Skip to main content
ဘဂၤလား
Ads Block
ရွေးကောက်ပွဲကော်မရှင်ရုံး အမျိုးသားသက်သေခံကတ်ပြားဆိုင်ရာဌာန အထွေထွေမန်နေဂျာသည် အချက်အလက် ပေါက်ကြားမှု၌ ပတ်သက်သည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ၄င်း၏ စက်တင်ဘာ ၂၃ ရက်က အစစ်ခံချက်အရ အခြားဆက်နွယ်သည့် ယာယီနှင့် အမြဲတမ်းဝန်ထမ်းများအပါအဝင် ကော်မရှင်ရုံးဝန်ထမ်း စုစုပေါင်း ၁၅ ဦးခန့်နှင့် ပေါက်ကြားခဲ့သည့် အချက်အလက်အတိအကျကို သိရှိခဲ့ရကြောင်း၊ အချက်အလက်များကို မသမာသော နည်းလမ်းဖြင့်ရယူ၍ မဲဆန္ဒရှင်အဖြစ် လိမ်လည်ရန် အားထုတ်သည့် ဒုက္ခသည်ဘင်္ဂါလီ ၆၁ ဦး၏ အမည်စာရင်းကို ဆက်လက်ဖော်ထုတ်နိုင်ခဲ့ပြီး ၄င်းတို့ အားလုံးကို မကြာမီ တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်စေရန် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နောင်တွင် ကော်မရှင်၏ ဆာဗာမှ အချက်အလက်များကို တရားမ၀င် ရယူနိုင်ခြင်း မရှိစေရန် လိုအပ်သည်များကို လုပ်ဆောင်လျှက်ရှိကြောင်း ဆက်လက်ပြောဆိုသည်။
Unicode Version
မဲဆန္ဒရှင် ၁ဝ၄ သန်းတွင် ရိုဟင်ဂျာဆိုသူများ တစ်ယောက်မျှ မပါဝင်ဟု ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်ပြော
--------  Htay Oung (အကုန်သိ သတင်းဌာန)  --------
ဒုက္ခသည်ဘင်္ဂါလီ (မူရင်းရိုဟင်ဂျာဟုဖော်ပြ) အများအပြားလက်ဝယ်သို့ အမျိုးသားသက်သေခံကတ်ပြား တရားမဝင်ရရှိစေမှုတွင် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်၏ မှားယွင်းမှုမဟုတ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ( CEC ) ကေအမ်နူရူးလ်ဟူဒါက ရမ်ပူရ်မြို့သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့ကြောင်း ဘင်္ဂလားအခြေစိုက် Ukhia News က ရေးသားဖော်ပြလိုက်သည်။
လွန်ခဲ့သည့် စက်တင်ဘာ ၂၃ ရက်တွင် စစ်တကောင်းခရိုင်ရွေးကောက်ပွဲကော်မရှင် ယာယီဝန်ထမ်း ၃ ဦးကို ဘင်္ဂလားဒေ့ရှ်အမျိုးသားသက်သေခံ Bangladeshi national identity (NID) ကတ်ပြား တရားမဝင်ကိုင်ဆောင်စေမှုနှင့်ပတ်သက်ကြောင်း စွပ်စွဲခံရပြီး သက်ဆိုင်ရာ၏ ဖမ်းဆီးခဲ့ရသည်။
ရွေးကောက်ပွဲကော်မရှင်သည် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးအတွက် သတင်းအချက်အလက်များကောက်ယူရရှိခဲ့ရာ မဲဆန္ဒရှင် ၁ဝ၄ သန်းတို့တွင် ရိုဟင်ဂျာဆိုသူများ မပါဝင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်ဘင်္ဂါလီ ၁ ဒဿမ ၁ သန်းတို့အနက် အချို့သည် အမျိုးသားသက်သေခံကတ်ပြားပါ အချက်အလက်များကို တရားမဝင်နည်းလမ်းဖြင့် ရယူရန် လေ့လာအားထုတ်ခဲ့ကြကြောင်း၊ ၎င်းတို့သည် ကော်မရှင်၏ ကွန်ပျူတာဆာဗာ ( Server ) မှ သတင်းအချက်အလက်များ ရယူခဲ့ခြင်းမဟုတ်ဘဲ ၎င်းတို့နှင့် အပေါင်းပါ ရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းအချို့မှတဆင့် ရရှိသောအချက်အလက်များကို အသုံးပြု၍ NID ကတ်အတုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့အချက်အလက် ပေါက်ကြားမှုတွင် ပတ်သက်ကူညီသည့် ရွေးကောက်ပွဲကော်မရှင် ရုံးဝန်ထမ်းတို့ကို အချိန်မီဖော်ထုတ်နိုင်ခဲ့ပြီး ဆက်လက်၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း၊ ယခုအခါ အမျိုးသားသက်သေခံကတ်ပြား တရားမဝင် ရရှိစေမှုရပ်တန့်သွားပြီဖြစ်ကြောင်း နူရူးလ်ဟူဒါက ပြောဆိုသည်။
ရွေးကောက်ပွဲကော်မရှင်ရုံး အမျိုးသားသက်သေခံကတ်ပြားဆိုင်ရာဌာန အထွေထွေမန်နေဂျာသည် အချက်အလက် ပေါက်ကြားမှု၌ ပတ်သက်သည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ၎င်း၏ စက်တင်ဘာ ၂၃ ရက်က အစစ်ခံချက်အရ အခြားဆက်နွယ်သည့် ယာယီနှင့် အမြဲတမ်းဝန်ထမ်းများအပါအဝင် ကော်မရှင်ရုံးဝန်ထမ်း စုစုပေါင်း ၁၅ ဦးခန့်နှင့် ပေါက်ကြားခဲ့သည့် အချက်အလက်အတိအကျကို သိရှိခဲ့ရကြောင်း၊ အချက်အလက်များကို မသမာသော နည်းလမ်းဖြင့်ရယူ၍ မဲဆန္ဒရှင်အဖြစ် လိမ်လည်ရန် အားထုတ်သည့် ဒုက္ခသည်ဘင်္ဂါလီ ၆၁ ဦး၏ အမည်စာရင်းကို ဆက်လက်ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ အားလုံးကို မကြာမီ တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်စေရန် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နောင်တွင် ကော်မရှင်၏ ဆာဗာမှ အချက်အလက်များကို တရားမဝင် ရယူနိုင်ခြင်း မရှိစေရန် လိုအပ်သည်များကို လုပ်ဆောင်လျှက်ရှိကြောင်း ဆက်လက်ပြောဆိုသည်။ လွန်ခဲ့သည့် စက်တင်ဘာ ၂၃ ရက်မှစတင်၍ စစ်တကောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ယာယီဝန်ထမ်း ၃ဦး၊ ဒါကာမြို့ရွေးကောက်ပွဲကော်မရှင်ရုံး အမျိုးသားသက်သေခံကတ်ပြားဆိုင်ရာဌာန နည်းပညာကျွမ်းကျင်သူ တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က စတင်ဖမ်းဆီးခဲ့သည်။ ထိုနောက် ရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းအချို့ကို ကော်မရှင်၏ရုံးသုံးကိရိယာများအား တရားမဝင်အသုံးပြုမှု၊ မသမာသောနည်းလမ်းဖြင့် ရယူထားသော အချက်အလက်များကို အသုံးပြုကာ အမျိုးသားသက်သေခံကတ်ပြားအတုပြုလုပ်မှုတို့ဖြင့် ဆက်လက်ဖမ်းဆီးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့သည် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ရောက်ရှိလာသော ရိုဟင်ဂျာဆိုသူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားသက်သေခံကတ် ( NID ) နှင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား လွန်ခဲ့သော လအနည်းငယ်မှစတင်ကာ ပိုက်စိပ်တိုက် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။
   -  Htay Oung (အကုန်သိ သတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။