Skip to main content
စက္မႈ
Ads Block

ျမန္မာႏိုင္ငံ၏ စက္မႈလုပ္ငန္းမ်ား တစ္ရွိန္ထုိး တုိးတက္လာဟု ဆို

ျမန္မာႏိုင္ငံ၏ စက္မႈကုန္ထုတ္လုပ္မႈလုပ္ငန္း တစ္ရွိန္ထုိး တုိးတက္လာသျဖင့္ စက္မႈလုပ္ငန္းရွင္မ်ားအေနျဖင့္လည္း ရထားသည့္အခြင့္အေရးကုိ အရယူရန္ ျမန္မာႏုိင္ငံစက္မႈကုန္ထုတ္လုပ္သူမ်ားအသင္း ဒုဥကၠ႒ ဦး၀င္းႏုိင္က ေျပာၾကားလုိက္သည္။

ရန္ကုန္တုိင္းေဒသႀကီး၊ သာေကတၿမဳိ႕နယ္၊ Fortune Plaza ၌ က်င္းပေသာ(၉)ႏုိင္ငံ ေဆာက္လုပ္ေရးႏွင့္ စက္မႈကုန္ထုတ္လုပ္မႈ ကုန္စည္ျပပြဲတြင္ စက္မႈကုန္ထုတ္လုပ္သူမ်ားအသင္း ဒုဥကၠ႒ ဦး၀င္းႏုိင္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ စက္မႈလုပ္ငန္းေတြဟာ အခုအခ်ိန္မွာ တစ္ရွိန္ထုိး တုိးတက္လာၿပီ။ ျမန္မာႏုိင္ငံရဲ႕ GDP တုိးျမင့္ဖုိ႔အတြက္ စက္မႈကုန္ထုတ္လုပ္ငန္းေတြကေနၿပီးေတာ့ ေဆာင္ရြက္ရတဲ့လုပ္ငန္းေတြ ဒီ GDP တုိးျမင့္ဖုိ႔ ေဆာင္ရြက္တဲ့လုပ္ငန္းေတြ အမ်ားႀကီးျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ဘာလုိအပ္လာလဲဆုိေတာ့ စက္မႈနည္းပညာေတြ လုိအပ္လာပါတယ္။ ေခတ္မီတုိးတက္လာတဲ့ စက္ပစၥည္းေတြ လုိအပ္လာပါတယ္။ အဲဒီလုိ လုိအပ္လာတာေတြကုိ နည္းပညာလည္း ရဖုိ႔၊ စက္ပစၥည္းဆုိင္ရာလည္း ရဖုိ႔ Informer Market က ေဆာင္ရြက္ေပးေနတာ(၇)ႏွစ္ရွိၿပီလုိ႔ ခုနက ကြ်န္ေတာ္ေျပာပါတယ္။  သုေတသနျပဳခ်က္ေတြအရလည္း ျမန္မာႏုိင္ငံရဲ႕စက္မႈကုန္ထုတ္လုပ္ငန္း တုိးတက္လာတယ္လုိ႔လည္း သိရပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ကြ်န္ေတာ္တုိ႔မွာရွိတဲ့ စက္မႈလုပ္ငန္းရွင္ေတြကလည္း ကုိယ္ရထားတဲ့အခြင့္အေရးကုိ အရယူၿပီးေတာ့ အခုလုိ ႏုိင္ငံ(၉)ႏုိင္ငံက စက္မႈလုပ္ငန္းနဲ႔ပတ္သက္တဲ့ နည္းပညာေတြ၊ စက္ပစၥည္းေတြ လာၿပီးျပေနတဲ့ လုပ္ငန္းေပါင္း ၁၀၀ ေက်ာ္မွာ ကြ်န္ေတာ္တုိ႔ ေသေသခ်ာခ်ာ ေလ့လာသင့္ပါတယ္ ’’ ဟု ၄င္းက ေျပာသည္။ လက္ရွိ ရန္ကုန္တုိင္းေဒသႀကီးတြင္ စက္မႈဇုန္ေပါင္း ၂၉ ဇုန္ရွိၿပီး စက္မႈႏွင့္ သက္ဆုိင္ေသာလုပ္ငန္းမ်ားမွာ အမ်ားစုျဖစ္ၿပီး အခ်ဳိ ့မွာ ျပည္ပရင္းႏွီးျမွဳပ္ႏွံမႈမ်ား ပါ၀င္ေၾကာင္း သိရသည္။

အဆုိပါ ရန္ကုန္ၿမဳိ႕၊ သာေကတၿမဳိ႕နယ္၊ Fortune Plaza ရွိ ေဆာက္လုပ္ေရးဆုိင္ရာနွင့္ စက္မႈထုတ္ကုန္မ်ားကုန္စည္ျပပြဲတြင္ ႏုိင္ငံေပါင္း ၉ ႏုိင္ငံမွ လုပ္ငန္းေပါင္း ၁၀၀ ေက်ာ္က ပါ၀င္ျပသလ်က္ရွိၿပီး ျပပြဲကုိ ေအာက္တုိဘာ ၉ ရက္မွ ၁၁ ရက္ထိ ၃ ရက္ၾကာ က်င္းပသြားမည္ျဖစ္သည္။

Unicode Version

မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာဟု ဆို
----------  မင်းသီဟန်(အကုန်သိသတင်းဌာန)  --------
မြန်မာနိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်း တစ်ရှိန်ထိုး တိုးတက်လာသဖြင့် စက်မှုလုပ်ငန်းရှင်များအနေဖြင့်လည်း ရထားသည့်အခွင့်အရေးကို အရယူရန် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ Fortune Plaza ၌ ကျင်းပသော(၉)နိုင်ငံ ဆောက်လုပ်ရေးနှင့် စက်မှုကုန်ထုတ်လုပ်မှု ကုန်စည်ပြပွဲတွင် စက်မှုကုန်ထုတ်လုပ်သူများအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “ စက်မှုလုပ်ငန်းတွေဟာ အခုအချိန်မှာ တစ်ရှိန်ထိုး တိုးတက်လာပြီ။ မြန်မာနိုင်ငံရဲ့ GDP တိုးမြင့်ဖို့အတွက် စက်မှုကုန်ထုတ်လုပ်ငန်းတွေကနေပြီးတော့ ဆောင်ရွက်ရတဲ့လုပ်ငန်းတွေ ဒီ GDP တိုးမြင့်ဖို့ ဆောင်ရွက်တဲ့လုပ်ငန်းတွေ အများကြီးဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘာလိုအပ်လာလဲဆိုတော့ စက်မှုနည်းပညာတွေ လိုအပ်လာပါတယ်။ ခေတ်မီတိုးတက်လာတဲ့ စက်ပစ္စည်းတွေ လိုအပ်လာပါတယ်။ အဲဒီလို လိုအပ်လာတာတွေကို နည်းပညာလည်း ရဖို့၊ စက်ပစ္စည်းဆိုင်ရာလည်း ရဖို့ Informer Market က ဆောင်ရွက်ပေးနေတာ(၇)နှစ်ရှိပြီလို့ ခုနက ကျွန်တော်ပြောပါတယ်။  သုတေသနပြုချက်တွေအရလည်း မြန်မာနိုင်ငံရဲ့စက်မှုကုန်ထုတ်လုပ်ငန်း တိုးတက်လာတယ်လို့လည်း သိရပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့မှာရှိတဲ့ စက်မှုလုပ်ငန်းရှင်တွေကလည်း ကိုယ်ရထားတဲ့အခွင့်အရေးကို အရယူပြီးတော့ အခုလို နိုင်ငံ(၉)နိုင်ငံက စက်မှုလုပ်ငန်းနဲ့ပတ်သက်တဲ့ နည်းပညာတွေ၊ စက်ပစ္စည်းတွေ လာပြီးပြနေတဲ့ လုပ်ငန်းပေါင်း ၁၀၀ ကျော်မှာ ကျွန်တော်တို့ သေသေချာချာ လေ့လာသင့်ပါတယ် ’’ ဟု ၎င်းက ပြောသည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိပြီး စက်မှုနှင့် သက်ဆိုင်သောလုပ်ငန်းများမှာ အများစုဖြစ်ပြီး အချို့မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ Fortune Plaza ရှိ ဆောက်လုပ်ရေးဆိုင်ရာနှင့် စက်မှုထုတ်ကုန်များကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း ၉ နိုင်ငံမှ လုပ်ငန်းပေါင်း ၁၀၀ ကျော်က ပါဝင်ပြသလျက်ရှိပြီး ပြပွဲကို အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်ထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

    -  မင္းသီဟန္ (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။