Skip to main content
ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်လိုအပ်သော အခြေခံအုတ်မြစ်များချမှတ်အတည်ပြုရန်လိုအပ်ဟု ဆို
Ads Block

ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်လိုအပ်သော အခြေခံအုတ်မြစ်များချမှတ်အတည်ပြုရန်လိုအပ်ဟု ဆို

ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သည့်အခြေခံအုတ်မြစ်များကို ၂၁ ရာစုပင်လုံတွင် ချမှတ်အတည်ပြုထားရန်လိုအပ်ကြောင်း PPST ၏ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အောက်တိုဘာလ ၁၀ ရက်၊ နံနက်ပိုင်းက ကျင်းပသော “ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး” ၌ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 “ရှေ့လုပ်ငန်းစဉ်ချမှတ်ရာမှာ အားလုံးပါဝင်နိုင်ရေးကို တတ်နိုင်သမျှဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ နိုင်ငံတကာအရေးတို့နဲ့ လိုက်လျောညီထွေဖြစ်မယ့် ရှေ့လုပ်ငန်းစဉ်ကို ချမှတ်ရမှာဖြစ်ပါတယ်။ ၂၀၂၀ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတဲ့အတွက် ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်တဲ့အခြေခံအုတ်မြစ်တွေ ၂၁ ရာစုပင်လုံမှာ ချမှတ်အတည်ပြုထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် လမ်းဖြောင့်ဖြူးသွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

အဆိုပါအစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လက တတိယအကြိမ်အဖြစ်ကျင်းပခဲ့ပြီးနောက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် အပစ် ရပ် ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ၏ ၁၀+၁၀ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅-၁၆ ရက်များတွင် ပြုလုပ်ခဲ့ရာ မကျေလည်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့မကျေလည်မှုများ ဖြစ်ပွားခဲ့သည့်အတွက် KNU သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင်အစည်းအဝေးများ တက်ရောက်နေခြင်းမှ ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီး RCSS ကလည်း JMC အဆင့်ဆင့်အစည်းအဝေးများ တက်ရောက်နေခြင်းကိုယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ကြောင်း သိရသည်။

ယင်းသို့အခြေအနေများကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံအစည်းအဝေးကို မကျင်းပနိုင်ခဲ့သည်မှာ ၁ နှစ်ကျော်ကြာလာခဲ့ပြီးနောက် လာမည့် ၂၀၂၀ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ပြန်လည်ကျင်းပရန် အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့တို့ကြား သဘောတူထားခဲ့ကြောင်း သိရသည်။

လာမည့်စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေး၌ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များက ဖက်ဒရယ်အခြေခံမူများအား စုစည်းနိုင်ရေးကို မျှော်လင့်ထားပြီး ယင်းအခြေခံမူ များရရှိရေးအတွက် လက်ရှိတွင် အလုပ်အဖွဲ့အစည်းအဝေးများကျင်းပ၍ ကြိုတင်ညှိနှိုင်းနေကြောင်း သိရသည်။

ဓာတ်ပုံ- NCA-S EAO

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

Zawgyi Version

ေရြးေကာက္ပြဲမတိုင္မီ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ရန္လိုအပ္ေသာ အေျခခံအုတ္ျမစ္မ်ားခ်မွတ္အတည္ျပဳရန္လိုအပ္ဟု ဆို

ေရြးေကာက္ပြဲမတိုင္မီ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ လိုအပ္သည့္အေျခခံအုတ္ျမစ္မ်ားကို ၂၁ ရာစုပင္လုံတြင္ ခ်မွတ္အတည္ျပဳထားရန္လိုအပ္ေၾကာင္း PPST ၏ ယာယီအဖြဲ႔ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာသည္။

ထုိင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕၌ ေအာက္တိုဘာလ ၁၀ ရက္၊ နံနက္ပိုင္းက က်င္းပေသာ “ တစ္ႏုိင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္လက္မွတ္ေရးထုိးထားေသာ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းမ်ား(NCA-S EAO)၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔(PPST) အစည္းအေဝး” ၌ အဖြင့္မိန္႔ခြန္းေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

 “ေရွ႕လုပ္ငန္းစဥ္ခ်မွတ္ရာမွာ အားလုံးပါဝင္ႏိုင္ေရးကို တတ္ႏိုင္သမွ်ေဆာင္ရြက္ဖို႔ လိုအပ္ပါတယ္။ ႏိုင္ငံေရး၊ စစ္ေရး၊ ၿငိမ္းခ်မ္းေရး၊ စီးပြားေရး၊ ႏိုင္ငံတကာအေရးတို႔နဲ႔ လိုက္ေလ်ာညီေထြျဖစ္မယ့္ ေရွ႕လုပ္ငန္းစဥ္ကို ခ်မွတ္ရမွာျဖစ္ပါတယ္။ ၂၀၂၀ မွာ အေထြေထြေရြးေကာက္ပြဲ က်င္းပဖို႔ရွိေနတဲ့အတြက္ ေရြးေကာက္ပြဲမတိုင္မီ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ လိုအပ္တဲ့အေျခခံအုတ္ျမစ္ေတြ ၂၁ ရာစုပင္လုံမွာ ခ်မွတ္အတည္ျပဳထားဖို႔ လိုအပ္ပါတယ္။ ဒါမွသာ ၂၀၂၀ အလြန္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးလုပ္ငန္းစဥ္အတြက္ လမ္းေျဖာင့္ျဖဴးသြားမွာျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာသည္။

အဆိုပါအစည္းအေဝးကို ေအာက္တိုဘာလ ၁၀ ရက္မွ ၁၂ ရက္အထိ ဆက္လက္က်င္းပသြားမည္ျဖစ္ေၾကာင္း လည္း သိရသည္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံကို ပထမအႀကိမ္အျဖစ္ ၂၀၁၆ ခုႏွစ္က ျပဳလုပ္ခဲ့ၿပီး ဒုတိယအႀကိမ္ႏွင့္ တတိယအႀကိမ္ကို ၂၀၁၇ ခုႏွစ္ႏွင့္ ၂၀၁၈ ခုႏွစ္တို႔တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ဇူလိုင္လက တတိယအႀကိမ္အျဖစ္က်င္းပခဲ့ၿပီးေနာက္ အစိုးရ၊ တပ္မေတာ္၊ လႊတ္ေတာ္ႏွင့္ အပစ္ ရပ္ ၁၀ ဖြဲ႔မွ ထိပ္သီးေခါင္းေဆာင္မ်ား၏ ၁၀+၁၀ အစည္းအေဝးကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅-၁၆ ရက္မ်ားတြင္ ျပဳလုပ္ခဲ့ရာ မေက်လည္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔မေက်လည္မႈမ်ား ျဖစ္ပြားခဲ့သည့္အတြက္ KNU သည္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ တရားဝင္အစည္းအေဝးမ်ား တက္ေရာက္ေနျခင္းမွ ယာယီရပ္ဆိုင္းေၾကာင္း ေၾကညာခဲ့ၿပီး RCSS ကလည္း JMC အဆင့္ဆင့္အစည္းအေဝးမ်ား တက္ေရာက္ေနျခင္းကိုယာယီရပ္ဆိုင္းေၾကာင္း ေၾကညာခဲ့ေၾကာင္း သိရသည္။

ယင္းသို႔အေျခအေနမ်ားေၾကာင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစုပင္လုံအစည္းအေဝးကို မက်င္းပႏိုင္ခဲ့သည္မွာ ၁ ႏွစ္ေက်ာ္ၾကာလာခ့ဲၿပီးေနာက္ လာမည့္ ၂၀၂၀ ခုႏွစ္၊ ႏွစ္ဆန္းပိုင္းတြင္ ျပန္လည္က်င္းပရန္ အစိုးရႏွင့္ အပစ္ရပ္ ၁၀ ဖြဲ႔တို႔ၾကား သေဘာတူထားခဲ့ေၾကာင္း သိရသည္။

လာမည့္စတုတၳအႀကိမ္ ၂၁ ရာစုပင္လုံညီလာခံအစည္းအေဝး၌ အစိုးရႏွင့္ NCA လက္မွတ္ေရးထိုးထားသည့္ ၁၀ ဖြဲ႔မွ ကိုယ္စားလွယ္မ်ားက ဖက္ဒရယ္အေျခခံမူမ်ားအား စုစည္းႏိုင္ေရးကို ေမွ်ာ္လင့္ထားၿပီး ယင္းအေျခခံမူ မ်ားရရွိေရးအတြက္ လက္ရွိတြင္ အလုပ္အဖြဲ႔အစည္းအေဝးမ်ားက်င္းပ၍ ႀကိဳတင္ညွိႏိႈင္းေနေၾကာင္း သိရသည္။

ဓာတ္ပုံ- NCA-S EAO

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။