Skip to main content
Ads Block

အရင်နှစ်ထက် ပိုမိုကုန်သွယ်ခဲ့ပေမဲ့ သွင်းကုန်မှုတန်ဖိုးလျော့ကျမှုကြုံနေရ

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ကုန်သွယ်ရေးစခန်းတွေအတွက် မြဝတီနယ်စပ်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရဲ့ ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကထက်ပိုမိုကုန်သွယ်ခဲ့ပေမဲ့  ပြည်တွင်းဈေးကွက်သွင်းကုန်တန်ဖိုးမှာ ယခင်နှစ်ကထက် လျော့ကျခဲ့ကြောင်းစီးပွားကူးသန်းဌာန က ထုတ်ပြန်တဲ့ ကုန်သွယ်မှု စာရင်းတွေအရသိရ ပါတယ်။

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကုန်ဆုံးချိန် စက်တင်ဘာလ ၃၀ရက် နေ့ထိ မြဝတီနယ်စပ်စခန်းမှ ကုန်သွယ်မှုပမာဏမှာ ပို့ကုန်ရော သွင်းကုန်ပါ အမေရိကန်ဒေါ်လာ (၉၆၇ .၂၀၀ သန်း) ကုန်သွယ်နိုင်ခဲ့တဲ့ အတွက် ယခင်ဘဏ္ဍနှစ် ကအမေရိကန်ဒေါ်လာ (၉၀၉.၂၉၂)သန်း ထက် (၅၇.၉၀၈)သန်း ပိုမိုကုန်သွယ်ခဲ့ တာပါ။

ဒါပေမဲ့ ယခင်နှစ်ထက် ကုန်စည်စီးဆင်းမှ ုတွေ များခဲ့ပေမယ့်ထိုင်းကုန်ပစ္စည်းတွေ တရားဝင်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ (၇၅၅. ၅၄၈)သန်းသာ ကုန်သွယ်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်က ကုန်သွယ်ခဲ့တဲ့ ဒေါ်လာ(၈၁၇ .၃၄၆ သန်း) ထက် ဒေါ်လာ (၆၁.၇၉၈)သန်း လျော့ကျခဲ့ပါတယ်။

 

ရိုက်ကူး - ကိုကိုကြီး(မြဝတီ) တည်းဖြတ် - သူရိန်

Zawgyi Version

 





 


အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။