Skip to main content
ငါးကင္
Ads Block

က်န္းမာေရးႏွင့္မညီညြတ္ေသာ ေမြးျမဴေရးငါးမ်ား စားသုံးပါက ကင္ဆာေရာဂါျဖစ္ႏုိင္ေျခရွိဟု ဆုိ

က်န္းမာေရးႏွင့္ညီညြတ္ျခင္းမရွိေသာ ေမြးျမဴေရးငါးမ်ားကုိ ေရရွည္စားသုံးပါက ငါးတြင္ပါ၀င္ေသာ ဓာတုဓာတ္ၾကြင္းႏွင့္ ကာစီႏုိဂ်င္တို႔ေၾကာင့္ ကင္ဆာေရာဂါျဖစ္ႏုိင္ေျခရွိေၾကာင္း အေထြေထြေရာဂါကုသမားေတာ္ ေဒါက္တာမုိးေအာင္ေက်ာ္ႏုိင္က ေျပာသည္။

ေမြးျမဴေရးငါးကင္မ်ားကုိ လူအမ်ားစု စားသုံးေနျခင္းအေပၚ ေအာက္တုိဘာလအတြင္းက အကုန္သိသတင္းဌာနက ေဒါက္တာမုိးေအာင္ေက်ာ္ႏွင့္ ေတြ႔ဆုံေမးျမန္းရာတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ ေမြးျမဴေရးငါးေတြမွာ ဓာတ္ေျမၾသဇာပါတယ္၊ ဓာတ္ၾကြင္းေတြ ပါတယ္လုိ႔ဆုိတယ္။ တစ္ခ်ဳိ ့လည္း တိရိစာၦန္အညစ္အေၾကးေတြ ေရကန္ထဲ၀င္ေရာက္တဲ့အခါမွာ ဒီငါးေတြ စားသုံးမိတဲ့အခါမွာ ဒီငါးက က်န္းမာေရးနဲ႔မညီညြတ္ဘူးေပါ့။ ၿပီးေတာ့ ဒါေတြကုိ ခ်က္ျပဳတ္စားေသာက္မိတဲ့လူေတြမွာလည္း ကင္ဆာေရာဂါျဖစ္ေစႏုိင္တယ္လုိ႔ ေျပာဆုိေနၾကတဲ့လူေတြရွိပါတယ္။ အဲဒီေတာ့ ဘက္တီးရီးယားထက္ စြန္႔ပစ္ပစၥည္းေတြေပါ့။ ကာစီႏုိဂ်င္လုိ႔ေခၚတဲ့ ဓာတ္ေပါင္းေတြပါ၀င္ေနတာေပါ့။ ဒါေၾကာင့္ ငါးကန္ေတြမွာ က်န္းမာေရးနဲ႔ ညီညြတ္စြာ ေမြးျမဴထားျခင္းမရွိဘူးဆုိရင္ ေရရွည္စားသုံးမယ္ဆုိလုိ႔ရွိရင္လည္း ဓာတုဓာတ္ၾကြင္းေတြနဲ႔ ကာစီႏုိဂ်င္ေတြေၾကာင့္ ကင္ဆာေရာဂါျဖစ္ႏုိင္တာေပါ့ ’’ ဟု ၄င္းက ေျပာသည္။ လက္ရွိတြင္ ရန္ကုန္ၿမဳိ႕တြင္းရွိ ေရာင္းခ်ေနေသာ ေမြးျမဴေရးငါးကင္တစ္ေကာင္လွ်င္ အနိမ့္ဆုံးက်ပ္ ၂၅၀၀ မွ က်ပ္ ၁၀၀၀၀ နီးပါးအထိရွိကာ မည္သည့္ငါးကန္မွ ရယူေရာင္းခ်ျခင္းကုိမူ မသိရွိရေၾကာင္း သိရသည္။

အဆုိပါ ငါးေမြးျမဴေရးကန္မ်ားတြင္ ၾကက္ၿခံတြဲေဆာက္၍ ေမြးျမဴရန္ မသင့္ေၾကာင္း ျမန္မာႏုိင္ငံ ငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္မွ အတြင္းေရးမွဴး ဦး၀င္းႀကဳိင္ကလည္း ေျပာၾကားထားသည္။ လက္ရွိတြင္ ငါးေမြးကန္ဧက ၂၄၀၀၀၀ ေက်ာ္ရွိၿပီး ငါးေမြးျမဴခြင့္မ်ားကုိ ငါးလုပ္ငန္းဦးစီးဌာနတြင္ တင္ျပရေၾကာင္း သိရသည္။

Unicode Version

ကျန်းမာရေးနှင့်မညီညွတ်သော မွေးမြူရေးငါးများ စားသုံးပါက ကင်ဆာရောဂါဖြစ်နိုင်ခြေရှိဟု ဆို
-------  မင်းသီဟန်(အကုန်သိသတင်းဌာန)  -------
ကျန်းမာရေးနှင့်ညီညွတ်ခြင်းမရှိသော မွေးမြူရေးငါးများကို ရေရှည်စားသုံးပါက ငါးတွင်ပါဝင်သော ဓာတုဓာတ်ကြွင်းနှင့် ကာစီနိုဂျင်တို့ကြောင့် ကင်ဆာရောဂါဖြစ်နိုင်ခြေရှိကြောင်း အထွေထွေရောဂါကုသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။

မွေးမြူရေးငါးကင်များကို လူအများစု စားသုံးနေခြင်းအပေါ် အောက်တိုဘာလအတွင်းက အကုန်သိသတင်းဌာနက ဒေါက်တာမိုးအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ မွေးမြူရေးငါးတွေမှာ ဓာတ်မြေသြဇာပါတယ်၊ ဓာတ်ကြွင်းတွေ ပါတယ်လို့ဆိုတယ်။ တစ်ချို့လည်း တိရိစ္ဆာန်အညစ်အကြေးတွေ ရေကန်ထဲဝင်ရောက်တဲ့အခါမှာ ဒီငါးတွေ စားသုံးမိတဲ့အခါမှာ ဒီငါးက ကျန်းမာရေးနဲ့မညီညွတ်ဘူးပေါ့။ ပြီးတော့ ဒါတွေကို ချက်ပြုတ်စားသောက်မိတဲ့လူတွေမှာလည်း ကင်ဆာရောဂါဖြစ်စေနိုင်တယ်လို့ ပြောဆိုနေကြတဲ့လူတွေရှိပါတယ်။ အဲဒီတော့ ဘက်တီးရီးယားထက် စွန့်ပစ်ပစ္စည်းတွေပေါ့။ ကာစီနိုဂျင်လို့ခေါ်တဲ့ ဓာတ်ပေါင်းတွေပါဝင်နေတာပေါ့။ ဒါကြောင့် ငါးကန်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ မွေးမြူထားခြင်းမရှိဘူးဆိုရင် ရေရှည်စားသုံးမယ်ဆိုလို့ရှိရင်လည်း ဓာတုဓာတ်ကြွင်းတွေနဲ့ ကာစီနိုဂျင်တွေကြောင့် ကင်ဆာရောဂါဖြစ်နိုင်တာပေါ့ ’’ ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့တွင်းရှိ ရောင်းချနေသော မွေးမြူရေးငါးကင်တစ်ကောင်လျှင် အနိမ့်ဆုံးကျပ် ၂၅၀၀ မှ ကျပ် ၁၀၀၀၀ နီးပါးအထိရှိကာ မည်သည့်ငါးကန်မှ ရယူရောင်းချခြင်းကိုမူ မသိရှိရကြောင်း သိရသည်။

အဆိုပါ ငါးမွေးမြူရေးကန်များတွင် ကြက်ခြံတွဲဆောက်၍ မွေးမြူရန် မသင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဝင်းကြိုင်ကလည်း ပြောကြားထားသည်။ လက်ရှိတွင် ငါးမွေးကန်ဧက ၂၄၀၀၀၀ ကျော်ရှိပြီး ငါးမွေးမြူခွင့်များကို ငါးလုပ်ငန်းဦးစီးဌာနတွင် တင်ပြရကြောင်း သိရသည်။

    -  မင္းသီဟန္ (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။