Skip to main content
စစ္ပြဲ
Ads Block

တူရကီတပ္ေတြနဲ႕ မဟာမိတ္ဆီးရီးယားသူပုန္တပ္ေတြ ဆီးရီးယားနယ္ေျမထဲ မၾကာခင္၀င္ေရာက္မည္ဟု အာဒုိဂန္၏ လက္ေထာက္တစ္ဦး ေျပာ 

တူရကီတပ္ေတြနဲ႕ မဟာမိတ္ ဆီးရီးယားသူပုန္တပ္ေတြ ဆီးရီးယားနယ္ေျမထဲ မၾကာခင္ျဖတ္ေက်ာ္၀င္ေရာက္ေတာ့မွာျဖစ္ေၾကာင္း တူရကီအရာရွိတစ္ဦးက ဗုဒၶဟူးေန ့နံနက္ပုိင္းမွာ ေျပာဆုိလုိက္ပါတယ္။ 

ဆီးရီးယား အေရွ႕ေျမာက္ပုိင္းေဒသေတြကေန အေမရိကန္တပ္ေတြ စတင္ဆုတ္ခြာေနကတည္းက တူရကီဟာ နယ္စပ္ကုိျဖတ္၀င္ဖုိ ့ခ်ိန္ဆေနခဲ့တာျဖစ္ပါတယ္။ ဆီးရီးယားေျမာက္ပုိင္းက ၀ါရွင္တန္ရဲ႕ မဟာမိတ္ ကာ့ဒ္ေတြကုိ တူရကီက ထုိးစစ္ဆင္မယ့္ အစီအစဥ္အတြက္ အေမရိကန္တပ္ေတြ ဆုတ္ေပးဖုိ ့ သမၼတထရန္႕ရဲ႕ႀကီးမားတဲ့ ေပၚလစီအလွည့္အေျပာင္းဆုံးျဖတ္ခ်က္အေပၚ က်ယ္က်ယ္ျပန္ ့ျပန္ ့ေ၀ဖန္ျပစ္တင္မႈေတြရွိခဲ့ပါတယ္။ တူရကီစစ္တပ္ဟာ ေဒသတြင္း ကာ့ဒ္တပ္ေတြ အင္အားျဖည့္တင္းတဲ့ လမ္းေၾကာင္းကုိ ဟန္ ့တားဖုိ ့အတြက္ ဆီးရီးယား-အီရတ္နယ္စပ္မွာ တုိက္ခုိက္မႈလုပ္ခဲ့ေၾကာင္း အဂၤါေန ့မွာ တူရကီအရာရွိေတြက ေျပာဆုိခဲ့ၿပီး တုိက္ခုိက္မႈလုပ္ခဲ့တဲ့ အေၾကာင္းအရာအေသးစိတ္ကုိေတာ့ ရွင္းရွင္းလင္းလင္း မေျပာခဲ့ပါဘူး။ တူရကီဟာ ၄င္းနယ္ေျမထဲရွိ ဒုကၡသည္သန္းေပါင္းမ်ားစြာ ဆီးရီးယားနယ္ေျမထဲ ျပန္ပုိ ့ေပးႏုိင္ဖုိ ့အတြက္ ေဘးကင္းဇုန္တစ္ခု ထူေထာင္ႏုိင္ေရး ရည္ရြယ္ထားေၾကာင္း ေျပာဆုိပါတယ္။ တူရကီဟာ ၄င္းႏုိင္ငံတြင္းမွာ ကာလၾကာရွည္သူပုန္ထေနတဲ့ ကာ့ဒ္စစ္ေသြးၾကြေတြနဲ႕ အဆက္အဆံရွိေနတဲ့ ဆီးရီးယားအေရွ႕ေျမာက္ပုိင္းက ကာ့ဒ္ YPG တုိက္ခုိက္ေရးသမားေတြကုိ အၾကမ္းဖက္သမားေတြအျဖစ္ သတ္မွတ္ထားပါတယ္။ YPG တုိက္ခုိက္ေရးသမားေတြအေနနဲ႕ ဘက္ေျပာင္းရင္ေျပာင္း ဒါမွမဟုတ္ အုိင္အက္စ္ႏွိမ္နင္းေရးမွာ တူရကီအတြက္ အခက္ႀကဳံေစေအာင္ ၄င္းတုိ ့ရဲ႕ ဟန္ ့တားေႏွာင့္ယွက္ေနမႈေတြကုိ ရပ္တန္ ့ေအာင္ လုပ္ရမွာျဖစ္ေၾကာင္း သမၼတ ေတယစ္အာဒုိဂန္ရဲ႕ ဆက္ဆံေရးဒါရိုက္တာ ဖာ့ဟရက္တင္ အယ္တန္က ေျပာဆုိခဲ့ပါတယ္။ “ လြတ္လပ္တဲ့ ဆီးရီးယားတပ္မေတာ္ FSA နဲ႕အတူ တူရကီစစ္တပ္ဟာ တူရကီ-ဆီးရီးယားနယ္စပ္ကုိ မၾကာခင္ ၀င္ေရာက္ပါမယ္ ” လုိ ့ အယ္တန္က တြစ္တာမွာ ေရးသားခဲ့သလုိ ၀ါရွင္တန္ပုိ ့စ္သတင္းစာမွာလည္း ေဖာ္ျပခဲ့ပါတယ္။ 

တူရကီအေနနဲ႕ တူရကီႏုိင္ငံသားေတြအတြက္ ကာလၾကာရွည္ ၿခိမ္းေျခာက္မႈျဖစ္ေနေစတာကုိ ခ်ဳပ္ၿငိမ္းသြားဖုိ ့၊ နယ္စပ္ေဒသတြင္းက ျပည္သူလူထုေတြ လက္နက္ကုိင္ ရာဇ၀တ္သားေတြရဲ႕ ေဘးရန္၀န္ထုပ္၀န္ပုိးကေန လြတ္ေျမာက္ေစဖုိ ့ကလြဲၿပီး ဆီးရီးယားအေရွ႕ေျမာက္ပုိင္းေဒသမွာ အျခားဘာရည္ရြယ္ခ်က္မ်ဳိးမွ မရွိပါေၾကာင္းလည္း ၄င္းက ေျပာဆုိခဲ့ပါတယ္။ ဆီးရီးယားသူပုန္အဖြဲ႕ FSA ဟာ ဆီးရီးယားေျမာက္ပုိင္းကေန တူရကီနယ္ေျမထဲ ေရာက္ရွိလာခဲ့ၿပီး ဆီးရီးယားအေရွ႕ေျမာက္ပုိင္း က်ဴးေက်ာ္ထုိးစစ္အတြက္ ျပင္ဆင္မႈေတြလုပ္ခဲ့ၾကေၾကာင္း တူရကီ DHA သတင္းက ေဖာ္ျပပါတယ္။

Unicode Version

တူရကီတပ်တွေနဲ့ မဟာမိတ်ဆီးရီးယားသူပုန်တပ်တွေ ဆီးရီးယားနယ်မြေထဲ မကြာခင်ဝင်ရောက်မည်ဟု အာဒိုဂန်၏ လက်ထောက်တစ်ဦး ပြော 
---------  ကိုလင်း (အကုန်သိ သတင်းဌာန)  ----------
တူရကီတပ်တွေနဲ့ မဟာမိတ် ဆီးရီးယားသူပုန်တပ်တွေ ဆီးရီးယားနယ်မြေထဲ မကြာခင်ဖြတ်ကျော်ဝင်ရောက်တော့မှာဖြစ်ကြောင်း တူရကီအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့နံနက်ပိုင်းမှာ ပြောဆိုလိုက်ပါတယ်။ 
ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသတွေကနေ အမေရိကန်တပ်တွေ စတင်ဆုတ်ခွာနေကတည်းက တူရကီဟာ နယ်စပ်ကိုဖြတ်ဝင်ဖို့ချိန်ဆနေခဲ့တာဖြစ်ပါတယ်။ ဆီးရီးယားမြောက်ပိုင်းက ဝါရှင်တန်ရဲ့ မဟာမိတ် ကာ့ဒ်တွေကို တူရကီက ထိုးစစ်ဆင်မယ့် အစီအစဉ်အတွက် အမေရိကန်တပ်တွေ ဆုတ်ပေးဖို့ သမ္မတထရန့်ရဲ့ကြီးမားတဲ့ ပေါ်လစီအလှည့်အပြောင်းဆုံးဖြတ်ချက်အပေါ် ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပါတယ်။ တူရကီစစ်တပ်ဟာ ဒေသတွင်း ကာ့ဒ်တပ်တွေ အင်အားဖြည့်တင်းတဲ့ လမ်းကြောင်းကို ဟန့်တားဖို့အတွက် ဆီးရီးယား-အီရတ်နယ်စပ်မှာ တိုက်ခိုက်မှုလုပ်ခဲ့ကြောင်း အင်္ဂါနေ့မှာ တူရကီအရာရှိတွေက ပြောဆိုခဲ့ပြီး တိုက်ခိုက်မှုလုပ်ခဲ့တဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ 
တူရကီဟာ ၎င်းနယ်မြေထဲရှိ ဒုက္ခသည်သန်းပေါင်းများစွာ ဆီးရီးယားနယ်မြေထဲ ပြန်ပို့ပေးနိုင်ဖို့အတွက် ဘေးကင်းဇုန်တစ်ခု ထူထောင်နိုင်ရေး ရည်ရွယ်ထားကြောင်း ပြောဆိုပါတယ်။ တူရကီဟာ ၎င်းနိုင်ငံတွင်းမှာ ကာလကြာရှည်သူပုန်ထနေတဲ့ ကာ့ဒ်စစ်သွေးကြွတွေနဲ့ အဆက်အဆံရှိနေတဲ့ ဆီးရီးယားအရှေ့မြောက်ပိုင်းက ကာ့ဒ် YPG တိုက်ခိုက်ရေးသမားတွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားပါတယ်။ YPG တိုက်ခိုက်ရေးသမားတွေအနေနဲ့ ဘက်ပြောင်းရင်ပြောင်း ဒါမှမဟုတ် အိုင်အက်စ်နှိမ်နင်းရေးမှာ တူရကီအတွက် အခက်ကြုံစေအောင် ၎င်းတို့ရဲ့ ဟန့်တားနှောင့်ယှက်နေမှုတွေကို ရပ်တန့်အောင် လုပ်ရမှာဖြစ်ကြောင်း သမ္မတ တေယစ်အာဒိုဂန်ရဲ့ ဆက်ဆံရေးဒါရိုက်တာ ဖာ့ဟရက်တင် အယ်တန်က ပြောဆိုခဲ့ပါတယ်။ “ လွတ်လပ်တဲ့ ဆီးရီးယားတပ်မတော် FSA နဲ့အတူ တူရကီစစ်တပ်ဟာ တူရကီ-ဆီးရီးယားနယ်စပ်ကို မကြာခင် ဝင်ရောက်ပါမယ် ” လို့ အယ်တန်က တွစ်တာမှာ ရေးသားခဲ့သလို ဝါရှင်တန်ပို့စ်သတင်းစာမှာလည်း ဖော်ပြခဲ့ပါတယ်။ 
တူရကီအနေနဲ့ တူရကီနိုင်ငံသားတွေအတွက် ကာလကြာရှည် ခြိမ်းခြောက်မှုဖြစ်နေစေတာကို ချုပ်ငြိမ်းသွားဖို့၊ နယ်စပ်ဒေသတွင်းက ပြည်သူလူထုတွေ လက်နက်ကိုင် ရာဇဝတ်သားတွေရဲ့ ဘေးရန်ဝန်ထုပ်ဝန်ပိုးကနေ လွတ်မြောက်စေဖို့ကလွဲပြီး ဆီးရီးယားအရှေ့မြောက်ပိုင်းဒေသမှာ အခြားဘာရည်ရွယ်ချက်မျိုးမှ မရှိပါကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါတယ်။ ဆီးရီးယားသူပုန်အဖွဲ့ FSA ဟာ ဆီးရီးယားမြောက်ပိုင်းကနေ တူရကီနယ်မြေထဲ ရောက်ရှိလာခဲ့ပြီး ဆီးရီးယားအရှေ့မြောက်ပိုင်း ကျူးကျော်ထိုးစစ်အတွက် ပြင်ဆင်မှုတွေလုပ်ခဲ့ကြကြောင်း တူရကီ DHA သတင်းက ဖော်ပြပါတယ်။ 
       
  -  ကုိလင္း (အကုန္သိသတင္းဌာန)  Ref;Reuters 
       

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။