Skip to main content
“ ဒီပုတ်ထဲကဒီပဲဆိုပေမဲ့ ဦးရွှေမန်းလို ပဲမျိုးဘယ်မှာရှိမလဲ” ဟု  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း မေးခွန်းထုတ်  မိမိကဲ့သို့စစ်သားမျိုး မည်မျှရှိသနည်းဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက မေးခွန်းထုတ်လိုက်သည်။  ရန်ကုန်မြို့ရှိ City ဟိုတယ်တွင် အောက်တိုဘာလ ၁၁ ရက်ကကျင်းပသော လူငယ်တွေ့ဆုံစကားဝိုင်း အပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။  “ ဘာနဲ့ပြောရမလဲဆိုလုပ်ရပ်နဲ့ပဲပြောရမှာပေါ့။ ဒီပုတ်ထဲကဒီပဲဆိုပေမဲ့ ဒီလိုဦးရွှေမန်းလိုပဲမျိုးဘယ်မှာရှိလဲ။ ဟုတ်တယ်။ အဲဒီပုတ်ထဲကပဲ
Ads Block

“ ဒီပုတ်ထဲကဒီပဲဆိုပေမဲ့ ဦးရွှေမန်းလို ပဲမျိုးဘယ်မှာရှိမလဲ” ဟု  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း မေးခွန်းထုတ် မိမိကဲ့သို့စစ်သားမျိုး မည်မျှရှိသနည်းဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက မေးခွန်းထုတ်လိုက်သည်။ ရန်ကုန်မ

မိမိကဲ့သို့စစ်သားမျိုး မည်မျှရှိသနည်းဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက မေးခွန်းထုတ်လိုက်သည်။

ရန်ကုန်မြို့ရှိ City ဟိုတယ်တွင် အောက်တိုဘာလ ၁၁ ရက်ကကျင်းပသော လူငယ်တွေ့ဆုံစကားဝိုင်း အပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဘာနဲ့ပြောရမလဲဆိုလုပ်ရပ်နဲ့ပဲပြောရမှာပေါ့။ ဒီပုတ်ထဲကဒီပဲဆိုပေမဲ့ ဒီလိုဦးရွှေမန်းလိုပဲမျိုးဘယ်မှာရှိလဲ။ ဟုတ်တယ်။ အဲဒီပုတ်ထဲကပဲတော့မှန်တယ်။ ဦးရွှေမန်းလိုပဲဘယ်မှာရှိလဲ။ စစ်သားလေ။ ဦးရွှေမန်းလိုစစ်သား ဘယ်နှစ်ယောက်ဒီလိုရှိလဲ။ ပြီးတဲ့အခါမှာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလို့ ဟစ်ကြွေးပြောဆိုနေတဲ့လူတွေ ရှိပါတယ်။ တကယ်တမ်းဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ အဆင်ပြေချောမွေ့စေရေးအတွက် ဦးရွှေမန်းဘာတွေလုပ်ခဲ့သလဲ။ ဦးရွှေမန်းလိုစစ်သားတွေကရောဘယ်နှစ်ယောက်ပါခဲ့သလဲ။ ဟုတ်ပြီ။ အဲဒီလိုဆိုရင်တော့ စစ်သားမဟုတ်တဲ့အရပ်သားတွေကရော ဦးရွှေမန်းလိုဘယ်လိုလုပ်ခဲ့သလဲ။ အဲဒီတော့ ဒီပုတ်ထဲကဒီပဲ။ ပဲချင်းတော့မတူဘူး။ပိုးထိုးတဲ့ ပဲနဲ့သန့်စင်တဲ့ပဲတော့မတူနိုင်ဘူးလေ” ဟု သူရဦးရွှေမန်းက ပြောသည်။

သူရဦးရွှေမန်းသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီလက်ထက်တွင် စစ်ဗိုလ်ချုပ်ကြီးရာထူးဖြင့် လည်းကောင်း၊ သမ္မတဦးသိန်းစိန်လက်ထက်တွင် လွှတ်တော်ဥက္ကဋ္ဌ ရာထူးဖြင့်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌအနေဖြင့်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအမည်ဖြင့် နိုင်ငံရေးပါတီတစ်ရပ်ကိုထူထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ခွင့်ပြုခဲ့သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

“ ဒီပုတ္ထဲကဒီပဲဆုိေပမဲ့ ဦးေရႊမန္းလုိ ပဲမ်ိဳးဘယ္မွာရွိမလဲ” ဟု  ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္း ေမးခြန္းထုတ္

မိမိကဲ့သုိ႔စစ္သားမ်ိဳး မည္မွ်ရွိသနည္းဟု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းက ေမးခြန္းထုတ္လုိက္သည္။

ရန္ကုန္ၿမိဳ႕ရွိ City ဟုိတယ္တြင္ ေအာက္တုိဘာလ ၁၁ ရက္ကက်င္းပေသာ လူငယ္ေတြ႔ဆုံစကား၀ုိင္း အၿပီးသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ ဘာနဲ႔ေျပာရမလဲဆုိလုပ္ရပ္နဲ႔ပဲေျပာရမွာေပါ့။ ဒီပုတ္ထဲကဒီပဲဆုိေပမဲ့ ဒီလုိဦးေရႊမန္းလုိပဲမ်ိဳးဘယ္မွာရွိလဲ။ ဟုတ္တယ္။ အဲဒီပုတ္ထဲကပဲေတာ့မွန္တယ္။ ဦးေရႊမန္းလုိပဲဘယ္မွာရွိလဲ။ စစ္သားေလ။ ဦးေရႊမန္းလုိစစ္သား ဘယ္နွစ္ေယာက္ဒီလုိရွိလဲ။ ၿပီးတဲ့အခါမွာဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲေရးလုိ႔ ဟစ္ေၾကြးေျပာဆုိေနတဲ့လူေတြ ရွိပါတယ္။ တကယ္တမ္းဒီမုိကေရစီျပဳျပင္ေျပာင္းလဲေရးနဲ႔ အဆင္ေျပေခ်ာေမြ႔ေစေရးအတြက္ ဦးေရႊမန္းဘာေတြလုပ္ခဲ့သလဲ။ ဦးေရႊမန္းလုိစစ္သားေတြကေရာဘယ္ႏွစ္ေယာက္ပါခဲ့သလဲ။ ဟုတ္ၿပီ။ အဲဒီလုိဆုိရင္ေတာ့ စစ္သားမဟုတ္တဲ့အရပ္သားေတြကေရာ ဦးေရႊမန္းလုိဘယ္လုိလုပ္ခဲ့သလဲ။ အဲဒီေတာ့ ဒီပုတ္ထဲကဒီပဲ။ ပဲခ်င္းေတာ့မတူဘူး။ပုိးထုိးတဲ့ ပဲနဲ႔သန္႔စင္တဲ့ပဲေတာ့မတူႏုိင္ဘူးေလ” ဟု သူရဦးေရႊမန္းက ေျပာသည္။

သူရဦးေရႊမန္းသည္ နုိင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံၿဖဳိးေရးေကာင္စီလက္ထက္တြင္ စစ္ဗုိလ္ခ်ဳပ္ႀကီးရာထူးျဖင့္ လည္းေကာင္း၊ သမၼတဦးသိန္းစိန္လက္ထက္တြင္ လႊတ္ေတာ္ဥကၠ႒ ရာထူးျဖင့္လည္းေကာင္း၊ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္အစုိးရလက္ထက္တြင္ ဥပေဒေရးရာနွင့္ အထူးကိစၥရပ္မ်ားေလ့လာဆန္းစစ္သုံးသပ္ေရးေကာ္မရွင္ဥကၠ႒အေနျဖင့္လည္းေကာင္း တာ၀န္မ်ား ထမ္းေဆာင္ခဲ့သည္။

ထို႔ေနာက္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအမည္ျဖင့္ ႏုိင္ငံေရးပါတီတစ္ရပ္ကုိထူေထာင္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၂၅ ရက္တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ႏုိင္ငံေရးပါတီတစ္ရပ္အေနျဖင့္ ခြင့္ျပဳခဲ့သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။