Skip to main content
ဒုကၡသည္
Ads Block

တူရကီရဲ႕ ဆီးရီးယားထုိးစစ္ေၾကာင့္ ဒုကၡသည္လႈိင္းလုံး ထပ္၀င္လာမယ့္အေရး အီးယူ စုိးရိမ္ေန 

တူရကီက ဆီးရီးယားႏုိင္ငံအတြင္း တပ္ဖြဲ႕ေတြ ေစလႊတ္ကာ ထုိးစစ္ဆင္ဖုိ ့ ၿခိမ္းေျခာက္ေနတာေၾကာင့္ ေနာက္ထပ္ဒုကၡသည္လႈိင္းလုံးတစ္ခု ဥေရာပေဒသထဲ ၀င္လာမယ့္အေရးအတြက္ စုိရိမ္ပူပန္ေၾကာင္း အီးယူေခါင္းေဆာင္ေတြ ေအာက္တုိဘာ ၈ ရက္မွာ ေဆြးေႏြးေျပာဆုိခဲ့ၾကပါတယ္။ 

တူရကီကေန ဂရိႏုိင္ငံကုိသြားေရာက္ရာ အေရွ႕ပုိင္းေျမထဲပင္လယ္လမ္းေၾကာင္းဟာ ဥေရာပကုိသြားေရာက္မယ့္ ခုိလႈံခြင့္ရွာေဖြသူေတြအတြက္ အဓိက အဆက္အသြယ္လမ္းေၾကာင္းတစ္ခု ေနာက္တစ္ႀကိမ္ ျဖစ္လာႏုိင္ေၾကာင္း လူဇင္ဘာ့ဂ္မွာျပဳလုပ္တဲ့ အစည္းအေ၀းမွာ ျပည္ထဲေရး၀န္ႀကီးေတြက ေျပာဆုိခဲ့ပါတယ္။ ေမလကေန ယေန ့အထိ ဂရိႏုိင္ငံကုိ ၀င္ေရာက္လာသူဦးေရဟာ တုိးျမင့္လာၿပီး ၂၄၀ ရာခုိင္ႏႈန္းအထိ ျမင့္တက္ေနေၾကာင္း၊ ဒီအေရအတြက္ပမာဏရဲ႕ စိန္ေခၚမႈကုိ ေတြးထားရမွာျဖစ္ေၾကာင္း ဂရိ ေနရပ္ေရႊ႕ေျပာင္း သူမ်ားဆုိင္ရာ ၀န္ႀကီး ေဂ်ာ္ဂီယုိ႕စ္ ကူေမာင့္ဆာကုိ႕စ္က ေျပာဆုိပါတယ္။ ဂရိ၊ ဘယ္ဂ်ီယံနဲ႕ ဆုိက္ပရပ္စ္ႏုိင္ငံတုိ ့က အစည္းအေ၀း ပူးတြဲထုတ္ျပန္ခ်က္ ထုတ္ျပန္ခဲ့ၿပီး အေရွ႕ပုိင္းေျမထဲပင္လယ္ လမ္းေၾကာင္းကုိ အာရုံစုိက္ဖုိ ့ ေတာင္းဆုိခဲ့ပါတယ္။ အၾကမ္းဖက္သမားေတြလုိ ့သတ္မွတ္ထားတဲ့ ကာ့ဒ္တုိက္ခုိက္ေရးသမားေတြကုိ တုိက္ထုတ္ဖုိ ့ ဆီးရီးယားေျမာက္ပုိင္း ထုိးစစ္တစ္ခုအတြက္ ျပင္ဆင္မႈေတြၿပီးေျမာက္ေနၿပီျဖစ္ေၾကာင္း တူရကီက ေျပာဆုိခဲ့ကာ နယ္စပ္မွာ သံခ်ပ္ကာယာဥ္ေတြ ျဖန္ ့က်က္ခ်ထားခဲ့ၿပီျဖစ္ပါတယ္။ တူရကီရဲ႕ထုိးစစ္အစီအစဥ္ေၾကာင့္ အေမရိကန္တပ္ေတြ ဆုတ္ခြာဖုိ ့ အေမရိကန္သမၼတ ေဒၚနယ္ထရန္ ့က တနလၤာေန ့မွာ အမိန္ ့ေပးခဲ့တဲ့အတြက္ ဆီးရီးယားေျမာက္ပုိင္းကုိ ၀င္ေရာက္ရာလမ္းေၾကာင္းကလည္း ရွင္းလင္းေျဖာင့္ျဖဴးေနၿပီျဖစ္ပါတယ္။ တူရကီက ဆီးရီးယားနယ္ေျမထဲ က်ဴးေက်ာ္စစ္ဆင္လာခဲ့ရင္ တူရကီမွာ နဂုိကတည္းကရွိေနတဲ့ ဆီးရီးယားႏုိင္ငံသား အမ်ားစုပါ၀င္ေသာ ဒုကၡသည္ ေလးသန္းေလာက္ဟာ မတည္ၿငိမ္ျဖစ္ေနတဲ့ ၄င္းတုိ ့ေနရပ္ႏုိင္ငံဆီ အတင္းအက်ပ္ျပန္ပုိ ့ခံရမယ့္အေရး ေရွာင္ရွားဖုိ ့အတြက္ ဥေရာပေဒသကုိသြားေရာက္ၾကဖုိ ့ဆုံးျဖတ္လာႏုိင္ေၾကာင္း အီးယူအရာရွိေတြက သုံးသပ္ၾကပါတယ္။ 

လူဇင္ဘတ္ ႏုိင္ငံျခားေရး၀န္ႀကီး ဂ်င္ အက္ဆဲလ္ဘြန္းကေတာ့ စစ္ဆင္ေရး မျဖစ္ေျမာက္ေစဖုိ ့ မိမိေမွ်ာ္လင့္ေၾကာင္း သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။

Unicode Version

တူရကီရဲ့ ဆီးရီးယားထိုးစစ်ကြောင့် ဒုက္ခသည်လှိုင်းလုံး ထပ်ဝင်လာမယ့်အရေး အီးယူ စိုးရိမ်နေ 
--------  ကိုလင်း (အကုန်သိ သတင်းဌာန)  -------- 
တူရကီက ဆီးရီးယားနိုင်ငံအတွင်း တပ်ဖွဲ့တွေ စေလွှတ်ကာ ထိုးစစ်ဆင်ဖို့ ခြိမ်းခြောက်နေတာကြောင့် နောက်ထပ်ဒုက္ခသည်လှိုင်းလုံးတစ်ခု ဥရောပဒေသထဲ ဝင်လာမယ့်အရေးအတွက် စိုရိမ်ပူပန်ကြောင်း အီးယူခေါင်းဆောင်တွေ အောက်တိုဘာ ၈ ရက်မှာ ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ 

တူရကီကနေ ဂရိနိုင်ငံကိုသွားရောက်ရာ အရှေ့ပိုင်းမြေထဲပင်လယ်လမ်းကြောင်းဟာ ဥရောပကိုသွားရောက်မယ့် ခိုလှုံခွင့်ရှာဖွေသူတွေအတွက် အဓိက အဆက်အသွယ်လမ်းကြောင်းတစ်ခု နောက်တစ်ကြိမ် ဖြစ်လာနိုင်ကြောင်း လူဇင်ဘာ့ဂ်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးတွေက ပြောဆိုခဲ့ပါတယ်။ မေလကနေ ယနေ့အထိ ဂရိနိုင်ငံကို ဝင်ရောက်လာသူဦးရေဟာ တိုးမြင့်လာပြီး ၂၄၀ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း၊ ဒီအရေအတွက်ပမာဏရဲ့ စိန်ခေါ်မှုကို တွေးထားရမှာဖြစ်ကြောင်း ဂရိ နေရပ်ရွှေ့ပြောင်း သူများဆိုင်ရာ ဝန်ကြီး ဂျော်ဂီယို့စ် ကူမောင့်ဆာကို့စ်က ပြောဆိုပါတယ်။ ဂရိ၊ ဘယ်ဂျီယံနဲ့ ဆိုက်ပရပ်စ်နိုင်ငံတို့က အစည်းအဝေး ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီး အရှေ့ပိုင်းမြေထဲပင်လယ် လမ်းကြောင်းကို အာရုံစိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။ အကြမ်းဖက်သမားတွေလို့သတ်မှတ်ထားတဲ့ ကာ့ဒ်တိုက်ခိုက်ရေးသမားတွေကို တိုက်ထုတ်ဖို့ ဆီးရီးယားမြောက်ပိုင်း ထိုးစစ်တစ်ခုအတွက် ပြင်ဆင်မှုတွေပြီးမြောက်နေပြီဖြစ်ကြောင်း တူရကီက ပြောဆိုခဲ့ကာ နယ်စပ်မှာ သံချပ်ကာယာဉ်တွေ ဖြန့်ကျက်ချထားခဲ့ပြီဖြစ်ပါတယ်။ တူရကီရဲ့ထိုးစစ်အစီအစဉ်ကြောင့် အမေရိကန်တပ်တွေ ဆုတ်ခွာဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့မှာ အမိန့်ပေးခဲ့တဲ့အတွက် ဆီးရီးယားမြောက်ပိုင်းကို ဝင်ရောက်ရာလမ်းကြောင်းကလည်း ရှင်းလင်းဖြောင့်ဖြူးနေပြီဖြစ်ပါတယ်။ တူရကီက ဆီးရီးယားနယ်မြေထဲ ကျူးကျော်စစ်ဆင်လာခဲ့ရင် တူရကီမှာ နဂိုကတည်းကရှိနေတဲ့ ဆီးရီးယားနိုင်ငံသား အများစုပါဝင်သော ဒုက္ခသည် လေးသန်းလောက်ဟာ မတည်ငြိမ်ဖြစ်နေတဲ့ ၎င်းတို့နေရပ်နိုင်ငံဆီ အတင်းအကျပ်ပြန်ပို့ခံရမယ့်အရေး ရှောင်ရှားဖို့အတွက် ဥရောပဒေသကိုသွားရောက်ကြဖို့ဆုံးဖြတ်လာနိုင်ကြောင်း အီးယူအရာရှိတွေက သုံးသပ်ကြပါတယ်။ 

လူဇင်ဘတ် နိုင်ငံခြားရေးဝန်ကြီး ဂျင် အက်ဆဲလ်ဘွန်းကတော့ စစ်ဆင်ရေး မဖြစ်မြောက်စေဖို့ မိမိမျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

   -  ကုိလင္း(အကုန္သိသတင္းဌာန) Ref;Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။