Skip to main content
BPI စက်ရုံမှူးအမှု ရုပ်သိမ်းခွင့်ပြု/မပြု နိုဝင်ဘာလ ၇ ရက်တွင်အမိန့်ချမှတ်မည်
Ads Block

BPI စက်ရုံမှူးအမှု ရုပ်သိမ်းခွင့်ပြု/မပြု နိုဝင်ဘာလ ၇ ရက်တွင်အမိန့်ချမှတ်မည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ခံထားရသော BPI စက်ရုံမှူးဒေါက်တာအောင်ဇော်အမှုကို ရုပ်သိမ်းခွင့်ပြု/မပြုနှင့်ပတ်သက်၍ နိုဝင်ဘာလ ၇ ရက်တွင်အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းတရားလွှတ်တော်၌ ယနေ့(အောက်တိုဘာလ ၁၀ ရက်)က ရုံးထုတ်စစ်ဆေးခဲ့သည်။  

“ ဒီနေ့ကျွန်တော်တို့တရားရုံးမှာ ဒီအမှုနဲ့ပတ်သက်ပြီးအမူရုပ်သိမ်းခွင့်တင်ခဲ့တယ်။ တရားရုံးကလည်း လက်ခံပါတယ်။ အမူရုပ်သိမ်းခွင့်နဲ့ပတ်သက်ပြီး ၃၀ ရက်နေ့မှာနှစ်ဖက်ကြားနာမယ်။ ပြီးရင်နိုဝင်ဘာလ ၇ ရက်နေ့မှာ ရုပ်သိမ်းခွင့်ပြု/မပြုအမိန့်ချမှာဖြစ်ပါတယ်” ဟု ဒေါက်တာအောင်ဇော်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့်ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောသည်။

ထို့အပြင် ယနေ့ရုံးချိန်းတွင် ဒေါက်တာအောင်ဇော်အတွက် အာမခံလျှောက်ထားခဲ့သော်လည်း အာမခံမရရှိကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ ဆေးဝါးထုပ်ပိုးပစ္စည်းများထုတ်လုပ်ရန် ကော်စေ့ ၂၆ တန်ကိုလုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သောကြောင့် နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကိုထိခိုက်နစ်နာဆုံးရှုံးစေသည်ဟုဆိုကာ စက်တင်ဘာလ ၆ ရက်က BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

BPI စက္႐ုံမွဴးအမႈ ႐ုပ္သိမ္းခြင့္ျပဳ/မျပဳ ႏုိ၀င္ဘာလ ၇ ရက္တြင္အမိန္႔ခ်မွတ္မည္

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္အမႈဖြင့္ခံထားရေသာ BPI စက္ရံုမွဴးေဒါက္တာေအာင္ေဇာ္အမႈကို ႐ုပ္သိမ္းခြင့္ျပဳ/မျပဳႏွင့္ပတ္သက္၍ ႏုိ၀င္ဘာလ ၇ ရက္တြင္အမိန္႔ခ်မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ ရန္ကုန္တုိင္းတရားလႊတ္ေတာ္၌ ယေန႔(ေအာက္တုိဘာလ ၁၀ ရက္)က ရံုးထုတ္စစ္ေဆးခဲ့သည္။  

“ ဒီေန႔ကြၽန္ေတာ္တုိ႔တရား႐ုံးမွာ ဒီအမႈနဲ႔ပတ္သက္ၿပီးအမူ႐ုပ္သိမ္းခြင့္တင္ခဲ့တယ္။ တရား႐ုံးကလည္း လက္ခံပါတယ္။ အမူ႐ုပ္သိမ္းခြင့္နဲ႔ပတ္သက္ၿပီး ၃၀ ရက္ေန႔မွာႏွစ္ဖက္ၾကားနာမယ္။ ၿပီးရင္ႏုိ၀င္ဘာလ ၇ ရက္ေန႔မွာ ႐ုပ္သိမ္းခြင့္ျပဳ/မျပဳအမိန္႔ခ်မွာျဖစ္ပါတယ္” ဟု ေဒါက္တာေအာင္ေဇာ္ဘက္မွ လုိက္ပါေဆာင္ရြက္ေပးသည့္ဥပေဒအၾကံေပးဦးခင္ေမာင္ျမင့္က ေျပာသည္။

ထုိ႔အျပင္ ယေန႔႐ုံးခ်ိန္းတြင္ ေဒါက္တာေအာင္ေဇာ္အတြက္ အာမခံေလွ်ာက္ထားခဲ့ေသာ္လည္း အာမခံမရ႐ွိေၾကာင္း သိရသည္။

အမႈျဖစ္စဥ္မွာ ေဆးဝါးထုပ္ပိုးပစၥည္းမ်ားထုတ္လုပ္ရန္ ေကာ္ေစ့ ၂၆ တန္ကိုလုပ္ထုံးလုပ္နည္းႏွင့္မညီဘဲ ၀ယ္ယူခဲ့ေသာေၾကာင့္ ႏိုင္ငံေတာ္၏ ေငြေၾကးႏွင့္ပစၥည္းကိုထိခိုက္နစ္နာဆုံးရႈံးေစသည္ဟုဆုိကာ စက္တင္ဘာလ ၆ ရက္က BPI စက္ရံုမွဴး ေဒါက္တာေအာင္ေဇာ္အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။