Skip to main content
Ads Block

ဖြိုးပြည့်စုံ ပြန်လွှတ်ပေးခဲ့သည့် ကိစ္စ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရှင်း

အဆိုတော် ဖြိုးပြည့်စုံပါ သုံးဦးထံမှ သိမ်းဆည်းရမိခဲ့သည့်ပစ္စည်းများမှာ မူးယစ်ဆေးဝါးမဟုတ်သဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဟုဆို 
------------အကုန်သိသတင်းဌာန--------------
“အမှုတစ်ခုက ကျွန်တော်တို့ စစ်ဆေးပြီးလို့ရှိရင် တိုက်ရိုက်တရားစွဲလို့ မရပါဘူး။ လိုအပ်တဲ့သက်သေခံ အထောက်အထားတွေ ဘာတွေညာတွေ ကျွန်တော်တို့တည်ဆောက်ရပါတယ်။ တည်ဆောက်ပြီးတဲ့အခါကျတော့ ဥပဒေအကြံတောင်းတင်ရပါတယ်။ ဥပဒေရုံးက ကျွန်တော်တို့ရဲ့အမှုတွဲကို ဖတ်ကြည့်ပါတယ်။ ပြီးတော့မှ တရားစွဲသင့်မသင့် အကြံပေးပါတယ်။ သူတို့ဆီကပစ္စည်းက မူးယစ်ဆေးဝါးမဟုတ်ပါဘူး။ ဒီအတွက်ကြောင့် တရားစွဲဆိုရန် မသင့်ပါလို့ ဥပဒေအကြံပြုချက် ပြန်ကြားပါတယ်။ အဲဒီအတွက်ကြောင့် ပြန်လွှတ်လိုက်တာပါ" လို့ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူ း ရဲမှူ းသိန်းဝင်းက သတင်းမီဒီယာများကို အခုလိုပဲပြောသွားခဲ့ပါတယ်။ 
ရိုက်ကူး/တည်းဖြတ် - ထက်ပိုင်စိုး၊ နိုင်မင်းလွင်

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။