Skip to main content
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပနေချိန် တစ်ဖက်တွင်လည်း ဗုံးသံ၊ သေနတ်သံများတိတ်ရန် ဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော
Ads Block

ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပနေချိန် တစ်ဖက်တွင်လည်း ဗုံးသံ၊ သေနတ်သံများတိတ်ရန် ဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနေချိန်တွင် တစ်ဖက်တွင်လည်း ဗုံးသံ၊ သေနတ်သံများ တိတ်ရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း PPST ၏ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အောက်တိုဘာလ ၁၀ ရက်၊ နံနက်ပိုင်းက ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးတွင် ပြောခြင်းဖြစ်သည်။

“၂၀၂၀ ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အနည်းနဲ့အများ ရိုက်ခတ်သက်ရောက်နိုင်တဲ့အတွက် ဒီကာလတွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်တဲ့အခါ အသိတရား၊ သတိတရားနဲ့ ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေချိန်မှာ တစ်ဖက်မှာလည်း ဗုံးသံ၊ သေနတ်သံတွေတိတ်ဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လိုမဖြစ်ဖို့ အရေးကြီးပါတယ်” ဟု PPST ၏ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

အဆိုပါအစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်အတွင်း အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းက လုံခြုံရေးနှင့် အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန် သိန္နီမြို့ကို ဖြတ်သန်းသွားလာခဲ့သည့် တပ်မတော်ယာဉ်တန်းအား TNLA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ TNLA အဖွဲ့သည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တပ်မတော်ဘက်မှ အရာရှိ/စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- NCA-S EAO

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

Zawgyi Version

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားက်င္းပေနခ်ိန္ တစ္ဖက္တြင္လည္း ဗုံးသံ၊ ေသနတ္သံမ်ားတိတ္ရန္ ေဆာင္ရြက္ရမည္ဟု ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ေျပာ

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား၊ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ား က်င္းပေနခ်ိန္တြင္ တစ္ဖက္တြင္လည္း ဗုံးသံ၊ ေသနတ္သံမ်ား တိတ္ရန္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း PPST ၏ ယာယီအဖြဲ႔ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာသည္။

ထုိင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕၌ ေအာက္တိုဘာလ ၁၀ ရက္၊ နံနက္ပိုင္းက က်င္းပသည့္ တစ္ႏုိင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္လက္မွတ္ေရးထုိးထားေသာ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းမ်ား (NCA-S EAO)၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔(PPST) အစည္းအေဝးတြင္ ေျပာျခင္းျဖစ္သည္။

“၂၀၂၀ ေရြးေကာက္ပြဲဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚ အနည္းနဲ႔အမ်ား ရိုက္ခတ္သက္ေရာက္ႏိုင္တဲ့အတြက္ ဒီကာလေတြမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေဆာင္ရြက္တဲ့အခါ အသိတရား၊ သတိတရားနဲ႔ ေဆာင္ရြက္ဖို႔ အထူးလိုအပ္ပါတယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ၊ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ က်င္းပေနခ်ိန္မွာ တစ္ဖက္မွာလည္း ဗုံးသံ၊ ေသနတ္သံေတြတိတ္ဖို႔ ေဆာင္ရြက္ရမွာျဖစ္ပါတယ္။ မီးစတစ္ဖက္၊ ေရမႈတ္တစ္ဖက္လိုမျဖစ္ဖို႔ အေရးႀကီးပါတယ္” ဟု PPST ၏ ယာယီအဖြဲ႔ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာသည္။

အဆိုပါအစည္းအေဝးကို ေအာက္တိုဘာလ ၁၀ ရက္မွ ၁၂ ရက္အထိ ဆက္လက္က်င္းပသြားမည္ျဖစ္ေၾကာင္း လည္း သိရသည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အခ်ဳိ႕တြင္ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္(AA)တို႔ တိုက္ပြဲျဖစ္ပြားေနဆဲ ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သိႏၷီီၿမိဳ႕နယ္အတြင္း ေအာက္တိုဘာလ ၉ ရက္၊ နံနက္ပိုင္းက လံုၿခံဳေရးႏွင့္ အုပ္ခ်ဳပ္မႈကိစၥမ်ားေဆာင္ရြက္ရန္ သိႏၷီၿမိဳ႕ကို ျဖတ္သန္းသြားလာခဲ့သည့္ တပ္မေတာ္ယာဥ္တန္းအား TNLA အဖြဲ႔က လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ TNLA အဖြဲ႔သည္ ေျမာက္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ၿပီး တပ္မေတာ္ဘက္မွ အရာရွိ/စစ္သည္အခ်ိဳ႕ က်ဆံုး၊ ထိခိုက္ဒဏ္ရာရရွိမႈမ်ားရွိခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရုံးမွ သတင္းထုတ္ျပန္ထားသည္။

ဓာတ္ပုံ- NCA-S EAO

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။