Skip to main content
ပေဒါင္
Ads Block

ပေဒါင္စင္တာတစ္ခုကုိ ယခုႏွစ္ကုန္ပုိင္း၌ ကယားျပည္နယ္တြင္ ေဆာက္လုပ္မည္

ကယားျပည္နယ္ရွိ ေျမေနရာ ၅ ဒႆမ ၅ ဧကတြင္ ပေဒါင္လူမ်ဳိးမ်ား ေနထုိင္ရန္ ပေဒါင္စင္တာကုိ ျမန္မာႏုိင္ငံေဆာက္လုပ္ေရးဆုိင္ရာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္က ယခုႏွစ္ကုန္ပုိင္းတြင္ ေဆာက္လုပ္ေပးမည္ျဖစ္ေၾကာင္း ဥကၠ႒ ဦးရွိန္၀င္းက ေျပာသည္။

ရန္ကုန္ၿမဳိ႕ Fortune Plaza ၌ ေအာက္တုိဘာ ၉ ရက္က က်င္းပေသာ ေဆာက္လုပ္ေရးႏွင့္ စက္မႈကုန္စည္ျပပြဲတြင္ ျမန္မာႏုိင္ငံေဆာက္လုပ္ေရးဆုိင္ရာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠ႒ ဦးရွိန္၀င္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ ျမန္မာႏုိင္ငံမွာရွိတဲ့ ကယန္းလူမ်ိဳး၊ ပေဒါင္လူမ်ိဳးေတြဟာ ႏုိင္ငံတကာမွာ ေရာက္ေနတဲ့အတြက္ေၾကာင့္ ကြ်န္ေတာ္တုိ႔ေတြဟာ ျမန္မာႏုိင္ငံမွာပဲ။ သူတုိ႔ေမြးရပ္ဌာေနမွာပဲ အားလုံး စုစုရုံးရုံးနဲ႔ ျပန္ေရာက္ဖုိ႔အတြက္ကုိ ကြ်န္ေတာ္တုိ႔ ေဆြးေႏြးၾကပါတယ္။ ေဆြးေႏြးတဲ့အခါမွာ ကယားျပည္နယ္၀န္ႀကီးခ်ဳပ္နဲ႔လည္း ကြ်န္ေတာ္တုိ႔ ညွိႏႈိင္းၾကပါတယ္။ အဲဒီမွာ ေျမေနရာ ၅ ဒႆမ ၅ ဧက ေတြ႔ရွိၿပီးေတာ့ ရြာ ၅ ရြာေပါ့ အဆင္ေျပသြားတယ္။ အဲဒီမွာ ပထမ အိမ္ကေလးေတြ ေဆာက္ေပးဖုိ႔ပဲ။ သုိ႔ေသာ္ ေနာက္ပုိင္းမွာ သူတုိ႔အတြက္ ေန႔စဥ္လူမႈဘ၀ စား၀တ္ေနေရးက ပုိအေရးႀကီးတယ္ဆုိတာသိလုိက္ရေတာ့ ကြန္ျမဴနတီေဟာလ္ႀကီး ေဆာက္မယ္။ စင္တာေပါ့။ အဲဒီလုိေဆာက္မယ္။ ႏွစ္ကုန္ပုိင္း စပါမယ္ ’’ ဟု ၄င္းက ေျပာသည္။ လက္ရွိတြင္ ပေဒါင္လူမ်ိဳးမ်ားမွာ အိမ္နီးခ်င္း ထုိင္းႏိုင္ငံတြင္ ေရာက္ရွိေနၿပီး ၄င္းတုိ႔ကုိ ျပည္ပခရီးသြားမ်ားထံျပ၍ ထုိင္းတာ၀န္ရွိသူမ်ားက အခေၾကးေငြရယူမႈတုိ႔ရွိေၾကာင္း သိရသည္။ “ ကြ်န္ေတာ္တုိ႔ကေတာ့ ဘာမွစီးပြားေရးသြားလုပ္ဖုိ႔ အစီအစဥ္မရွိပါဘူး။ တကယ္ေတာ့ ခရီးသြားလုပ္ငန္းနဲ႔ သက္ဆုိင္တာပါ။ ကြ်န္ေတာ္တုိ႔ရည္ရြယ္ခ်က္ကေတာ့ ဒီေနရာကုိ ခရီးသြားေတြလာမယ္။ အဲဒီမွာ အလုပ္အကုိင္ခြင့္အလမ္းေတြ ရမယ္။ ၀င္ေငြတုိးမယ္။ ႏုိင္ငံတကာက ကယန္းလူမ်ိဳးေတြ ျပန္လာမယ္။ ဒီလုိ ရည္ရြယ္ပါတယ္ ’’ ဟု ဦးရွိန္၀င္းက ထပ္မံေျပာသည္။

ကယန္းလူမ်ိဳးသည္ ရွမ္းျပည္နယ္တြင္ လူဦးေရ ၄၀၀၀၀ ခန္႔၊  ကယားျပည္နယ္တြင္ လူဦးေရ ၂၀၀၀၀ ခန္႔ ေနထုိင္ၾကၿပီး ထုိင္း၊ ကေမာၻဒီးယား စသည့္ အိမ္နီးခ်င္းႏုိင္ငံမ်ားတြင္လည္း ေရႊ႔ေျပာင္းလုပ္သားအျဖစ္ ေနထုိင္လ်က္ရွိေၾကာင္း သိရသည္။

Unicode Version 

ပဒေါင်စင်တာတစ်ခုကို ယခုနှစ်ကုန်ပိုင်း၌ ကယားပြည်နယ်တွင် ဆောက်လုပ်မည်
---------  မင်းသီဟန်(အကုန်သိသတင်းဌာန)  --------
ကယားပြည်နယ်ရှိ မြေနေရာ ၅ ဒဿမ ၅ ဧကတွင် ပဒေါင်လူမျိုးများ နေထိုင်ရန် ပဒေါင်စင်တာကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်က ယခုနှစ်ကုန်ပိုင်းတွင် ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။

ရန်ကုန်မြို့ Fortune Plaza ၌ အောက်တိုဘာ ၉ ရက်က ကျင်းပသော ဆောက်လုပ်ရေးနှင့် စက်မှုကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ “ မြန်မာနိုင်ငံမှာရှိတဲ့ ကယန်းလူမျိုး၊ ပဒေါင်လူမျိုးတွေဟာ နိုင်ငံတကာမှာ ရောက်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့တွေဟာ မြန်မာနိုင်ငံမှာပဲ။ သူတို့မွေးရပ်ဌာနေမှာပဲ အားလုံး စုစုရုံးရုံးနဲ့ ပြန်ရောက်ဖို့အတွက်ကို ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးတဲ့အခါမှာ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့လည်း ကျွန်တော်တို့ ညှိနှိုင်းကြပါတယ်။ အဲဒီမှာ မြေနေရာ ၅ ဒဿမ ၅ ဧက တွေ့ရှိပြီးတော့ ရွာ ၅ ရွာပေါ့ အဆင်ပြေသွားတယ်။ အဲဒီမှာ ပထမ အိမ်ကလေးတွေ ဆောက်ပေးဖို့ပဲ။ သို့သော် နောက်ပိုင်းမှာ သူတို့အတွက် နေ့စဉ်လူမှုဘ၀ စားဝတ်နေရေးက ပိုအရေးကြီးတယ်ဆိုတာသိလိုက်ရတော့ ကွန်မြူနတီဟောလ်ကြီး ဆောက်မယ်။ စင်တာပေါ့။ အဲဒီလိုဆောက်မယ်။ နှစ်ကုန်ပိုင်း စပါမယ် ’’ ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ပဒေါင်လူမျိုးများမှာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး ၎င်းတို့ကို ပြည်ပခရီးသွားများထံပြ၍ ထိုင်းတာဝန်ရှိသူများက အခကြေးငွေရယူမှုတို့ရှိကြောင်း သိရသည်။ “ ကျွန်တော်တို့ကတော့ ဘာမှစီးပွားရေးသွားလုပ်ဖို့ အစီအစဉ်မရှိပါဘူး။ တကယ်တော့ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တာပါ။ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ ဒီနေရာကို ခရီးသွားတွေလာမယ်။ အဲဒီမှာ အလုပ်အကိုင်ခွင့်အလမ်းတွေ ရမယ်။ ဝင်ငွေတိုးမယ်။ နိုင်ငံတကာက ကယန်းလူမျိုးတွေ ပြန်လာမယ်။ ဒီလို ရည်ရွယ်ပါတယ် ’’ ဟု ဦးရှိန်ဝင်းက ထပ်မံပြောသည်။

ကယန်းလူမျိုးသည် ရှမ်းပြည်နယ်တွင် လူဦးရေ ၄၀၀၀၀ ခန့်၊  ကယားပြည်နယ်တွင် လူဦးရေ ၂၀၀၀၀ ခန့် နေထိုင်ကြပြီး ထိုင်း၊ ကမ္ဘောဒီးယား စသည့် အိမ်နီးချင်းနိုင်ငံများတွင်လည်း ရွှေ့ပြောင်းလုပ်သားအဖြစ် နေထိုင်လျက်ရှိကြောင်း သိရသည်။

    -  မင္းသီဟန္  (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။