Skip to main content
နာရီ
Ads Block

ျပင္သစ္ဟုိတယ္တစ္ခုကေန ထြက္လာတဲ့ ဂ်ပန္ႏုိင္ငံသား ေဒၚလာ ၈ သိန္းေက်ာ္တန္ဆြစ္နာရီ လက္ကေန ျဖဳတ္လုခံရ

ျပင္သစ္ႏုိင္ငံ ပါရီဟုိတယ္တစ္ခုမွာတည္းေနတဲ့ ဂ်ပန္ႏုိင္ငံသားတစ္ဦးဟာ ဟုိတယ္အျပင္ ထြက္လာစဥ္ လက္မွာပတ္ထားတဲ့ ကန္ေဒၚလာ ၈၄၀၀၀၀ တန္ ဆြစ္နာရီကုိ အလစ္သုတ္သမားရဲ႕ ရုတ္တရက္ ျဖဳတ္ယူသြားျခင္းခံလုိက္ရေၾကာင္း ရဲသတင္းရင္းျမစ္ေတြက အဂၤါေန ့မွာ ေျပာဆုိပါတယ္။ 

အသက္ ၃၀ ႏွစ္အရြယ္ ဂ်ပန္ႏုိင္ငံသားဟာ တနလၤာေန ့ညပုိင္းက ၾကယ္ငါးပြင့္ Hotel Napoleon အျပင္ကုိ ထြက္လာစဥ္ အမ်ဳိးသားတစ္ဦး အနားကပ္လာကာ စီးကရက္တစ္လိပ္ေတာင္းခဲ့ေၾကာင္း သိရပါတယ္။ ယင္းေနာက္ အလစ္သုတ္သမားဟာ သူ႕လက္ကုိ ဆတ္ခနဲဆြဲကာ ရွားပါး Richard Mille နာရီ အမ်ဳိးအစား ခန္႔မွန္းေျခအားျဖင့္ ယူရုိ ၇၇၀၀၀၀ တန္ Tourbillon Diamond Twister နာရီကုိ ျဖဳတ္ယူထြက္ေျပးသြားခဲ့တယ္လုိ႕ သိရပါတယ္။ Mille နာရီအမ်ဳိးအစားေတြဟာ အတြင္းစက္ပုိင္းဆုိင္ရာဖြဲ႕စည္းပုံ သပြတ္အူလုိ ရႈပ္ေထြးၿပီး ႀကီးမားတဲ့ နာရီအုိးေတြနဲ႕ ဖန္တီးထားကာ နာရီ၀ါသနာအုိးေတြအတြက္ ဂုဏ္တင့္တဲ့ ဆုလာဘ္တစ္ခုလုိ သတ္မွတ္ၾကပါတယ္။ ဒီလုိပဲ ျပင္သစ္ၿမိဳ႕ေတာ္ပါရီမွာ လူခ်မ္းသာ ခရီးသြားေတြကုိ ပစ္မွတ္ထားတဲ့ အလစ္သုတ္သမားေတြအတြက္လည္း ဒီနာရီေတြက မ်က္စိက်စရာျဖစ္ခဲ့ပါတယ္။ The Perisien သတင္းစာရဲ႕ တိတိက်က် ေဖာ္ျပခ်က္ အရ ပါရီၿမိဳ႕က Golden Triangle နဲ႔ Champs-Elysees ရိပ္သာလမ္းအနီးက ေၾကးရတက္ဧရိယာေတြမွာ ယခုႏွစ္အတြင္း တန္ဖုိးႀကီးနာရီ လုယက္ခံရမႈ ၂၄ ၾကိမ္အထိ ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။ ဇန္န၀ါရီလကေန စက္တင္ဘာလအထိ ပါရီၿမိဳ႕နဲ႔ အနီးအနား ဆင္ေျခဖုံးေနရာေတြမွာ လုယက္မႈ ၇၁ မႈျဖစ္ခဲ့ၿပီး ယင္းတုိ ့ထဲမွာ Richard Mille နာရီေတြလုယက္ခံရမႈ ေလးမႈေလာက္ပါ၀င္ခဲ့ကာ စုစုေပါင္း ကန္ေဒၚလာ ၁၀၉၀၀၀ ဖုိးရွိတယ္လုိ႔ ဆုိပါတယ္။ 

ဒါေပမဲ့ ကံေကာင္းတာတစ္ခုကေတာ့ ဂ်ပန္ႏုိင္ငံသား လုယက္ခံရခ်ိန္မွာ အလစ္သုတ္သမားရဲ႕ ဆဲလ္ဖုန္း ျပဳတ္က်က်န္ခဲ့ၿပီး အုပ္စုဖြဲ႕ ျပစ္မႈက်ဴးလြန္မႈေတြနဲ႕ လုယက္မႈေတြကုိ စုံစမ္းစစ္ေဆးေနတဲ့ ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းေပးခဲ့တယ္လုိ ့ ရဲသတင္းရင္းျမစ္ေတြက ေျပာခဲ့ပါတယ္။

Unicode Version

ပြင်သစ်ဟိုတယ်တစ်ခုကနေ ထွက်လာတဲ့ ဂျပန်နိုင်ငံသား ဒေါ်လာ ၈ သိန်းကျော်တန်ဆွစ်နာရီ လက်ကနေ ဖြုတ်လုခံရ
-------  ကိုလင်း (အကုန်သိ သတင်းဌာန)  -------- 
ပြင်သစ်နိုင်ငံ ပါရီဟိုတယ်တစ်ခုမှာတည်းနေတဲ့ ဂျပန်နိုင်ငံသားတစ်ဦးဟာ ဟိုတယ်အပြင် ထွက်လာစဉ် လက်မှာပတ်ထားတဲ့ ကန်ဒေါ်လာ ၈၄၀၀၀၀ တန် ဆွစ်နာရီကို အလစ်သုတ်သမားရဲ့ ရုတ်တရက် ဖြုတ်ယူသွားခြင်းခံလိုက်ရကြောင်း ရဲသတင်းရင်းမြစ်တွေက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။ 
အသက် ၃၀ နှစ်အရွယ် ဂျပန်နိုင်ငံသားဟာ တနင်္လာနေ့ညပိုင်းက ကြယ်ငါးပွင့် Hotel Napoleon အပြင်ကို ထွက်လာစဉ် အမျိုးသားတစ်ဦး အနားကပ်လာကာ စီးကရက်တစ်လိပ်တောင်းခဲ့ကြောင်း သိရပါတယ်။ ယင်းနောက် အလစ်သုတ်သမားဟာ သူ့လက်ကို ဆတ်ခနဲဆွဲကာ ရှားပါး Richard Mille နာရီ အမျိုးအစား ခန့်မှန်းခြေအားဖြင့် ယူရို ၇၇၀၀၀၀ တန် Tourbillon Diamond Twister နာရီကို ဖြုတ်ယူထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ Mille နာရီအမျိုးအစားတွေဟာ အတွင်းစက်ပိုင်းဆိုင်ရာဖွဲ့စည်းပုံ သပွတ်အူလို ရှုပ်ထွေးပြီး ကြီးမားတဲ့ နာရီအိုးတွေနဲ့ ဖန်တီးထားကာ နာရီဝါသနာအိုးတွေအတွက် ဂုဏ်တင့်တဲ့ ဆုလာဘ်တစ်ခုလို သတ်မှတ်ကြပါတယ်။ ဒီလိုပဲ ပြင်သစ်မြို့တော်ပါရီမှာ လူချမ်းသာ ခရီးသွားတွေကို ပစ်မှတ်ထားတဲ့ အလစ်သုတ်သမားတွေအတွက်လည်း ဒီနာရီတွေက မျက်စိကျစရာဖြစ်ခဲ့ပါတယ်။ The Perisien သတင်းစာရဲ့ တိတိကျကျ ဖော်ပြချက် အရ ပါရီမြို့က Golden Triangle နဲ့ Champs-Elysees ရိပ်သာလမ်းအနီးက ကြေးရတက်ဧရိယာတွေမှာ ယခုနှစ်အတွင်း တန်ဖိုးကြီးနာရီ လုယက်ခံရမှု ၂၄ ကြိမ်အထိ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ပါရီမြို့နဲ့ အနီးအနား ဆင်ခြေဖုံးနေရာတွေမှာ လုယက်မှု ၇၁ မှုဖြစ်ခဲ့ပြီး ယင်းတို့ထဲမှာ Richard Mille နာရီတွေလုယက်ခံရမှု လေးမှုလောက်ပါဝင်ခဲ့ကာ စုစုပေါင်း ကန်ဒေါ်လာ ၁၀၉၀၀၀ ဖိုးရှိတယ်လို့ ဆိုပါတယ်။ 
ဒါပေမဲ့ ကံကောင်းတာတစ်ခုကတော့ ဂျပန်နိုင်ငံသား လုယက်ခံရချိန်မှာ အလစ်သုတ်သမားရဲ့ ဆဲလ်ဖုန်း ပြုတ်ကျကျန်ခဲ့ပြီး အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်မှုတွေနဲ့ လုယက်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ရဲသတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။ 

    -   ကုိလင္း (အကုန္သိသတင္းဌာန) Ref ;CNA
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။