Skip to main content
အင္ဒုိ
Ads Block

ပရိသတ္ေတြ ဆူပူေသာင္းက်န္းခဲ့မႈအတြက္ အင္ဒုိေဘာလုံးအဖြဲ႕ခ်ဳပ္ ဒဏ္ေၾကးေဒၚလာ ၄၅၀၀၀ ေပးေဆာင္ရမည္  

မေလးရွားအသင္းကုိ ၃-၂ ဂုိးနဲ႕ရႈံးခဲ့တဲ့ ကမာၻ ့ဖလား ေျခစစ္ပြဲစဥ္အတြင္း ပရိသတ္ေတြ ျပႆနာရွာခဲ့တဲ့ျဖစ္စဥ္အတြက္ ကမာၻ႕ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာက အင္ဒုိနီးရွားေဘာလုံးအဖြဲ႕ခ်ဳပ္ကုိ ဒဏ္ေၾကးခ်မွတ္ခဲ့ေၾကာင္း အဖြဲ႕ခ်ဳပ္က ေအာက္တုိဘာ ၉ ရက္မွာ ေျပာဆုိခဲ့ပါတယ္။ 

ၿပီးခဲ့တဲ့လက ၿမိဳ႕ေတာ္ဂ်ကာတာမွာ ကစားခဲ့တဲ့ ေျခစစ္ပြဲစဥ္အတြင္း အရာ၀တၳဳေတြနဲ႕ပစ္ေပါက္ခဲ့သလုိ မေလးရွားပရိသတ္ေတြကုိ ၿခိမ္းေျခာက္ခဲ့တဲ့ ၀ရုန္းသုန္းကားျဖစ္ရပ္ေတြအတြက္ အင္ဒုိနီးရွားေဘာလုံးအဖြဲ႕ခ်ဳပ္ PSSI ကုိ ကန္ေဒၚလာ ၄၅၀၀၀ ဒဏ္ရုိက္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ အၾကမ္းဖက္မႈေတြျဖစ္ပြားလာခ်ိန္မွာ ယင္းပြဲစဥ္ကုိ လာေရာက္ၾကည့္ရႈေနခဲ့တဲ့ မေလးရွားလူငယ္နဲ႕အားကစားေရးရာ၀န္ႀကီး ေဆယက္ ဆာဒစ္ကုိ ကြင္းအတြင္းကေန ေနရာေျပာင္းေရႊ႕ေပးခဲ့ရကာ ယင္းကိစၥအတြက္ အင္ဒုိအားကစား၀န္ႀကီးက ေတာင္းပန္ေၾကာင္း ထုတ္ျပန္ခဲ့ရပါတယ္။ ဖီဖာရဲ႕ဆုံးျဖတ္ခ်က္နဲ႕ ဥပေဒအရအေရးယူမႈကုိ PSSI က ေလးစားအသိအသိအမွတ္ျပဳပါေၾကာင္း အင္ဒုိ ေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ရာတူတစ္ရွာ ဒီစထရီယာက ထုတ္ျပန္ေျပာဆုိခဲ့ကာ ေနာင္မွာ ဒီလုိအၾကမ္းဖက္မႈေတြမျဖစ္ေအာင္ ေျပာင္းလဲမႈေတြလုပ္သြားမယ္လုိ ့ေျပာဆုိခဲ့ပါတယ္။ 

ေနာက္တစ္ပတ္ ဗီယက္နမ္အသင္းနဲ႕ ကစားမယ့္ေျခစစ္ပြဲကုိေတာ့ အလားတူျဖစ္ရပ္မ်ဳိးေတြ မေပၚေပါက္ေစဖုိ ့အတြက္ ဂ်ကာတာကေန ဘာလီကၽြန္းေပၚ ေျပာင္းေရႊ႕က်င္းပသြားမယ္လုိ ့သိရပါတယ္။ ၂၀၃၄ ကမာၻ႕ဖလားၿပိဳင္ပြဲကုိ ပူးတြဲအိမ္ရွင္အျဖစ္ လက္ခံက်င္းပဖုိ ့အတြက္ ယခုႏွစ္အေစာပုိင္းက ၾသစေၾတးလ်ႏုိင္ငံနဲ႕ အႀကိဳေဆြးေႏြးေျပာဆုိမႈေတြ လုပ္ထားေၾကာင္း PSSI က ထုတ္ေဖာ္ေျပာဆုိခဲ့အၿပီးမွာ အခုလုိဒဏ္ေၾကးရုိက္တဲ့ သတင္းထြက္လာတာျဖစ္ပါတယ္။

Unicode Version

ပရိသတ်တွေ ဆူပူသောင်းကျန်းခဲ့မှုအတွက် အင်ဒိုဘောလုံးအဖွဲ့ချုပ် ဒဏ်ကြေးဒေါ်လာ ၄၅၀၀၀ ပေးဆောင်ရမည်  
-------  ကိုလင်း(အကုန်သိသတင်းဌာန)  -------
မလေးရှားအသင်းကို ၃-၂ ဂိုးနဲ့ရှုံးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွင်း ပရိသတ်တွေ ပြဿနာရှာခဲ့တဲ့ဖြစ်စဉ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ကြေးချမှတ်ခဲ့ကြောင်း အဖွဲ့ချုပ်က အောက်တိုဘာ ၉ ရက်မှာ ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လက မြို့တော်ဂျကာတာမှာ ကစားခဲ့တဲ့ ခြေစစ်ပွဲစဉ်အတွင်း အရာဝတ္ထုတွေနဲ့ပစ်ပေါက်ခဲ့သလို မလေးရှားပရိသတ်တွေကို ခြိမ်းခြောက်ခဲ့တဲ့ ဝရုန်းသုန်းကားဖြစ်ရပ်တွေအတွက် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် PSSI ကို ကန်ဒေါ်လာ ၄၅၀၀၀ ဒဏ်ရိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အကြမ်းဖက်မှုတွေဖြစ်ပွားလာချိန်မှာ ယင်းပွဲစဉ်ကို လာရောက်ကြည့်ရှုနေခဲ့တဲ့ မလေးရှားလူငယ်နဲ့အားကစားရေးရာဝန်ကြီး ဆေယက် ဆာဒစ်ကို ကွင်းအတွင်းကနေ နေရာပြောင်းရွှေ့ပေးခဲ့ရကာ ယင်းကိစ္စအတွက် အင်ဒိုအားကစားဝန်ကြီးက တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ရပါတယ်။ ဖီဖာရဲ့ဆုံးဖြတ်ချက်နဲ့ ဥပဒေအရအရေးယူမှုကို PSSI က လေးစားအသိအသိအမှတ်ပြုပါကြောင်း အင်ဒို ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရာတူတစ်ရှာ ဒီစထရီယာက ထုတ်ပြန်ပြောဆိုခဲ့ကာ နောင်မှာ ဒီလိုအကြမ်းဖက်မှုတွေမဖြစ်အောင် ပြောင်းလဲမှုတွေလုပ်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။ 

နောက်တစ်ပတ် ဗီယက်နမ်အသင်းနဲ့ ကစားမယ့်ခြေစစ်ပွဲကိုတော့ အလားတူဖြစ်ရပ်မျိုးတွေ မပေါ်ပေါက်စေဖို့အတွက် ဂျကာတာကနေ ဘာလီကျွန်းပေါ် ပြောင်းရွှေ့ကျင်းပသွားမယ်လို့သိရပါတယ်။ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် ယခုနှစ်အစောပိုင်းက သြစတြေးလျနိုင်ငံနဲ့ အကြိုဆွေးနွေးပြောဆိုမှုတွေ လုပ်ထားကြောင်း PSSI က ထုတ်ဖော်ပြောဆိုခဲ့အပြီးမှာ အခုလိုဒဏ်ကြေးရိုက်တဲ့ သတင်းထွက်လာတာဖြစ်ပါတယ်။ 

    -  ကုိလင္း (အကုန္သိသတင္းဌာန) Ref;CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။