Skip to main content
ဗိုလ်ချုပ်ရုပ်ရှင်ကို ဗမာဒါရိုက်တာကရိုက်ကူးခြင်းဖြစ်သဖြင့် ဗမာအဆင့်သာရှိမည်ဟု NLD ပါတီမှ မုံရွာအောင်ရှင် မှတ်ချက်ပြု
Ads Block

ဗိုလ်ချုပ်ရုပ်ရှင်ကို ဗမာဒါရိုက်တာကရိုက်ကူးခြင်းဖြစ်သဖြင့် ဗမာအဆင့်သာရှိမည်ဟု NLD ပါတီမှ မုံရွာအောင်ရှင် မှတ်ချက်ပြု

ဗိုလ်ချုပ်ရုပ်ရှင်မကောင်းပါက ဒါရိုက်တာသာ အပြစ်ပြောခံရမည်ဖြစ်ကြောင်း NLD ပါတီ၊ ဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က မှတ်ချက်ပြုပြောကြားသည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ဗမာဒါရိုက်တာကရိုက်ကူးခြင်းဖြစ်သဖြင့် ဗမာအဆင့်သာရှိမည်ဟု NLD ပါတီမှ မုံရွာအောင်ရှင် မှတ်ချက်ပြု

ဗိုလ်ချုပ်ရုပ်ရှင်နှင့်ပတ်သက်၍ အကုန်သိသတင်းဌာနက အောက်တိုဘာ ၁၀ ရက်၌ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ဖြေကြားပေးခြင်းဖြစ်သည်။

“ အခုအထိတော့ ဒါရိုက်တာကတာဝန်ယူရမှာပေါ့ဗျာ။ ကောင်းတယ်ဆိုလည်း ဒါရိုက်တာပဲချီးကျူးခံရမှာပေါ့။ မကောင်းဘူးဆိုလည်း ဒါရိုက်တာပဲအပြစ်ပြောခံရမှာပေါ့။ ကျွန်တော်ထင်တာတော့ လူတွေကမျှော်လင့်တဲ့ အစိတ်အပိုင်းတွေရှိသလိုပဲ မမျှော်လင့်တဲ့အစိတ်အပိုင်းတွေလည်းရှိတယ်ဗျ။ အခုဟာက ဘယ်လောက်အထိ ပီပြင်နေသလဲ။ ဘယ်လောက်အထိအနုပညာပါသလဲမသိရသေးဘူးလေ။ ကျွန်တော့်အမြင်ကတော့ ဗမာဒါရိုက်တာ ရိုက်တာကတော့ဗမာအဆင့်ပဲရှိမှာပေါ့ဗျာ” ဟု NLD ပါတီ၊ ဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောသည်။

ဗိုလ်ချုပ်အတ္တုပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်တွင်စတင်ဖွဲ့စည်းခဲ့သည်။

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရန် ကနဦးကျပ်သိန်းတစ်သောင်းခွဲခန့်မှန်းကုန်ကျစရိတ်အဖြစ်သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်တွင် အခန်းစဉ် ၁၁၇ ခန်းပါဝင်သော ဇာတ်လမ်းအခန်းစဉ်စာအုပ်ကိုရေးသားပြုစု ပြီးစီးခဲ့သည်။

မူလပထမတွင် ဒါရိုက်တာမင်းထင်ကိုကိုကြီးက တာဝန်ယူရိုက်ကူးရန် စီစဉ်ခဲ့သော်လည်း ယင်းနောက်တွင် သရုပ်ဆောင်အကယ်ဒမီလူမင်းအား ဒါရိုက်တာအဖြစ်ရိုက်ကူးစေခဲ့ပြီး ၎င်းဇာတ်ကားကို သမိုင်းအဖြစ်မဟုတ်ဘဲ ရုပ်ရှင်အဖြစ်သာရိုက်ကူးသွားမည်ဖြစ်ကြောင်း ဒါရိုက်တာလူမင်းက အင်တာဗျူးတစ်ခုတွင်ဖြေကြားခဲ့သည်။


မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

ဗိုလ္ခ်ဳပ္ရုပ္ရွင္ကို ဗမာဒါရိုက္တာကရိုက္ကူးျခင္းျဖစ္သျဖင့္ ဗမာအဆင့္သာရွိမည္ဟု NLD ပါတီမွ မုံရြာေအာင္ရွင္ မွတ္ခ်က္ျပဳ

ဗိုလ္ခ်ဳပ္ရုပ္ရွင္မေကာင္းပါက ဒါရိုက္တာသာ အျပစ္ေျပာခံရမည္ျဖစ္ေၾကာင္း NLD ပါတီ၊ ဗဟုိျပန္ၾကားေရးမွ အတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္က မွတ္ခ်က္ျပဳေျပာၾကားသည္။

ဗုိလ္ခ်ဳပ္ရုပ္ရွင္ႏွင့္ပတ္သက္၍ အကုန္သိသတင္းဌာနက ေအာက္တုိဘာ ၁၀ ရက္၌ ဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ေျဖၾကားေပးျခင္းျဖစ္သည္။

“ အခုအထိေတာ့ ဒါရုိက္တာကတာ၀န္ယူရမွာေပါ့ဗ်ာ။ ေကာင္းတယ္ဆုိလည္း ဒါရိုက္တာပဲခ်ီးက်ဴးခံရမွာေပါ့။ မေကာင္းဘူးဆုိလည္း ဒါရိုက္တာပဲအျပစ္ေျပာခံရမွာေပါ့။ ကြ်န္ေတာ္ထင္တာေတာ့ လူေတြကေမွ်ာ္လင့္တဲ့ အစိတ္အပုိင္းေတြရွိသလုိပဲ မေမွ်ာ္လင့္တဲ့အစိတ္အပုိင္းေတြလည္းရွိတယ္ဗ်။ အခုဟာက ဘယ္ေလာက္အထိ ပီျပင္ေနသလဲ။ ဘယ္ေလာက္အထိအႏုပညာပါသလဲမသိရေသးဘူးေလ။ ကြ်န္ေတာ့္အျမင္ကေတာ့ ဗမာဒါရုိက္တာ ရုိက္တာကေတာ့ဗမာအဆင့္ပဲရွိမွာေပါ့ဗ်ာ” ဟု NLD ပါတီ၊ ဗဟုိျပန္ၾကားေရးမွ အတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္က ေျပာသည္။

ဗုိလ္ခ်ဳပ္အတၱဳပတၱိရုပ္ရွင္ ရုိက္ကူးထုတ္လုပ္ေရးလုပ္ငန္းေကာ္မတီကုိ အဖြဲ႔၀င္ ၁၇ ဦးျဖင့္ ၿပီးခဲ့ေသာ ၂၀၁၇ ခုနွစ္၊ ႏုိ၀င္ဘာလ ၂၄ ရက္တြင္စတင္ဖြဲ႔စည္းခဲ့သည္။

ဗုိလ္ခ်ဳပ္ရုပ္ရွင္ရုိက္ကူးရန္ ကနဦးက်ပ္သိန္းတစ္ေသာင္းခြဲခန္႔မွန္းကုန္က်စရိတ္အျဖစ္သတ္မွတ္ထားၿပီး ၂၀၁၉ ခုႏွစ္၊ ေမလ ၇ ရက္တြင္ အခန္းစဥ္ ၁၁၇ ခန္းပါ၀င္ေသာ ဇာတ္လမ္းအခန္းစဥ္စာအုပ္ကုိေရးသားျပဳစု ၿပီးစီးခဲ့သည္။

မူလပထမတြင္ ဒါရုိက္တာမင္းထင္ကုိကုိႀကီးက တာ၀န္ယူရိုက္ကူးရန္ စီစဥ္ခဲ့ေသာ္လည္း ယင္းေနာက္တြင္ သရုပ္ေဆာင္အကယ္ဒမီလူမင္းအား ဒါရုိက္တာအျဖစ္ရုိက္ကူးေစခဲ့ၿပီး ၄င္းဇာတ္ကားကို သမုိင္းအျဖစ္မဟုတ္ဘဲ ရုပ္ရွင္အျဖစ္သာရုိက္ကူးသြားမည္ျဖစ္ေၾကာင္း ဒါရုိက္တာလူမင္းက အင္တာဗ်ဴးတစ္ခုတြင္ေျဖၾကားခဲ့သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။