Skip to main content
ဘီယာ
Ads Block

ၾသေစၾတးလ်မွာ ဘီယာကုန္ကားတစ္စီး တိမ္းေမွာက္ျပီး ဘီယာေတြ ဖိတ္က်ကုန္ခဲ့လုိ ့ ဘီယာခ်စ္သူေတြ ရင္နာခဲ့ရ 

ၾသစေၾတးလ်ႏုိင္ငံ နယူးေဆာက္ေ၀းျပည္နယ္က အေ၀းေျပးလမ္းမႀကီးေပၚမွာ VB ဘီယာကုန္ကားတစ္စီး တိမ္းေမွာက္ကာ လမ္းမေပၚ ေရႊေရာင္ဘီယာစီးေၾကာင္းျဖစ္ေပၚသြားခဲ့လုိ ့ဘီယာခ်စ္သူမ်ားၾကားမွာ ခံစားခ်က္မတူညီတဲ့ ဆုံးရႈံးနစ္နာမႈေတြျဖစ္ခဲ့ရပါတယ္။ 

VB ကုမၸဏီက ေဖ့စ္ဘုတ္မွာ ပုိ ့စ္တစ္ခုတင္ကာ ျဖစ္စဥ္ကုိ အတည္ျပဳခဲ့ၿပီး ဆုိးဆုိး၀ါး၀ါး ထိခုိက္ဒဏ္ရာရသူမရွိခဲ့ေၾကာင္း ေျပာဆုိပါတယ္။ ေဒသခံ ၃၀၀၀ ေလာက္ကေတာ့ ဒီဘီယာဘူးေတြကုိ ရွင္းလင္းဖယ္ရွားေပးဖုိ ့ ဆႏၵရွိခဲ့ၾကေၾကာင္း ဒါေပမဲ့လည္း ဗီဒီယုိျပကြက္အရေတာ့ ဘီယာေတြ လမ္းေပၚ အလဟသဖိတ္က်ေနတာကုိသာ ရင္နာနာနဲ႕ ၾကည့္ေနခဲ့ရမွာျဖစ္ေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။ တာရီးၿမိဳ႕ေျမာက္ပုိင္း ပစိဖိတ္အေ၀းေျပးလမ္းမႀကီးေပၚမွာ ေအာက္တုိဘာ ၈ ရက္ေန ့က ယင္းမေတာ္တဆမႈ ျဖစ္ခဲ့တာျဖစ္ၿပီး လမ္းတစ္ေလွ်ာက္ ေထာင္ေပါင္းမ်ားစြာေသာ ဘီယာဘူးေတြ ျပန္ ့က်ဲကုန္ခဲ့ကာ ႏုိင္ငံေနရာအႏွံ႕က ဘီယာခ်စ္သူေတြအတြက္ ႏွေျမတသစရာျဖစ္ခဲ့ရပါတယ္။ ယခုျဖစ္ရပ္ေၾကာင့္ ယာဥ္ေၾကာၾကန္ ့ၾကာမႈေတြ ျဖစ္ခဲ့သလုိ လူမႈကြန္ရက္မွာလည္း လူေျပာမ်ားစရာ အေၾကာင္းအရာတစ္ခုျဖစ္ခဲ့ပါတယ္။ 

“ ကၽြန္ေတာ္ ႀကဳံေတြ႕ဖူးသမွ်ထဲေတာ့ ေၾကကြဲစရာအေကာင္းဆုံး ျဖစ္ရပ္ပါ။ ဘီယာေတြ ဘယ္ေနရာစီးသြားတယ္ဆုိတာ ေျပာျပၾကပါဦး ” လုိ ့ လူမႈကြန္ရက္သုံးသူတစ္ဦးက VB ရဲ႕ ပုိ ့စ္ေအာက္မွာ ၀င္မန္ ့ခဲ့ပါတယ္။ အျခားတစ္ေယာက္ကလည္း “ ဒီလုိ သဘာ၀ေဘးမ်ဳိးေတာ့ ၀င္ကူရွင္းေပးလုိက္ခ်င္ပါရဲ႕” လုိ ့ မွတ္ခ်က္ျပဳသြားခဲ့ပါတယ္။

Unicode Version

သြစေတြးလျမှာ ဘီယာကုန်ကားတစ်စီး တိမ်းမှောက်ပြီး ဘီယာတွေ ဖိတ်ကျကုန်ခဲ့လို့ ဘီယာချစ်သူတွေ ရင်နာခဲ့ရ 
--------  ကိုလင်း(အကုန်သိ သတင်းဌာန)  ----------
သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်က အဝေးပြေးလမ်းမကြီးပေါ်မှာ VB ဘီယာကုန်ကားတစ်စီး တိမ်းမှောက်ကာ လမ်းမပေါ် ရွှေရောင်ဘီယာစီးကြောင်းဖြစ်ပေါ်သွားခဲ့လို့ဘီယာချစ်သူများကြားမှာ ခံစားချက်မတူညီတဲ့ ဆုံးရှုံးနစ်နာမှုတွေဖြစ်ခဲ့ရပါတယ်။ 

VB ကုမ္ပဏီက ဖေ့စ်ဘုတ်မှာ ပို့စ်တစ်ခုတင်ကာ ဖြစ်စဉ်ကို အတည်ပြုခဲ့ပြီး ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း ပြောဆိုပါတယ်။ ဒေသခံ ၃၀၀၀ လောက်ကတော့ ဒီဘီယာဘူးတွေကို ရှင်းလင်းဖယ်ရှားပေးဖို့ ဆန္ဒရှိခဲ့ကြကြောင်း ဒါပေမဲ့လည်း ဗီဒီယိုပြကွက်အရတော့ ဘီယာတွေ လမ်းပေါ် အလဟသဖိတ်ကျနေတာကိုသာ ရင်နာနာနဲ့ ကြည့်နေခဲ့ရမှာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။ တာရီးမြို့မြောက်ပိုင်း ပစိဖိတ်အဝေးပြေးလမ်းမကြီးပေါ်မှာ အောက်တိုဘာ ၈ ရက်နေ့က ယင်းမတော်တဆမှု ဖြစ်ခဲ့တာဖြစ်ပြီး လမ်းတစ်လျှောက် ထောင်ပေါင်းများစွာသော ဘီယာဘူးတွေ ပြန့်ကျဲကုန်ခဲ့ကာ နိုင်ငံနေရာအနှံ့က ဘီယာချစ်သူတွေအတွက် နှမြေတသစရာဖြစ်ခဲ့ရပါတယ်။ ယခုဖြစ်ရပ်ကြောင့် ယာဉ်ကြောကြန့်ကြာမှုတွေ ဖြစ်ခဲ့သလို လူမှုကွန်ရက်မှာလည်း လူပြောများစရာ အကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။ 

“ ကျွန်တော် ကြုံတွေ့ဖူးသမျှထဲတော့ ကြေကွဲစရာအကောင်းဆုံး ဖြစ်ရပ်ပါ။ ဘီယာတွေ ဘယ်နေရာစီးသွားတယ်ဆိုတာ ပြောပြကြပါဦး ” လို့ လူမှုကွန်ရက်သုံးသူတစ်ဦးက VB ရဲ့ ပို့စ်အောက်မှာ ဝင်မန့်ခဲ့ပါတယ်။ အခြားတစ်ယောက်ကလည်း “ ဒီလို သဘာဝဘေးမျိုးတော့ ဝင်ကူရှင်းပေးလိုက်ချင်ပါရဲ့” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ 
             
    -  ကုိလင္း (အကုန္သိသတင္းဌာန) video: Reuters 
             

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။