Skip to main content
မင္း
Ads Block

ရန္ကုန္ေခတ္သစ္သတင္းဌာနကုိ တရားစြဲမစြဲ မဆံုးျဖတ္ရေသးဟု YMBA အတြင္းေရးမွဴးေျပာ

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ဘြဲ႔တံဆိပ္ခ်ီးျမွင့္သည့္ YMBA အလုပ္အမႈေဆာင္အဖြဲ႔မွာ တရားမဝင္အဖြဲ႔အစည္းျဖစ္ေၾကာင္း ေရးသားမႈမ်ားႏွင့္ ပတ္သက္ၿပီး ရန္ကုန္ေခတ္သစ္သတင္းဌာနကုိ တရားစြဲမစြဲ ဆံုးျဖတ္၍ မရေသးေၾကာင္း ဗုဒၶကလ်ာဏ ယုဝအသင္း(YMBA) အေထြေထြအတြင္းေရးမွဴး ဦးေသာင္းဝင္းက ယေန႔ (ေအာက္တိုဘာလ ၉ ရက္)တြင္ ေျပာသည္။

တပ္ခ်ဳပ္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဂုဏ္ထူးေဆာင္ေပးသည့္ကိစၥႏွင့္ဆက္စပ္ေသာ သတင္းမ်ားအေပၚ YMBA ဘက္က ျပန္လည္ရွင္းလင္းခဲ့ျခင္းလည္း ျဖစ္သည္။ “ တရားစြဲဖုိ႔က ဆံုးျဖတ္လုိ႔မရေသးပါဘူး။ သူတုိ႔ေျပာတာေရးတာက အမွားေတြပါ။ စြဲဖုိ႔ မစြဲဖုိ႔က တစ္ေယာက္တည္း ေျပာလုိ႔မရေသးပါဘူး။ အမ်ားဆံံုးျဖတ္ရမွာ။ တရားစြဲတာေတြ မလုပ္ေသးပါဘူး။  သိခ်င္ရင္ ဒီကိုလာပါလုိ႔ ေျပာတာ။ သူတုိ႔က မလာေတာ့ တို႔လည္း ဘာမွမေျပာေတာ့ဘူးေလ။ သူတုိ႔က လာမယ္ေျပာၿပီး မလာဘူး။ အဲဒါပါပဲ။ တို႔လုပ္ေနတာက မဂၤလာတရားေတြ လုပ္ေနတာ။ မဂၤလာရွိတဲ့အလုပ္ပဲ လုပ္မယ္။ မဂၤလာမရွိတဲ့ အလုပ္ မလုပ္ဘူးေပါ့ကြာ ” ဟု ဦးေသာင္းဝင္းက ေျပာသည္။ ၄င္းတုိ ့ႏွင့္ပတ္သက္၍ မဟုတ္မမွန္ေျပာဆုိသူမ်ားအား တရားစြဲၿပီး ၎တုိ႔အျပစ္ခံရပါကလည္း မည္သူ ့အတြက္မဆုိ မည္သည့္အက်ိဳးမွ် ရမည္မဟုတ္ေၾကာင္း ၎က ေျပာသည္။ YMBA အသင္းအေနျဖင့္ အလုပ္အမႈေဆာင္အဖြဲ႔မ်ားအားလံုး၏ သေဘာတူဆံုးျဖတ္ခ်က္ျဖင့္ ဘြဲ႔တံဆိပ္ကို ခ်ီးျမွင့္ျခင္းျဖစ္ၿပီး မဟာမဂၤလာဓမၼေဇာတိကဓဇ ဂုဏ္ထူးေဆာင္ဘြဲ႔တံဆိပ္ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အေနျဖင့္ ၇၇ ဦးေျမာက္ ဘြဲ႔တံဆိပ္ခ်ီးျမွင့္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။
 
လက္ရွိ YMBA အသင္းတြင္ ေဆာင္ရြက္ေနသည့္ အလုပ္အမႈေဆာင္အဖြဲ႔မွာ ေရြးေကာက္ပြဲအတုမ်ား ျပဳလုပ္ကာ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း၊ အဆုိပါေဆာင္ရြက္မႈမ်ားအား ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႔သို႔ တုိင္ၾကားထားေၾကာင္းလည္း ဒုတိယဥကၠ႒ ဦးသန္းလြင္က House of Orchid တြင္ က်င္းပသည့္ သတင္းစာရွင္းလင္းပဲြတြင္ ေျပာဆုိထားသည္။

Unicode Version

 

ရန်ကုန်ခေတ်သစ်သတင်းဌာနကို တရားစွဲမစွဲ မဆုံးဖြတ်ရသေးဟု YMBA အတွင်းရေးမှူးပြော
----------  ချမ်းငြိမ်း(အကုန်သိသတင်းဌာန)  ---------
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဘွဲ့တံဆိပ်ချီးမြှင့်သည့် YMBA အလုပ်အမှုဆောင်အဖွဲ့မှာ တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း ရေးသားမှုများနှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနကို တရားစွဲမစွဲ ဆုံးဖြတ်၍ မရသေးကြောင်း ဗုဒ္ဓကလျာဏ ယုဝအသင်း(YMBA) အထွေထွေအတွင်းရေးမှူး ဦးသောင်းဝင်းက ယနေ့ (အောက်တိုဘာလ ၉ ရက်)တွင် ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ထူးဆောင်ပေးသည့်ကိစ္စနှင့်ဆက်စပ်သော သတင်းများအပေါ် YMBA ဘက်က ပြန်လည်ရှင်းလင်းခဲ့ခြင်းလည်း ဖြစ်သည်။ “ တရားစွဲဖို့က ဆုံးဖြတ်လို့မရသေးပါဘူး။ သူတို့ပြောတာရေးတာက အမှားတွေပါ။ စွဲဖို့ မစွဲဖို့က တစ်ယောက်တည်း ပြောလို့မရသေးပါဘူး။ အများဆံုံးဖြတ်ရမှာ။ တရားစွဲတာတွေ မလုပ်သေးပါဘူး။  သိချင်ရင် ဒီကိုလာပါလို့ ပြောတာ။ သူတို့က မလာတော့ တို့လည်း ဘာမှမပြောတော့ဘူးလေ။ သူတို့က လာမယ်ပြောပြီး မလာဘူး။ အဲဒါပါပဲ။ တို့လုပ်နေတာက မင်္ဂလာတရားတွေ လုပ်နေတာ။ မင်္ဂလာရှိတဲ့အလုပ်ပဲ လုပ်မယ်။ မင်္ဂလာမရှိတဲ့ အလုပ် မလုပ်ဘူးပေါ့ကွာ ” ဟု ဦးသောင်းဝင်းက ပြောသည်။ ၎င်းတို့နှင့်ပတ်သက်၍ မဟုတ်မမှန်ပြောဆိုသူများအား တရားစွဲပြီး ၎င်းတို့အပြစ်ခံရပါကလည်း မည်သူ့အတွက်မဆို မည်သည့်အကျိုးမျှ ရမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။ YMBA အသင်းအနေဖြင့် အလုပ်အမှုဆောင်အဖွဲ့များအားလုံး၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းဖြစ်ပြီး မဟာမင်္ဂလာဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ၇၇ ဦးမြောက် ဘွဲ့တံဆိပ်ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ YMBA အသင်းတွင် ဆောင်ရွက်နေသည့် အလုပ်အမှုဆောင်အဖွဲ့မှာ ရွေးကောက်ပွဲအတုများ ပြုလုပ်ကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါဆောင်ရွက်မှုများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားထားကြောင်းလည်း ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က House of Orchid တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

   -   ခ်မ္းျငိမ္း (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။