Skip to main content
ဝင်းနှင့်ဇော်တို့အတွက်အသနားခံစာကို ထိုင်းဘုရင်ထံ အောက်တိုဘာလ ၂၁ ရက်၌တင်မည်
Ads Block

ဝင်းနှင့်ဇော်တို့အတွက်အသနားခံစာကို ထိုင်းဘုရင်ထံ အောက်တိုဘာလ ၂၁ ရက်၌တင်မည်

ဝင်းနှင့်ဇော်တို့အတွက်အသနားခံစာကို ထိုင်းဘုရင်ထံ အောက်တိုဘာလ ၂၁ ရက်၌တင်သွားမည်ဖြစ်ကြောင်း အဆိုပါအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

ဝင်းနှင့်ဇော်တို့အား ထိုင်းဗဟိုတရားရုံးက သေဒဏ်ကိုသာအတည်ပြုထားသဖြင့် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန်သာ အခွင့်အရေးရှိတော့ကြောင်း သိရသည်။

“ အခုအောက်တိုဘာလ ၂၁ ရက်မှာတင်ပြသွားမှာပါ။အခုကတော့ အကြမ်းမျဉ်းတော့ပြီးသွားပါပြီ။ အချောသပ်ဖို့ပဲကျန်တော့ပါတယ်။ အောက်တိုဘာလ ၈ ရက်က သံအမတ်ကြီးနဲ့တွေတယ်။ ၉ ရက်မှာ ထိုင်းရှေ့နေများကောင်စီနဲ့တွေ့ဆုံပြီး ရှေ့ဆက်လုပ်ရမယ့်လုပ်ငန်းစဉ်တွေဆွေးနွေးတာတွေ၊ ထောင်ဝင်စာတွေ့တာတွေဆောင်ရွက်ထားပါတယ်” ဟု ရှေ့နေဦးအောင်မျိုးသန့်ကပြောသည်။

ဝင်းနှင့်ဇော် အမှုပေါ့လျော့ရေးအတွက် ထိုင်းဘုရင်မင်းမြတ်ထံအသနားခံစာတင်ပြရာတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအနေဖြင့် ကလေးနှစ်ဦး၏ နိုင်ငံသားဖြစ်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ရာဇဝတ်မှု ကင်းလွတ်ခြင်းအပြင်၊ မုဆိုးမမိခင်နှစ်ဦးကိုလုပ်ကိုင်ကျွေးမွေးနေသည့်သားနှစ်ဦးဖြစ်ခြင်း စသည့်တို့ကို ရေးသားကာ အသနားခံစာနှင့်အတူပူးတွဲတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်ရှိခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ပြီးခဲ့သော ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား (၂) ဦးဖြစ်သော Hannah Witheridge ၊ (၂၃)နှစ်နှင့် David Miller ၊ (၂၄)နှစ်တို့ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါအသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသား ၂ ဦးဖြစ်သောဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်တွင် သေဒဏ်ချခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့သေဒဏ်ချမှတ်ခြင်းကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်တွင် ကော့စမွေတရားရုံးမှတစ်ဆင့် အဆင့်မြင့်ထိုင်းအယူခံတရားရုံးသို့ နောက်ဆုံးအယူခံတင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ မတ်လ (၂၃) ရက်၌ ထိုင်းအဆင့်မြင့်တရားရုံးသို့ နောက်ဆုံးအယူခံတင်သွင်းခဲ့ပြီး ထိုင်းအဆင့်မြင့်တရားရုံးကလည်းသေဒဏ်ကိုသာ ဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

Zawgyi Version

ဝင္းႏွင့္ေဇာ္တို႔အတြက္အသနားခံစာကို ထုိင္းဘုရင္ထံ ေအာက္တုိဘာလ ၂၁ ရက္၌တင္မည္

ဝင္းႏွင့္ေဇာ္တို႔အတြက္အသနားခံစာကို ထုိင္းဘုရင္ထံ ေအာက္တုိဘာလ ၂၁ ရက္၌တင္သြားမည္ျဖစ္ေၾကာင္း အဆိုပါအမႈကိုလုိက္ပါေဆာင္ရြက္ေပးေနသည့္ ေရွ႕ေနဦးေအာင္မ်ိဳးသန္႔က ေျပာသည္။

၀င္းႏွင့္ေဇာ္တို႔အား ထိုင္းဗဟိုတရားရုံးက ေသဒဏ္ကိုသာအတည္ျပဳထားသျဖင့္ ထုိင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္ရန္သာ အခြင့္အေရးရွိေတာ့ေၾကာင္း သိရသည္။

“ အခုေအာက္တုိဘာလ ၂၁ ရက္မွာတင္ျပသြားမွာပါ။အခုကေတာ့ အၾကမ္းမ်ဥ္းေတာ့ၿပီးသြားပါၿပီ။ အေခ်ာသပ္ဖုိ႔ပဲက်န္ေတာ့ပါတယ္။ ေအာက္တုိဘာလ ၈ ရက္က သံအမတ္ႀကီးနဲ႔ေတြတယ္။ ၉ ရက္မွာ ထုိင္းေရွ႕ေနမ်ားေကာင္စီနဲ႔ေတြ႔ဆံုၿပီး ေရွ႕ဆက္လုပ္ရမယ့္လုပ္ငန္းစဥ္ေတြေဆြးေႏြးတာေတြ၊ ေထာင္ဝင္စာေတြ႔တာေတြေဆာင္ရြက္ထားပါတယ္” ဟု ေရွ႕ေနဦးေအာင္မ်ိဳးသန္႔ကေျပာသည္။

ဝင္းႏွင့္ေဇာ္ အမႈေပါ့ေလ်ာ့ေရးအတြက္ ထုိင္းဘုရင္မင္းျမတ္ထံအသနားခံစာတင္ျပရာတြင္ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္ႀကီးအေနျဖင့္ ကေလးႏွစ္ဦး၏ ႏုိင္ငံသားျဖစ္ျခင္း၊ အက်င့္စာရိတၱေကာင္းမြန္ျခင္း၊ ရာဇဝတ္မႈ ကင္းလြတ္ျခင္းအျပင္၊ မုဆုိးမမိခင္ႏွစ္ဦးကိုလုပ္ကိုင္ေကၽြးေမြးေနသည့္သားႏွစ္ဦးျဖစ္ျခင္း စသည့္တုိ႔ကို ေရးသားကာ အသနားခံစာႏွင့္အတူပူးတြဲတင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံေတာင္ပိုင္း၊ ဆူရတ္ဌာနီခရိုင္ရွိခိုေတာင္ကၽြန္း (လိပ္ကၽြန္း)တြင္ ၿပီးခဲ့ေသာ ၂၀၁၄ ခုႏွစ္၊ ႏွစ္ကုန္ပိုင္းက ၿဗိတိန္ႏိုင္ငံသား (၂) ဦးျဖစ္ေသာ Hannah Witheridge ၊ (၂၃)ႏွစ္ႏွင့္ David Miller ၊ (၂၄)ႏွစ္တို႔ အသတ္ခံခဲ့ရျခင္း ျဖစ္သည္။

အဆိုပါအသတ္ခံရမႈႏွင့္ပတ္သက္၍ ျမန္မာႏုိင္ငံသား ၂ ဦးျဖစ္ေသာေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔အား ေကာ္စမြီခ႐ုိင္တရား႐ုံးက ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလ (၂၄) ရက္တြင္ ေသဒဏ္ခ်ခဲ့ျခင္းျဖစ္သည္။

ယင္းကဲ့သို႔ေသဒဏ္ခ်မွတ္ျခင္းကို ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ (၂၁) ရက္တြင္ ေကာ့စေမြတရားရံုးမွတစ္ဆင့္ အဆင့္ျမင့္ထုိင္းအယူခံတရားရံုးသို႔ ေနာက္ဆံုးအယူခံတင္ခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္၊ မတ္လ (၂၃) ရက္၌ ထိုင္းအဆင့္ျမင့္တရားရံုးသို႔ ေနာက္ဆံုးအယူခံတင္သြင္းခဲ့ၿပီး ထုိင္းအဆင့္ျမင့္တရားရုံးကလည္းေသဒဏ္ကိုသာ ဆက္လက္အတည္ျပဳခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။