Skip to main content
ပညာေရး
Ads Block

အေျခခံပညာ သင္ယူၿပီးေျမာက္ေၾကာင္းလက္မွတ္ကုိ ေက်ာင္းေျဖမ်ားသာ ရမည္

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တကၠသုိလ္၀င္တန္းစာေမးပြဲကုိ ေက်ာင္းေျဖမ်ားမွာ ေအာင္သည္ျဖစ္ေစ မေအာင္သည္ျဖစ္ေစ အေျခခံပညာသင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္မ်ားရရွိမည္ျဖစ္ေသာ္လည္း အျပင္ေျဖမ်ားမွာ ရမည္မဟုတ္ေၾကာင္း ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမ်ိဳးညြန္႔က ေျပာသည္။

တကၠသုိလ္၀င္စာေမးပြဲကိစၥႏွင့္စပ္လ်ဥ္း၍ ေအာက္တုိဘာ ၉ ရက္တြင္ အကုန္သိသတင္းဌာနက ဆက္သြယ္ေမးျမန္းရာ ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမ်ိဳးညြန္႔က ယင္းသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ ေက်ာင္းတက္တဲ့သူေတြသာ အေျခခံပညာသင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ရမွာေလ။ ေက်ာင္းမတက္တဲ့သူေတြကေတာ့ မရဘူးေလ။ အျပင္ေျဖေတြကေတာ့ မေအာင္မခ်င္း ေျဖေပါ့ ’’ ဟု ၄င္းက ေျပာသည္။ အဆုိပါ အေျခခံပညာသင္ယူၿပီးၿပီးေျမာက္ေၾကာင္းလက္မွတ္ကုိ ဒႆမတန္းတြင္ ေက်ာင္းေခၚခ်ိန္ ၇၅ ရာခုိင္ႏႈန္း ျပည့္မီျခင္းရွိ မရွိ၊ ေက်ာင္းတြင္း စာေမးပြဲေျဖဆုိမႈအေျခအေန၊ ဘာသာရပ္အလုိက္ အနည္းဆုံးပွ်မ္းမွ်အဆင့္တုိ႔ကုိ ၾကည့္၍ ေက်ာင္းမွထုတ္ေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ အဆုိပါအေျခခံပညာသင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ရရွိထားသူမ်ားအေနျဖင့္ သက္ဆုိင္ရာအသက္ေမြး၀မ္းေက်ာင္း သင္တန္းေက်ာင္းမ်ားသုိ႔ ဆက္လက္တက္ေရာက္ သင္ၾကားႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

တကၠသုိလ္၀င္စာေမးပြဲကုိ ၂၀၁၈ ခုႏွစ္တြင္ေျဖဆုိသူ ၇၈၉၈၄၅ ဦး၊ ေအာင္ျမင္သူ ၂၅၉၁၉၃ဦး ရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ ေျဖဆုိသူ ၈၅၂၅၁၄ ဦး၊ ေအာင္ျမင္သူ ၂၆၇၆၉၆ဦး ရွိခဲ့ေၾကာင္းသိရသည္။ ယင္းစာရင္းအရ ႏွစ္စဥ္ ဆယ္တန္းရႈံးသူ အနာဂတ္မ်ဳိးဆက္ ဆယ္ေက်ာ္သက္လူငယ္ ငါးသိန္းႏွင့္အထက္ ရွိေနေၾကာင္းလည္း တြက္ဆသိရွိရသည္။

Unicode Version

အခြေခံပညာ သင်ယူပြီးမြောက်ကြောင်းလက်မှတ်ကို ကျောင်းဖြေများသာ ရတမည်
---------  မင်းသီဟန်(အကုန်သိသတင်းဌာန)  ---------
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းဖြေများမှာ အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ အခြေခံပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ်များရရှိမည်ဖြစ်သော်လည်း အပြင်ဖြေများမှာ ရမည်မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲကိစ္စနှင့်စပ်လျဉ်း၍ အောက်တိုဘာ ၉ ရက်တွင် အကုန်သိသတင်းဌာနက ဆက်သွယ်မေးမြန်းရာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ ကျောင်းတက်တဲ့သူတွေသာ အခြေခံပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ်ရမှာလေ။ ကျောင်းမတက်တဲ့သူတွေကတော့ မရဘူးလေ။ အပြင်ဖြေတွေကတော့ မအောင်မချင်း ဖြေပေါ့ ’’ ဟု ၎င်းက ပြောသည်။ အဆိုပါ အခြေခံပညာသင်ယူပြီးပြီးမြောက်ကြောင်းလက်မှတ်ကို ဒဿမတန်းတွင် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်းရှိ မရှိ၊ ကျောင်းတွင်း စာမေးပွဲဖြေဆိုမှုအခြေအနေ၊ ဘာသာရပ်အလိုက် အနည်းဆုံးပျှမ်းမျှအဆင့်တို့ကို ကြည့်၍ ကျောင်းမှထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါအခြေခံပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ်ရရှိထားသူများအနေဖြင့် သက်ဆိုင်ရာအသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများသို့ ဆက်လက်တက်ရောက် သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၁၈ ခုနှစ်တွင်ဖြေဆိုသူ ၇၈၉၈၄၅ ဦး၊ အောင်မြင်သူ ၂၅၉၁၉၃ဦး ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဖြေဆိုသူ ၈၅၂၅၁၄ ဦး၊ အောင်မြင်သူ ၂၆၇၆၉၆ဦး ရှိခဲ့ကြောင်းသိရသည်။ ယင်းစာရင်းအရ နှစ်စဉ် ဆယ်တန်းရှုံးသူ အနာဂတ်မျိုးဆက် ဆယ်ကျော်သက်လူငယ် ငါးသိန်းနှင့်အထက် ရှိနေကြောင်းလည်း တွက်ဆသိရှိရသည်။

   -  မင္းသီဟန္ (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။