Skip to main content
မက္ဆီ
Ads Block

ျပိဳင္ဘက္ၾကီး စီေရာ္နယ္ဒုိကုိ လြမ္းဆြတ္မိတယ္လုိ ့ဘာစီလုိနာစတား မက္ဆီ ၀န္ခံ

အစဥ္အလာျပိဳင္ဘက္ကစားသမား စီေရာ္နယ္ဒုိကုိ လြမ္းဆြတ္မိေၾကာင္း ဘာစီလုိနာအသင္းရဲ ့တုိက္စစ္မွဴး လီယြန္နယ္ မက္ဆီက ထုတ္ေဖာ္၀န္ခံလုိက္ပါတယ္။ 

RAC1 သတင္းဌာနနဲ ့အင္တာဗ်ဳး အစီအစဥ္မွာ ေမးခြန္းေမးသူရဲ ့ေမးျမန္းခ်က္ကုိ ပြင့္ပြင့္လင္းလင္း ၀န္ခံေျပာၾကားလုိက္တာမ်ဳိးလည္း ျဖစ္ပါတယ္။ မက္ဆီနဲ ့စီေရာ္နယ္ဒုိဟာ ဒီဘက္ဆယ္စုႏွစ္ႏွစ္ခုအတြင္းမွာ ဘယ္သူအေကာင္းဆုံးလဲဆုိတဲ့ ေမးခြန္းမ်ဳိးေတြနဲ ့ေစာင့္ၾကည့္ခံခဲ့ရသူေတြျဖစ္သလုိ ကမၻာ့အေကာင္းဆုံးေဘာလုံးသမားဆုကုိ အျပိဳင္အဆုိင္ ရယူခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။ " ကၽြန္ေတာ္ စီေရာ္နယ္ဒုိကုိ သတိရပါတယ္။ အမွန္ပါပဲ။ သူ ့ကုိ ရီရဲလ္မက္ဒရစ္မွာ ဆက္ျပီးရွိေစခ်င္ခဲ့ပါတယ္ " လုိ ့မက္ဆီက ထုတ္ေဖာ္၀န္ခံခဲ့သလုိ စပိန္ လာလီဂါမွာ ေတာ္၀င္အသင္းႏွစ္သင္းရဲ ့ျပင္းထန္တဲ့ျပိဳင္ဆုိင္မႈေတြနဲ ့အတူ ႏွစ္ဦးလုံးလည္း ဘယ္သူပုိေကာင္းတယ္ဆုိတာကုိ ဆက္လက္ျပိဳင္ဆုိင္ခ်င္စိတ္ ရွိေနခဲ့တာျဖစ္တယ္လုိ ့ဆုိပါတယ္။ ႏွစ္ဦးလုံးဟာ UEFA အေကာင္းဆုံးကစားသမားဆုအတြက္ျဖစ္ေစ၊ FIFA ကမၻာ့အေကာင္းဆုံးေဘာလုံးသမားဆုအတြက္အျဖစ္ ၁၅ ႏွစ္ဆက္တုိက္နီးပါး ျပိဳင္ဘက္အသြင္ စင္ေပၚကုိ တက္ၾကရသူေတြျဖစ္ခဲ့ပါတယ္။ ဒီအေနအထားဟာ ကမၻာ့ေဘာလုံးသမုိင္းမွာ မာရာဒုိနာနဲ ့ပီလီေတာင္ မျဖစ္ခဲ့ဘူးတဲ့အတြက္ ေဘာလုံးအသုိင္းအ၀ုိင္းက ေစာင့္ၾကည့္မႈေတြလည္း ခံထားရတာပါ။ စပိန္လာလီဂါကေတာ့ ဒီဘက္ဆယ္စုႏွစ္အတြင္း ရီရဲလ္မက္ဒရစ္နဲ ့ဘာစီလုိနာ ျပိဳင္ပြဲအသြင္ဆုိတာမ်ဳိး ပုံမွန္ရွိေနသလုိ အျခားတစ္ဖက္မွာေတာ့ ေရာ္နယ္ဒုိနဲ ့မက္ဆီတုိ ့ရဲ ့ျပိဳင္ဘက္အသြင္ကလည္း ရွိေနခဲ့တဲ့အတြက္ စိတ္၀င္စားခံရတဲ့ လိဂ္တစ္ခုျဖစ္လာခဲ့ပါတယ္။ " ရီရဲလ္မက္ဒရစ္ဟာ စိန္ေခၚမႈေတြအျပည့္နဲ ့ေရွ ့ကုိ ဆက္သြားေနပါတယ္။ သူတုိ ့မွာ ကစားသမားေကာင္းေတြ အမ်ားၾကီးရွိေနပါတယ္။ ဒါေပမဲ့ စီေရာ္နယ္ဒုိကုိ ဆုံးရႈံးလုိက္ရတာကေတာ့ အသင္းကုိ အမ်ားက ပုိျပီး သတိျပဳမိသြားေစတဲ့အခ်က္လည္း ျဖစ္ခဲ့တာေပ့ါ " လုိ ့မက္ဆီက ေျပာပါတယ္။

သုိ ့ေသာ္လည္း ရီရဲလ္အသင္းဟာ ဘယ္ျပိဳင္ပြဲမွာမဆုိ ဆုဖလားေတြအတြက္ စိန္ေခၚမႈရွိတဲ့အသင္းအျဖစ္ ဆက္လက္တည္ရွိေနဆဲပဲလုိ ့မက္ဆီက သုံးသပ္ခဲ့ပါတယ္။ 

Unicode Version
 

ပြိုင်ဘက်ကြီး စီရော်နယ်ဒိုကို လွမ်းဆွတ်မိတယ်လို့ဘာစီလိုနာစတား မက်ဆီ ဝန်ခံ
-------  မိုးတိမ်(အကုန်သိသတင်းဌာန)  --------
အစဉ်အလာပြိုင်ဘက်ကစားသမား စီရော်နယ်ဒိုကို လွမ်းဆွတ်မိကြောင်း ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ 

RAC1 သတင်းဌာနနဲ့အင်တာဗျုး အစီအစဉ်မှာ မေးခွန်းမေးသူရဲ့မေးမြန်းချက်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားလိုက်တာမျိုးလည်း ဖြစ်ပါတယ်။ မက်ဆီနဲ့စီရော်နယ်ဒိုဟာ ဒီဘက်ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ မေးခွန်းမျိုးတွေနဲ့စောင့်ကြည့်ခံခဲ့ရသူတွေဖြစ်သလို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို အပြိုင်အဆိုင် ရယူခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ " ကျွန်တော် စီရော်နယ်ဒိုကို သတိရပါတယ်။ အမှန်ပါပဲ။ သူ့ကို ရီရဲလ်မက်ဒရစ်မှာ ဆက်ပြီးရှိစေချင်ခဲ့ပါတယ် " လို့မက်ဆီက ထုတ်ဖော်ဝန်ခံခဲ့သလို စပိန် လာလီဂါမှာ တော်ဝင်အသင်းနှစ်သင်းရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့အတူ နှစ်ဦးလုံးလည်း ဘယ်သူပိုကောင်းတယ်ဆိုတာကို ဆက်လက်ပြိုင်ဆိုင်ချင်စိတ် ရှိနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ နှစ်ဦးလုံးဟာ UEFA အကောင်းဆုံးကစားသမားဆုအတွက်ဖြစ်စေ၊ FIFA ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက်အဖြစ် ၁၅ နှစ်ဆက်တိုက်နီးပါး ပြိုင်ဘက်အသွင် စင်ပေါ်ကို တက်ကြရသူတွေဖြစ်ခဲ့ပါတယ်။ ဒီအနေအထားဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ မာရာဒိုနာနဲ့ပီလီတောင် မဖြစ်ခဲ့ဘူးတဲ့အတွက် ဘောလုံးအသိုင်းအဝိုင်းက စောင့်ကြည့်မှုတွေလည်း ခံထားရတာပါ။ စပိန်လာလီဂါကတော့ ဒီဘက်ဆယ်စုနှစ်အတွင်း ရီရဲလ်မက်ဒရစ်နဲ့ဘာစီလိုနာ ပြိုင်ပွဲအသွင်ဆိုတာမျိုး ပုံမှန်ရှိနေသလို အခြားတစ်ဖက်မှာတော့ ရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ပြိုင်ဘက်အသွင်ကလည်း ရှိနေခဲ့တဲ့အတွက် စိတ်ဝင်စားခံရတဲ့ လိဂ်တစ်ခုဖြစ်လာခဲ့ပါတယ်။ " ရီရဲလ်မက်ဒရစ်ဟာ စိန်ခေါ်မှုတွေအပြည့်နဲ့ရှေ့ကို ဆက်သွားနေပါတယ်။ သူတို့မှာ ကစားသမားကောင်းတွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုကို ဆုံးရှုံးလိုက်ရတာကတော့ အသင်းကို အများက ပိုပြီး သတိပြုမိသွားစေတဲ့အချက်လည်း ဖြစ်ခဲ့တာပေ့ါ " လို့မက်ဆီက ပြောပါတယ်။

သို့သော်လည်း ရီရဲလ်အသင်းဟာ ဘယ်ပြိုင်ပွဲမှာမဆို ဆုဖလားတွေအတွက် စိန်ခေါ်မှုရှိတဲ့အသင်းအဖြစ် ဆက်လက်တည်ရှိနေဆဲပဲလို့မက်ဆီက သုံးသပ်ခဲ့ပါတယ်။ 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။