Skip to main content
ကုိကုိၾကီး
Ads Block

ႏုိင္ငံေရးအေျခအေနအားလုံး၌ အေရးႀကီးၿပီဟု တပ္လွန္ ့ရမည့္အခ်ိန္ျဖစ္ေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကုိႀကီး ေျပာ

တုိင္းရင္းသားျပႆနာ ၊ ၿငိမ္းခ်မ္းေရးျပႆနာအေျခအေနအားလုံးသည္ အေရးႀကီးၿပီျဖစ္ေၾကာင္း တပ္လွန္႔ရမည့္အခ်ိန္ေရာက္ေနျပီဟု ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကုိႀကီးက ေျပာၾကားလုိက္သည္။

မႏၱေလးတုိင္းေဒသႀကီး ခ်မ္းေအးသာဇံျမိဳ ့နယ္ ျပည္သူ႔ပါတီ ရုံးခန္းဖြင့္ပြဲ၌ ဥကၠ႒ဦးကုိကုိၾကီး၏ ေျပာၾကားခဲ့မႈကုိ ျပည္သူ႔ပါတီ၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ ေအာက္တုိဘာ ၉ ရက္ ေဖာ္ျပထားခ်က္အရ သိရသည္။ “ အေရးႀကီးၿပီ ညီေနာင္အေပါင္းတုိ႔ဆုိတာ အဲဒီသီခ်င္းဟာ ေပါေပါပဲပဲသီခ်င္းမဟုတ္ပါဘူး။ အဲဒီသီခ်င္းနဲ႔ေက်ာင္းသားတပ္မေတာ္တုိက္ပြဲ၀င္ခဲ့တဲ့သီခ်င္း။ အဲဒီသီခ်င္းနဲ႔ အက်ဥ္းေထာင္ထဲမွာ ကြ်န္ေတာ္တုိ႔ကုိ အက်ဥ္းေထာင္ထဲမွာစိတ္ဓါတ္ခြန္အားျမွင့္တင္ေပးတဲ့သီခ်င္း။ အခုလည္းပဲ အဲဒီသီခ်င္းကုိ တကယ့္ရင္ေခါင္းသံႀကီးနဲ႔ ျပန္ဆုိၿပီးေတာ့ ႏုိင္ငံေတာ္ဟာ အေရးတႀကီးအေျခအေနကုိေရာက္ေနၿပီဆုိတာကုိ ကြ်န္ေတာ္တုိ႔ သတိျပဳဖုိ႔လုိပါၿပီ။ ေပါ့ေပါ့ပါးပါးေလးစဥ္းစားၿပီးေတာ့ ႏုိင္ငံေတာ္ဟာ သူဟာသူအဆင္ေျပမွာပဲလုိ႔  လြယ္လြယ္ေလးေတြးရင္ေတာ့ ႏုိင္ငံတကာက ဖိအားေတြေပးေနတာေတြ၊ ေန႔စဥ္ျပည္သူေတြရဲ႕ဘ၀ေတြေျပာရရင္ တုိင္းရင္းသားျပႆနာ၊ ၿငိမ္းခ်မ္းေရးျပႆနာအေျခအေနအားလုံးဟာ အေရးႀကီးၿပီလုိ႔ တပ္လွန္ရမယ့္အခ်ိန္ပါ ” ဟု ဦးကုိကုိႀကီးက ေျပာသည္။ လက္ရွိတြင္ တုိင္းသားနယ္ေျမမ်ား၌ ဗုိလ္ခ်ဳပ္ရုပ္တုထားရွိျခင္းကုိ ကန္႔ကြက္မႈအခ်ဳိ ့ရွိေနၿပီး ရွမ္းျပည္နယ္ႏွင့္ရခုိင္ျပည္နယ္တုိ႔တြင္ ေျမာက္ပုိင္းတုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ႏွင့္ တပ္မေတာ္တုိ႔ ႏွစ္ဖက္ထိေတြ႔မႈမ်ား ရွိေနသည့္ကာလမ်ဳိးလည္း ျဖစ္သည္။

၂၀၁၅ ခုႏွစ္ ေအာက္တုိဘာ ၁၅ ရက္က ခ်ဳပ္ဆုိခဲ့သည့္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာသေဘာတူစာခ်ဳပ္တြင္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၈ ဖြဲ႔က သေဘာတူလက္မွတ္ေရးထုိးခဲ့ၾကျပီး ၂၀၁၇ ခုႏွစ္တြင္ မြန္ျပည္သစ္ပါတီ၊ လားဟူဒီမုိကရက္တစ္ပါတီတုိ႔ အပစ္ရပ္ၿငိမ္းခ်မ္းေရးသေဘာတူစာခ်ဳပ္ကုိ ထပ္မံေရးထုိးခဲ့ၾကေၾကာင္း သိရသည္။ လက္မွတ္ထုိးရန္ က်န္ရွိေနေသာတုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ားမွာ AA ၊KIO ၊SSPP ၊TNLA ၊MMNDA ၊ KNPP  စသည့္အဖြဲ႔တုိ႔ျဖစ္ေၾကာင္း သိရသည္။

Unicode Version

 

နိုင်ငံရေး အခြေအနေအားလုံး၌ အရေးကြီးပြီဟု တပ်လှန့်ရမည့်အချိန်ဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ပြော
--------  မင်းသီဟန်(အကုန်သိသတင်းဌာန)  --------
တိုင်းရင်းသားပြဿနာ ၊ ငြိမ်းချမ်းရေးပြဿနာအခြေအနေအားလုံးသည် အရေးကြီးပြီဖြစ်ကြောင်း တပ်လှန့်ရမည့်အချိန်ရောက်နေပြီဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားလိုက်သည်။

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် ပြည်သူ့ပါတီ ရုံးခန်းဖွင့်ပွဲ၌ ဥက္ကဋ္ဌဦးကိုကိုကြီး၏ ပြောကြားခဲ့မှုကို ပြည်သူ့ပါတီ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အောက်တိုဘာ ၉ ရက် ဖော်ပြထားချက်အရ သိရသည်။ “ အရေးကြီးပြီ ညီနောင်အပေါင်းတို့ဆိုတာ အဲဒီသီချင်းဟာ ပေါပေါပဲပဲသီချင်းမဟုတ်ပါဘူး။ အဲဒီသီချင်းနဲ့ကျောင်းသားတပ်မတော်တိုက်ပွဲဝင်ခဲ့တဲ့သီချင်း။ အဲဒီသီချင်းနဲ့ အကျဉ်းထောင်ထဲမှာ ကျွန်တော်တို့ကို အကျဉ်းထောင်ထဲမှာစိတ်ဓါတ်ခွန်အားမြှင့်တင်ပေးတဲ့သီချင်း။ အခုလည်းပဲ အဲဒီသီချင်းကို တကယ့်ရင်ခေါင်းသံကြီးနဲ့ ပြန်ဆိုပြီးတော့ နိုင်ငံတော်ဟာ အရေးတကြီးအခြေအနေကိုရောက်နေပြီဆိုတာကို ကျွန်တော်တို့ သတိပြုဖို့လိုပါပြီ။ ပေါ့ပေါ့ပါးပါးလေးစဉ်းစားပြီးတော့ နိုင်ငံတော်ဟာ သူဟာသူအဆင်ပြေမှာပဲလို့  လွယ်လွယ်လေးတွေးရင်တော့ နိုင်ငံတကာက ဖိအားတွေပေးနေတာတွေ၊ နေ့စဉ်ပြည်သူတွေရဲ့ဘဝတွေပြောရရင် တိုင်းရင်းသားပြဿနာ၊ ငြိမ်းချမ်းရေးပြဿနာအခြေအနေအားလုံးဟာ အရေးကြီးပြီလို့ တပ်လှန်ရမယ့်အချိန်ပါ ” ဟု ဦးကိုကိုကြီးက ပြောသည်။ လက်ရှိတွင် တိုင်းသားနယ်မြေများ၌ ဗိုလ်ချုပ်ရုပ်တုထားရှိခြင်းကို ကန့်ကွက်မှုအချို့ရှိနေပြီး ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့ နှစ်ဖက်ထိတွေ့မှုများ ရှိနေသည့်ကာလမျိုးလည်း ဖြစ်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်ပါတီတို့ အပစ်ရပ်ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ထပ်မံရေးထိုးခဲ့ကြကြောင်း သိရသည်။ လက်မှတ်ထိုးရန် ကျန်ရှိနေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ AA ၊KIO ၊SSPP ၊TNLA ၊MMNDA ၊ KNPP  စသည့်အဖွဲ့တို့ဖြစ်ကြောင်း သိရသည်။

   -  မင္းသီဟန္ (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။