Skip to main content
ဦးေမာင္ေမာင္စုိး
Ads Block

ဆင္မင္းေစ်းသစ္မွ အစိုးရ၀င္ေငြ တစ္လက်ပ္ ၁၉ သိန္းသာ ရရွိသျဖင့္ ျမိဳ ့ေတာ္၀န္ အစီအစဥ္သစ္ဆဲြေန

အလံုၿမိဳ႕နယ္ရွိ ဆင္မင္းေစ်းသစ္၏ တစ္လဝင္ေငြမွာ က်ပ္ ၁၉ သိန္းသာရရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာသည္။

ေအာက္တုိဘာလ ၉ ရက္က က်င္းပခဲ့သည့္ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ ဒသမပံုမွန္အစည္းအေဝးတြင္ အလံုၿမိဳ႕နယ္ အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚႏြယ္ႏြယ္ဝင္း၏ အလံုၿမိဳ႕နယ္ ဆင္မင္းရပ္ကြက္ရွိ သိပၸံေစ်း(သို႔) ဆင္မင္းေစ်းကိစၥ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီေစ်းမ်ားဌာနထံ ေမးျမန္းခ်က္တြင္ ၿမိဳ႕ေတာ္ဝန္က ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ အဲဒီေစ်းက ေစ်းႀကီးျဖစ္ပါတယ္။ တကယ့္ကို စည္ကားတဲ့ေစ်းႀကီးျဖစ္ပါတယ္။ သို႔ေသာ္လည္း အစိုးရရဲ႕ဝင္ေငြ ျပန္ၾကည့္ရင္ ဒီေစ်းႀကီးက တစ္လကို ၁၉ သိန္းပဲ ရတဲ့ေစ်းျဖစ္ပါတယ္။ ေတာ္ေတာ္ကို နည္းပါတယ္။ ေျမပိုင္ဆုိင္မႈနဲ႔ တြက္ရင္ေပါ့။ တစ္ႏွစ္ကို ေစ်းရဲ႕ဝင္ေငြက ၂၂၈ သိန္းျဖစ္တဲ့အတြက္ေၾကာင့္ တကယ္တမ္းက်ေတာ့ ေနကမၻာျမန္မာနဲ႔ PPP အက်ိဳးတူပူးေပါင္းေဆာင္ရြက္ထားတဲ့ေစ်းျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီေစ်းကို ျပန္ၿပီးေတာ့ ရွင္သန္ေအာင္ ရသင့္ရထုိက္တဲ့ ဝင္ေငြရဖုိ႔အတြက္လည္း Market Operation လုပ္ဖုိ႔ အစီအစဥ္ရွိပါတယ္ ” ဟု ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုးက ေျပာသည္။ ဆင္မင္းေစ်း အဆင့္ျမင့္ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းကို ေနကမၻာျမန္မာေဆာက္လုပ္ေရးကုမၸဏီႏွင့္ အက်ိဳးတူပူးေပါင္း၍ (၈)ထပ္အေဆာက္အဦးကုိ၂၀၁၂ ခုႏွစ္ ၾသဂုတ္လ ၅ ရက္တြင္ စတင္တည္ေဆာက္ခဲ့သည္။ ထို႔ေနာက္ ၂၀၀၁၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၄ ရက္တြင္ ၿပီးစီးခဲ့ျပီး မူလေစ်းေဟာင္းမွ ေစ်းသည္မ်ားကို ဇူလိုင္လအတြင္းတြင္ ျပန္လည္ေနရာခ်ထားေပးခဲ့ေၾကာင္း သိရသည္။

အဆုိပါေစ်းတြင္ မူလေစ်းဆုိင္ခန္း ၇၂၂ ခန္းခန္႔ ရွိၿပီး အဆင့္ျမွင့္တင္ၿပီးေနာက္ ေျမညီထပ္တြင္ မူလအက်ယ္အဝန္းအတုိင္း ျပန္လည္ေနရာခ်ထားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Unicode Version

ဆင်မင်းဈေးသစ်မှ အစိုးရဝင်ငွေ တစ်လကျပ် ၁၉ သိန်းသာ ရရှိသဖြင့် မြို့တော်ဝန် အစီအစဉ်သစ်ဆွဲနေ
---------  ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)  --------
အလုံမြို့နယ်ရှိ ဆင်မင်းဈေးသစ်၏ တစ်လဝင်ငွေမှာ ကျပ် ၁၉ သိန်းသာရရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

အောက်တိုဘာလ ၉ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် အလုံမြို့နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း၏ အလုံမြို့နယ် ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး(သို့) ဆင်မင်းဈေးကိစ္စ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများဌာနထံ မေးမြန်းချက်တွင် မြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ အဲဒီဈေးက ဈေးကြီးဖြစ်ပါတယ်။ တကယ့်ကို စည်ကားတဲ့ဈေးကြီးဖြစ်ပါတယ်။ သို့သော်လည်း အစိုးရရဲ့ဝင်ငွေ ပြန်ကြည့်ရင် ဒီဈေးကြီးက တစ်လကို ၁၉ သိန်းပဲ ရတဲ့ဈေးဖြစ်ပါတယ်။ တော်တော်ကို နည်းပါတယ်။ မြေပိုင်ဆိုင်မှုနဲ့ တွက်ရင်ပေါ့။ တစ်နှစ်ကို ဈေးရဲ့ဝင်ငွေက ၂၂၈ သိန်းဖြစ်တဲ့အတွက်ကြောင့် တကယ်တမ်းကျတော့ နေကမ္ဘာမြန်မာနဲ့ PPP အကျိုးတူပူးပေါင်းဆောင်ရွက်ထားတဲ့ဈေးဖြစ်တဲ့အတွက်ကြောင့် အဲဒီဈေးကို ပြန်ပြီးတော့ ရှင်သန်အောင် ရသင့်ရထိုက်တဲ့ ဝင်ငွေရဖို့အတွက်လည်း Market Operation လုပ်ဖို့ အစီအစဉ်ရှိပါတယ် ” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။ ဆင်မင်းဈေး အဆင့်မြင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို နေကမ္ဘာမြန်မာဆောက်လုပ်ရေးကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း၍ (၈)ထပ်အဆောက်အဦးကို၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်တွင် စတင်တည်ဆောက်ခဲ့သည်။ ထို့နောက် ၂၀၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် ပြီးစီးခဲ့ပြီး မူလဈေးဟောင်းမှ ဈေးသည်များကို ဇူလိုင်လအတွင်းတွင် ပြန်လည်နေရာချထားပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးတွင် မူလဈေးဆိုင်ခန်း ၇၂၂ ခန်းခန့် ရှိပြီး အဆင့်မြှင့်တင်ပြီးနောက် မြေညီထပ်တွင် မူလအကျယ်အဝန်းအတိုင်း ပြန်လည်နေရာချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။