Skip to main content
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ ၅ သန်းခန့်ထပ်မံတိုးလာမည်
Ads Block

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ ၅ သန်းခန့်ထပ်မံတိုးလာမည်

လာမည့် ၂၀၂၀ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်ဦးရေ ၅ သန်းခန့် တိုးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

၂၀၂၀ ခုနှစ်တွင်ကျင်းပမည့်အထွေထွေရွေးကော်ပွဲတွင်မဲပေးပိုင်ခွင့်ရှိသူဦးရေစာရင်းကောက်ယူနေမှုများနှင့် ပတ်သက်ပြီး အကုန်သိသတင်းဌာန၏မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။

“ မှန်းထားတာကတော့ ၅ သန်းလောက်တိုးမယ်လို့ခန့်မှန်းထားတယ်။ အခုတော့ စာရင်းတွေ ပြန်ပြုစုနေတယ်။ ထုတ်ပြန်တာတော့ရွေးကောက်ပွဲနီးမှထုတ်ပြန်မယ်။ အရင်ရွေးကောက်ပွဲတွေတုန်းကလို ၂ ကြိမ် ထုတ်ပြန်ပေးသွားမှာပါ” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

ပြီးခဲ့သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်းရှိခဲ့ကြောင်း သိရသည်။

လာမည့်အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်ကုန်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်တော်တွင်ကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

Zawgyi Version








အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။