Skip to main content
စည္ပင္
Ads Block

ရန္ကုန္စည္ပင္ေၾကာင့္ ျပည္သူစိတ္ခ်မ္းသာရပါက ေလယာဥ္ပ်ံ၀ယ္ေပးရမည္ဆုိလည္း သေဘာတူေၾကာင္း လႊတ္ေတာ္အမတ္ေျပာ

ရန္ကုန္စည္ပင္အလုပ္လုပ္ျပ၍ ျပည္သူလူထု စိတ္ခ်မ္းသာရမည္ဆုိပါက ကား၀ယ္ေပးရုံသာမက ေလယာဥ္ပ်ံပါ ၀ယ္ေပးဆုိလွ်င္လည္း သေဘာတူမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ဒဂုံၿမဳိ႕နယ္ တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာသည္။

ေအာက္တုိဘာလအတြင္း လူထုသတင္းမီဒီယာႏွင့္ေတြ႔ဆုံေမးျမန္းရာတြင္ ဒဂုံၿမဳိ႕နယ္ တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ ပထမ လုပ္မျပဘူး။ အမွန္က စည္ပင္က လုပ္ျပရမွာ။ ရန္ကုန္ၿမဳိ႕ေတာ္စည္ပင္က လုပ္ျပတယ္ေဟ့၊ ျပည္သူလူထုက စိတ္ခ်မ္းသာတယ္ေဟ့ဆုိ စီးပါ။ ကားမဟုတ္ဘူး။ ေလယာဥ္ပ်ံလည္း ၀ယ္စီးပါ။ အန္ကယ္တုိ႔ ေထာက္ျပေနတာ။ အခ်ိန္အခါမဟုတ္ေသးလုိ႔ ေထာက္ျပေနတာ ’’ ဟု ဦးေက်ာ္ေဇယ်က ေျပာသည္။ ရန္ကုန္ၿမဳိ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အရာထမ္းမ်ားအတြက္ ကားမ်ား၀ယ္ယူရန္ ေ၀ဖန္ေျပာဆုိေနမႈအေပၚ ရန္ကုန္ၿမဳိ႕ေတာ္၀န္ ဦးေမာင္ေမာင္စုိးက မုဒိတာပြားၾကရန္ႏွင့္ ဇိမ္ခံခ်င္၍ စီးခ်င္ျခင္းမဟုတ္ေၾကာင္း ေအာက္တုိဘာလဆန္းက က်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားထားသည္။

ရန္ကုန္ၿမဳိ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသည္ ရန္ကုန္ၿမဳိ႕တြင္းအမႈိက္၊ မိလႅာစနစ္ႏွင့္ လမ္းပုိင္းဆုိင္ရာ စသည့္စည္ပင္သာယာေရးရာကိစၥရပ္မ်ားကုိ အဓိကထားေဆာင္ရြက္ရျခင္းလည္း ျဖစ္သည္။ လက္ရွိ ရန္ကုန္တုိင္းေဒသႀကီးတြင္ လူဦးေရ(၇)သန္းေက်ာ္ေနထုိင္ကာ တစ္ရက္လွ်င္ အမႈိက္ တန္ခ်ိန္ ၂၀၀၀ ေက်ာ္ ထြက္ရွိေနေၾကာင္း သိရသည္။

Unicode Version

ရန်ကုန်စည်ပင်ကြောင့် ပြည်သူစိတ်ချမ်းသာရပါက လေယာဉ်ပျံဝယ်ပေးရမည်ဆိုလည်း သဘောတူကြောင်း လွှတ်တော်အမတ်ပြော
--------  နေကျော်(အကုန်သိသတင်းဌာန)  -------
ရန်ကုန်စည်ပင်အလုပ်လုပ်ပြ၍ ပြည်သူလူထု စိတ်ချမ်းသာရမည်ဆိုပါက ကားဝယ်ပေးရုံသာမက လေယာဉ်ပျံပါ ဝယ်ပေးဆိုလျှင်လည်း သဘောတူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

အောက်တိုဘာလအတွင်း လူထုသတင်းမီဒီယာနှင့်တွေ့ဆုံမေးမြန်းရာတွင် ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားခဲ့ခြင်းဖြစ်သည်။ “ ပထမ လုပ်မပြဘူး။ အမှန်က စည်ပင်က လုပ်ပြရမှာ။ ရန်ကုန်မြို့တော်စည်ပင်က လုပ်ပြတယ်ဟေ့၊ ပြည်သူလူထုက စိတ်ချမ်းသာတယ်ဟေ့ဆို စီးပါ။ ကားမဟုတ်ဘူး။ လေယာဉ်ပျံလည်း ဝယ်စီးပါ။ အန်ကယ်တို့ ထောက်ပြနေတာ။ အချိန်အခါမဟုတ်သေးလို့ ထောက်ပြနေတာ ’’ ဟု ဦးကျော်ဇေယျက ပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အရာထမ်းများအတွက် ကားများဝယ်ယူရန် ဝေဖန်ပြောဆိုနေမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မုဒိတာပွားကြရန်နှင့် ဇိမ်ခံချင်၍ စီးချင်ခြင်းမဟုတ်ကြောင်း အောက်တိုဘာလဆန်းက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တွင်းအမှိုက်၊ မိလ္လာစနစ်နှင့် လမ်းပိုင်းဆိုင်ရာ စသည့်စည်ပင်သာယာရေးရာကိစ္စရပ်များကို အဓိကထားဆောင်ရွက်ရခြင်းလည်း ဖြစ်သည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ(၇)သန်းကျော်နေထိုင်ကာ တစ်ရက်လျှင် အမှိုက် တန်ချိန် ၂၀၀၀ ကျော် ထွက်ရှိနေကြောင်း သိရသည်။

   -  ေနေက်ာ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။