြဲခ်ေသဆုံးေနသည္ကိုေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

“ေသဆုံးသြားတဲ့ေကာင္မေလးက စက္မႈတကၠသုိလ္မွာတက္ေနတဲ့ ပထမႏွစ္ေက်ာင္သူေလးလုိ႔ သိရတယ္။ ေကာင္မေလးက ေယာက္်ားလ်ာေလးပါ။ သူကအိမ္နဲ႔လည္းဘာျပႆနာမွမရွိဘူးလုိ႔သိရတယ္။ သူမေသဆုံးခင္မွာ လြန္ခဲ့တဲ့တစ္လေက်ာ္ေလာက္ကဆုံးသြားတဲ့ သူအဘြားကလာလာေခၚတယ္ဆုိၿပီး ညညအိမ္မက္မက္ၿပီး ထထေအာ္တာမ်ဳိးေတြရွိတယ္လုိ႔ သိရတယ္။ ဘာျဖစ္လုိ႔အခုလုိေသသြားတယ္ ဆုိတာေတာ့ မသိရေသးပါဘူး”ဟု လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။

အဆုိပါေသဆုံးသူမိန္းကေလးတြင္ ျပင္ပဒဏ္ရာတစ္စုံတစ္ရာမရွိဘဲ အေလာင္းကုိ လြိဳင္ေကာ္ ျပည္သူ႔ဆးရုံႀကီးရွိ ရင္ခြဲရုံသုိ႔ပုိ႔ေဆာင္ထားေၾကာင္းသိရသည္။

အထက္ပါေသဆုံးမႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဓမၼတာအတုိင္းေသဆုံးျခင္းဟုတ္/မဟုတ္သိရွိႏုိင္ရန္ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္း၌ ေသမႈေသခင္းအမွတ္စဥ္(၁၆/၂၀၁၉)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။