Skip to main content
ေအာင္ၾကီး
Ads Block

ဗစ္တိုးရီးယားအမႈမွ ယာဥ္ေမာင္း ေအာင္ႀကီး အာမခံရမရ လာမည့္ရုံးခ်ိန္း၌ အမိန္႔ခ်မည္

ေနျပည္ေတာ္ ဗစ္တုိးရီးယားကေလးငယ္အမႈႏွင့္ပတ္သက္၍ သံသယရွိသူ ကိုေအာင္ႀကီးအတြက္ အာမခံေလွ်ာက္ထားမႈကုိ လာမည့္ရုံးခ်ိန္းတြင္ အမိန္႔ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဗစ္တုိးရီးယားအမႈႏွင့္ ပတ္သက္ၿပီး ေနျပည္ေတာ္ ဒကၡိဏခရိုင္တရားရုံးတြင္ ေအာက္တုိဘာလ ၉ ရက္က ဒရုိင္ဘာေအာင္ႀကီးကို ရုံးထုတ္ခဲ့ၿပီး တရားလုိျပသက္ေသ ၃ ဦးကို စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “ ဒီေန႔ကေတာ့ ၿပီးခဲ့တဲ့အပတ္က ကိုေအာင္ႀကီးကို အာမခံတင္ထားတာနဲ႔ ပတ္သက္ၿပီး ေလွ်ာက္လဲခ်က္ေပးတယ္။ ဥပေဒအရာရွိကလည္း ကန္႔ကြက္တဲ့ေလွ်ာက္လဲခ်က္ေပးတယ္။ လာမယ့္အပတ္ရုံးခ်ိန္းက်ရင္ အာမခံ ေပးမေပး ရုံးေတာ္က အမိန္႔ခ်မွာပါ ” ဟု ေအာင္ႀကီး၏ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာသည္။ စြပ္စြဲခံ ကိုေအာင္ႀကီးအား ၎၏ ေရွ႕ေနမွ ပုဒ္မ ၄၉၇(၂) အရ စြပ္စြဲခ်က္မ်ား အေျခအျမစ္မရွိျခင္း၊ တရားခံဟု ထင္ျမင္ယူဆႏုိင္သည့္ သက္ေသအေထာက္အထား မေတြ႔ရွိျခင္းတုိ႔ေၾကာင့္ အခ်ဳပ္လြတ္ထုေခ်ခြင့္ရရွိရန္ အာမခံေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းတြင္ တက္ေရာက္ပညာသင္ၾကားေနသည့္ ၃ ႏွစ္အရြယ္ ကေလးငယ္ ဗစ္တုိးရီးယားအား လိင္ပိုင္းဆုိင္ရာ ေစာ္ကားခံရမႈႏွင့္ ပတ္သက္၍ အဆုိပါေက်ာင္းမွ ယာဥ္ေမာင္း ေအာင္ႀကီးကို ပုဒ္မ ၃၇၆ ျဖင့္ ဖမ္းဆီးျပီး တရားရုံးတင္စစ္ေဆးေနျခင္းလည္း ျဖစ္သည္။ အဆိုပါအမႈႏွင့္ ပတ္သက္ၿပီး Wisdom Hill မူႀကိဳေက်ာင္း အုပ္ခ်ဳပ္ေရးမွဴး ေဒၚဥမၼာလိႈင္က တရားလုိ၊ တရားခံ၏ ေရွ႕ေနမ်ား၊ ဗစ္တုိးရီးယား၏ ဖခင္၊ မိခင္၊ အေဒၚစသည္တုိ႔ကို ကေလးသူငယ္အခြင့္ေရးမ်ားဆုိင္ရာ ဥပေဒျဖင့္ တရားစြဲဆုိထားသည္။

ေရွ႕ေနမ်ားဘက္ကလည္း ေဒၚဥမၼာလိႈင္အား ႏုိင္ငံသားမ်ား၏ ပုဂၢိဳလ္ဆုိင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆုိင္ရာလံုၿခံဳမႈကို ကာကြယ္ေပးေရး ဥပေဒပုဒ္မ ၁၀ ျဖင့္ ျပန္လည္အမႈဖြင့္ထားေၾကာင္း သိရသည္။

Unicode Version

ဗစ်တိုးရီးယားအမှုမှ ယာဉ်မောင်း အောင်ကြီး အာမခံရမရ လာမည့်ရုံးချိန်း၌ အမိန့်ချမည်
---------   ချမ်းငြိမ်း(အကုန်သိသတင်းဌာန)   ---------
နေပြည်တော် ဗစ်တိုးရီးယားကလေးငယ်အမှုနှင့်ပတ်သက်၍ သံသယရှိသူ ကိုအောင်ကြီးအတွက် အာမခံလျှောက်ထားမှုကို လာမည့်ရုံးချိန်းတွင် အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် အောက်တိုဘာလ ၉ ရက်က ဒရိုင်ဘာအောင်ကြီးကို ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ၃ ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ ဒီနေ့ကတော့ ပြီးခဲ့တဲ့အပတ်က ကိုအောင်ကြီးကို အာမခံတင်ထားတာနဲ့ ပတ်သက်ပြီး လျှောက်လဲချက်ပေးတယ်။ ဥပဒေအရာရှိကလည်း ကန့်ကွက်တဲ့လျှောက်လဲချက်ပေးတယ်။ လာမယ့်အပတ်ရုံးချိန်းကျရင် အာမခံ ပေးမပေး ရုံးတော်က အမိန့်ချမှာပါ ” ဟု အောင်ကြီး၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။ စွပ်စွဲခံ ကိုအောင်ကြီးအား ၎င်း၏ ရှေ့နေမှ ပုဒ်မ ၄၉၇(၂) အရ စွပ်စွဲချက်များ အခြေအမြစ်မရှိခြင်း၊ တရားခံဟု ထင်မြင်ယူဆနိုင်သည့် သက်သေအထောက်အထား မတွေ့ရှိခြင်းတို့ကြောင့် အချုပ်လွတ်ထုချေခွင့်ရရှိရန် အာမခံလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နေပြည်တော် Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ၃ နှစ်အရွယ် ကလေးငယ် ဗစ်တိုးရီးယားအား လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့် ပတ်သက်၍ အဆိုပါကျောင်းမှ ယာဉ်မောင်း အောင်ကြီးကို ပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးပြီး တရားရုံးတင်စစ်ဆေးနေခြင်းလည်း ဖြစ်သည်။ အဆိုပါအမှုနှင့် ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်း အုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားလို၊ တရားခံ၏ ရှေ့နေများ၊ ဗစ်တိုးရီးယား၏ ဖခင်၊ မိခင်၊ အဒေါ်စသည်တို့ကို ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုထားသည်။
ရှေ့နေများဘက်ကလည်း ဒေါ်ဥမ္မာလှိုင်အား နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် ပြန်လည်အမှုဖွင့်ထားကြောင်း သိရသည်။

   -  ခ်မ္းျငိမ္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။