Skip to main content
စည္ပင္
Ads Block

အစိုးရ၏သက္တမ္းႏွင့္ ေကာ္မတီသက္တမ္းတူညီေနမႈကို ျပင္ဆင္ရန္ ရန္ကုန္စည္ပင္ ႀကိဳးပမ္းေန

၂၀၁၈ စည္ပင္ဥပေဒတြင္ ျပ႒ာန္းထားေသာ အစိုးရ၏သက္တမ္းႏွင့္ ေကာ္မတီ၏သက္တမ္းတူညီေနမႈမ်ားထဲမွ ျပ႒ာန္းထားေသာ ပုဒ္မ(၄)ခုကို ျပင္ဆင္ေပးေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္သို႔ တင္ျပထားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။

ယင္းသို႔ျပင္ဆင္ရန္ တင္ျပထားျခင္းမွာ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏လုပ္ငန္းမ်ား လိုက္ေလ်ာညီေထြမႈရွိေစေရးအတြက္သာ ျဖစ္ေၾကာင္း ၄င္းက ေျပာသည္။ “ ကၽြန္ေတာ္တို႔ ပုဒ္မ(၄)ခုကို ျပင္ဆင္ေပးေရးအတြက္ တင္ျပထားပါတယ္။ အဲဒီပုဒ္မ(၄)ခုက အစိုးရရဲ႕သက္တမ္းနဲ႔ ေကာ္မတီရဲ႕သက္တမ္းနဲ႔အတူတူျဖစ္ေနတဲ့အခါ ေကာ္မတီက ဖြဲ႕စည္းေပးထားတဲ့ လုပ္ငန္းတာ၀န္ခံအဖြဲ႕ေတြရဲ႕ လုပ္ငန္းစဥ္ေတြ လိုက္ေလ်ာညီေထြမႈရွ္ိေအာင္ ပုဒ္မ(၄)ခုကို ျပင္ဆင္ရန္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကို တင္ျပထားပါတယ္ ” ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။ ျပင္ဆင္ရန္ တင္ျပထားသည့္ ပုဒ္မမ်ားမွာ ပုဒ္မ(၁၁)၏ ပုဒ္မခြဲ(က)၊ (ခ)၊ (ဂ)၊ ပုဒ္မ(၂၆)၏ ပုဒ္မခြဲ(က)၊(ခ)၊ ပုဒ္မ(၂၇)၏ ပုဒ္မ(က)ႏွင့္ ပုဒ္မ ၃၂၄ တို႔ ျဖစ္ေၾကာင္း သိရသည္။ ပုဒ္မ(၁၁)၏ ပုဒ္မခြဲ(က)တြင္ ေကာ္မတီ၏သက္တမ္းသည္ အစိုးရ၏သက္တမ္းအတိုင္းျဖစ္သည္။ ပုဒ္မခြဲ(ခ)တြင္ ၿမိဳ႕နယ္ေကာ္မတီ၀င္မ်ား၏သက္တမ္းသည္ ေကာ္မတီ၏သက္တမ္းအတိုင္းျဖစ္သည္။ ပုဒ္မခြဲ(ဂ)တြင္ ေရြးေကာက္ခံေကာ္မတီမ်ားႏွင့္ ၿမိဳ႕နယ္ေရြးေကာက္ခံက္ိုယ္စားလွယ္မ်ားသည္ ေနာက္ထပ္ေရြးေကာက္ပြဲမလုပ္ခင္အထိ္ တာ၀န္ထမ္းေဆာင္ရမည္ဟု ျပ႒ာန္းထားသည္။ ပုဒ္မ(၂၆) ပုဒ္မခြဲ(က)တြင္ လုပ္ငန္းတာ၀န္ခံအဖြဲ႕(၇)ဖြဲ႕ႏွင့္ ပုဒ္မခြဲ(ခ)၌ ဌာန(၃)ခုက္ို ဖြဲ႕စည္းရမည္ဟု ျပ႒ာန္းထားၿပီး ရာျဖတ္ဌာနကို ျပန္လည္ဖြဲ႕စည္းႏုိင္ေရးအတြက္ ျပင္ဆင္ရန္တင္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။ ပုဒ္မ(၂၇)၊ ပုဒ္မခြဲ(က)တြင္ ေကာ္မတီသည္ လုပ္ငန္းတာ၀န္ခံအဖြဲ႕မ်ား ဖြဲ႕စည္းရာတြင္ သက္ဆိုင္ရာလုပ္ငန္းအလိုက္ သင့္ေလ်ာ္မည့္တစ္ဦးဦးကို ဥကၠ႒အျဖစ္လည္းေကာင္း၊ အတြင္းေရးမွဴးအျဖစ္လည္းေကာင္း တာ၀န္ေပးရမည္ဟု ျပ႒ာန္းထားၿပီး လုပ္ငန္းတာ၀န္ခံအဖြဲ႕သည္ ေကာ္မတီ၏ သက္တမ္းအတိုင္းျဖစ္သည့္အတြက္ လုပ္ငန္းတာ၀န္ခံအဖြဲ႕တြင္ ရွိေသာ ႏုိင္ငံ့၀န္ထမ္းမ်ား၏ သက္တမ္းလည္း အလိုအေလ်ာက္ ရပ္ဆိုင္းသြားမည္ျဖစ္သည့္အတြက္ ျပင္ဆင္ေပးရန္ တင္ျပထားေၾကာင္း သိရသည္။

ပုဒ္မ ၃၂၄ ၌ ဥပေဒတြင္ ျပ႒ာန္းထားေသာ ဥပေဒပုဒ္မမ်ားကို ေဖာက္ဖ်က္က်ဴးလြန္ျခင္း ထင္ရွားပါက ထိုသူကို သက္ဆိုင္သည့္ ျပစ္ဒဏ္ကို ေပးရမည္ဟု ျပ႒ာန္းထားေၾကာင္း သိရသည္။ ယင္းပုဒ္မကို ပထမတစ္ႀကိမ္ က်ဴးလြန္ျခင္းတြင္ သတိေပးမႈသာ ျပဳလုပ္လိုၿပီး ဆက္လက္ေဖာက္ဖ်က္က်ဳးလြန္ပါက အေရးယူမႈျပဳလုပ္ေပးရန္ တင္ျပျခင္းျဖစ္ေၾကာင္း သိရသည္။

Unicode Version

အစိုးရ၏သက်တမ်းနှင့် ကော်မတီသက်တမ်းတူညီနေမှုကို ပြင်ဆင်ရန် ရန်ကုန်စည်ပင် ကြိုးပမ်းနေ
-------  ထက်ဝေလင်း(အကုန်သိ သတင်းဌာန)  ---------
၂၀၁၈ စည်ပင်ဥပဒေတွင် ပြဋ္ဌာန်းထားသော အစိုးရ၏သက်တမ်းနှင့် ကော်မတီ၏သက်တမ်းတူညီနေမှုများထဲမှ ပြဋ္ဌာန်းထားသော ပုဒ်မ(၄)ခုကို ပြင်ဆင်ပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

ယင်းသို့ပြင်ဆင်ရန် တင်ပြထားခြင်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏လုပ်ငန်းများ လိုက်လျောညီထွေမှုရှိစေရေးအတွက်သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ ကျွန်တော်တို့ ပုဒ်မ(၄)ခုကို ပြင်ဆင်ပေးရေးအတွက် တင်ပြထားပါတယ်။ အဲဒီပုဒ်မ(၄)ခုက အစိုးရရဲ့သက်တမ်းနဲ့ ကော်မတီရဲ့သက်တမ်းနဲ့အတူတူဖြစ်နေတဲ့အခါ ကော်မတီက ဖွဲ့စည်းပေးထားတဲ့ လုပ်ငန်းတာဝန်ခံအဖွဲ့တွေရဲ့ လုပ်ငန်းစဉ်တွေ လိုက်လျောညီထွေမှုရှိအောင် ပုဒ်မ(၄)ခုကို ပြင်ဆင်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြထားပါတယ် ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။ ပြင်ဆင်ရန် တင်ပြထားသည့် ပုဒ်မများမှာ ပုဒ်မ(၁၁)၏ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)၊ ပုဒ်မ(၂၆)၏ ပုဒ်မခွဲ(က)၊(ခ)၊ ပုဒ်မ(၂၇)၏ ပုဒ်မ(က)နှင့် ပုဒ်မ ၃၂၄ တို့ ဖြစ်ကြောင်း သိရသည်။ ပုဒ်မ(၁၁)၏ ပုဒ်မခွဲ(က)တွင် ကော်မတီ၏သက်တမ်းသည် အစိုးရ၏သက်တမ်းအတိုင်းဖြစ်သည်။ ပုဒ်မခွဲ(ခ)တွင် မြို့နယ်ကော်မတီဝင်များ၏သက်တမ်းသည် ကော်မတီ၏သက်တမ်းအတိုင်းဖြစ်သည်။ ပုဒ်မခွဲ(ဂ)တွင် ရွေးကောက်ခံကော်မတီများနှင့် မြို့နယ်ရွေးကောက်ခံကိုယ်စားလှယ်များသည် နောက်ထပ်ရွေးကောက်ပွဲမလုပ်ခင်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ(၂၆) ပုဒ်မခွဲ(က)တွင် လုပ်ငန်းတာဝန်ခံအဖွဲ့(၇)ဖွဲ့နှင့် ပုဒ်မခွဲ(ခ)၌ ဌာန(၃)ခုကို ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားပြီး ရာဖြတ်ဌာနကို ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ပြင်ဆင်ရန်တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။ ပုဒ်မ(၂၇)၊ ပုဒ်မခွဲ(က)တွင် ကော်မတီသည် လုပ်ငန်းတာဝန်ခံအဖွဲ့များ ဖွဲ့စည်းရာတွင် သက်ဆိုင်ရာလုပ်ငန်းအလိုက် သင့်လျော်မည့်တစ်ဦးဦးကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ပေးရမည်ဟု ပြဋ္ဌာန်းထားပြီး လုပ်ငန်းတာဝန်ခံအဖွဲ့သည် ကော်မတီ၏ သက်တမ်းအတိုင်းဖြစ်သည့်အတွက် လုပ်ငန်းတာဝန်ခံအဖွဲ့တွင် ရှိသော နိုင်ငံ့ဝန်ထမ်းများ၏ သက်တမ်းလည်း အလိုအလျောက် ရပ်ဆိုင်းသွားမည်ဖြစ်သည့်အတွက် ပြင်ဆင်ပေးရန် တင်ပြထားကြောင်း သိရသည်။

ပုဒ်မ ၃၂၄ ၌ ဥပဒေတွင် ပြဋ္ဌာန်းထားသော ဥပဒေပုဒ်မများကို ဖောက်ဖျက်ကျူးလွန်ခြင်း ထင်ရှားပါက ထိုသူကို သက်ဆိုင်သည့် ပြစ်ဒဏ်ကို ပေးရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။ ယင်းပုဒ်မကို ပထမတစ်ကြိမ် ကျူးလွန်ခြင်းတွင် သတိပေးမှုသာ ပြုလုပ်လိုပြီး ဆက်လက်ဖောက်ဖျက်ကျုးလွန်ပါက အရေးယူမှုပြုလုပ်ပေးရန် တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

   -   ထက္ေ၀လင္း (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။