Skip to main content
ညအချိန်ဖားထွက်ရိုက်သူကို ရန်ငြိုးရှိသူနှစ်ဦးက စကေဘာဖြင့်ထိုးသတ်မှုဖြစ်ပွား
Ads Block

ညအချိန်ဖားထွက်ရိုက်သူကို ရန်ငြိုးရှိသူနှစ်ဦးက စကေဘာဖြင့်ထိုးသတ်မှုဖြစ်ပွား

လွန်ခဲ့သည် ၃ လကျော်ကဖြစ်ပွားခဲ့သောရန်ငြိုးကြောင့် ဆယ်ကျော်သက်အရွယ်လူငယ်ချင်းဓားထိုးလူသတ်မှုဖြစ်စဉ်တစ်ခု လက်ပံတန်းမြို့နယ်တွင်ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ညအချိန်ဖားထွက်ရိုက်သူကို ရန်ငြိုးရှိသူနှစ်ဦးက စကေဘာဖြင့်ထိုးသတ်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်မင်းရပ်ရပ်ကွက်တွင်နေထိုင်သော မင်းအောင်ခန့်(၁၈)နှစ်မှာ အောက်တိုဘာလ ၁၀ ရက်၊ ည ၁၁ နာရီခန့်တွင်ဓားထိုးခံရသဖြင့် ဆေးရုံရောက်နေကြောင်း သတင်းပေးချက်ကြောင့် မိသားစုဝင်များကလက်ပံတန်းဆေးရုံသို့ညတွင်းချင်းသွားရောက်ခဲ့သော်လည်း သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူ မင်းအောင်ခန့်(၁၈)နှစ်ကိုဆေးရုံသို့လိုက်ပါပို့ဆောင်ပေးသည့် သူငယ်ချင်းအောင်သူဖြိုး(၁၇)နှစ်ဆိုသူ၏ ပြောပြချက်အရ ၎င်းတို့သည်ညအချိန်တွင် မင်းရပ်ကွက်အတွင်းရှိ လမ်းမတော်လမ်းအတိုင်း ည ၁၀ နာရီတွင် ဖားရိုက်နေကြစဉ် ဆိုင်ကယ်စီးလာသူနှစ်ဦးရောက်ရှိလာပြီးဆဲဆိုသည့်အပြင် ဆိုင်ကယ်အတွင်းပါလာသောစကေဘာဓားဖြင့် ထိုးသွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ယင်းအတွက်ကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ကပြစ်မှုကျူးလွန်သူနှစ်ဦးကိုစုံစမ်းခဲ့ရာ သေဆုံးသူနှင့်တစ်ရပ်ကွက်တည်းသားချင်းများဖြစ်ကြသော စောညိုဝင်း(၂၃)နှင့် ချမ်းမြေ့အောင်(၁၆)နှစ်တို့ဖြစ်ကြပြီး ညတွင်းချင်းဖမ်းဆီးပေးနိုင်ခဲ့သည်။

လွန်ခဲ့သော ၃ လခန့်ကသေဆုံးသူမင်းအောင်ခန့်နှင့်ရန်ငြိုးရန်စရှိဖူးသဖြင့် အခင်းဖြစ်သည့်အချိန်တွင် ဆိုင်ကယ်နှင့်ဖြတ်အလာ ဖားရိုက်နေသည့်မင်းအောင်ခန့်ကိုတွေ့ရာမှ ဆိုင်ကယ်အတွင်းပါလာသည့်စကေဘာကို ချမ်းမြေ့အောင်(၁၆)နှစ်က ထုတ်ယူပေးပြီး စောညိုဝင်း(၂၃)နှစ်က ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏စစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ကြသည့် ချမ်းမြေ့အောင်(၁၆)နှစ်နှင့် စောညိုဝင်း(၂၃)နှစ်တို့နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ - ၃၀၂/၁၁၄ တို့ဖြင့် လက်ပံတန်းမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဒါးဇ(အကုန်သိသတင်းဌာန)

Zawgyi Version

ညအခ်ိန္ဖားထြက္ရိုက္သူကို ရန္ၿငိဳးရွိသူႏွစ္ဦးက စေကဘာျဖင့္ထိုးသတ္မႈျဖစ္ပြား

လြန္ခဲ့သည္ ၃ လေက်ာ္ကျဖစ္ပြားခဲ့ေသာရန္ၿငိဳးေၾကာင့္ ဆယ္ေက်ာ္သက္အရြယ္လူငယ္ခ်င္းဓားထိုးလူသတ္မႈျဖစ္စဥ္တစ္ခု လက္ပံတန္းၿမိဳ႕နယ္တြင္ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ပဲခူးတိုင္းေဒသႀကီး၊ လက္ပံတန္းၿမိဳ႕နယ္မင္းရပ္ရပ္ကြက္တြင္ေနထုိင္ေသာ မင္းေအာင္ခန္႔(၁၈)ႏွစ္မွာ ေအာက္တိုဘာလ ၁၀ ရက္၊ ည ၁၁ နာရီခန္႔တြင္ဓားထိုးခံရသျဖင့္ ေဆးရံုေရာက္ေနေၾကာင္း သတင္းေပးခ်က္ေၾကာင့္ မိသားစု၀င္မ်ားကလက္ပံတန္းေဆးရံုသို႔ညတြင္းခ်င္းသြားေရာက္ခဲ့ေသာ္လည္း ေသဆံုးသြားခဲ့ၿပီျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ေသဆံုးသူ မင္းေအာင္ခန္႔(၁၈)ႏွစ္ကိုေဆးရံုသို႔လိုက္ပါပို႔ေဆာင္ေပးသည့္ သူငယ္ခ်င္းေအာင္သူၿဖိဳး(၁၇)ႏွစ္ဆိုသူ၏ ေျပာျပခ်က္အရ ၎တို႔သည္ညအခ်ိန္တြင္ မင္းရပ္ကြက္အတြင္းရွိ လမ္းမေတာ္လမ္းအတိုင္း ည ၁၀ နာရီတြင္ ဖားရိုက္ေနၾကစဥ္ ဆိုင္ကယ္စီးလာသူႏွစ္ဦးေရာက္ရွိလာၿပီးဆဲဆိုသည့္အျပင္ ဆိုင္ကယ္အတြင္းပါလာေသာစေကဘာဓားျဖင့္ ထိုးသြားခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

ယင္းအတြက္ေၾကာင့္ အေရးယူေပးရန္တိုင္ၾကားခဲ့သျဖင့္ ရဲတပ္ဖြဲ႔ကျပစ္မႈက်ဴးလြန္သူႏွစ္ဦးကိုစံုစမ္းခဲ့ရာ ေသဆံုးသူႏွင့္တစ္ရပ္ကြက္တည္းသားခ်င္းမ်ားျဖစ္ၾကေသာ ေစာညိဳ၀င္း(၂၃)ႏွင့္ ခ်မ္းေျမ့ေအာင္(၁၆)ႏွစ္တို႔ျဖစ္ၾကၿပီး ညတြင္းခ်င္းဖမ္းဆီးေပးႏုိင္ခဲ့သည္။

လြန္ခဲ့ေသာ ၃ လခန္႔ကေသဆံုးသူမင္းေအာင္ခန္႔ႏွင့္ရန္ၿငိဳးရန္စရွိဖူးသျဖင့္ အခင္းျဖစ္သည့္အခ်ိန္တြင္ ဆိုင္ကယ္ႏွင့္ျဖတ္အလာ ဖားရိုက္ေနသည့္မင္းေအာင္ခန္႔ကိုေတြ႔ရာမွ ဆိုင္ကယ္အတြင္းပါလာသည့္စေကဘာကို ခ်မ္းေျမ့ေအာင္(၁၆)ႏွစ္က ထုတ္ယူေပးၿပီး ေစာညိဳ၀င္း(၂၃)ႏွစ္က ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏စစ္ေဆးခ်က္မွတ္တမ္းအရ သိရသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ ျပစ္မႈက်ဴးလြန္ၾကသည့္ ခ်မ္းေျမ့ေအာင္(၁၆)ႏွစ္ႏွင့္ ေစာညိဳ၀င္း(၂၃)ႏွစ္တို႔ႏွစ္ဦးကို ရာဇသတ္ႀကီးပုဒ္မ - ၃၀၂/၁၁၄ တို႔ျဖင့္ လက္ပံတန္းၿမိဳ႕မရဲစခန္း၌ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဒါးဇ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။