Skip to main content
လက္နက္
Ads Block

သိႏၷီၿမိဳ႕တြင္ တပ္မေတာ္ႏွင့္ TNLA တုိ ့တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ တပ္မေတာ္သားအခ်ဳိ႕ ဒဏ္ရာရ က်ဆုံး

သိႏၷီၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ TNLA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ တပ္မေတာ္ဘက္မွ တပ္ဖြဲ႔ဝင္အခ်ဳိ႕က်ဆုံးဒဏ္ရာရခဲ့ၿပီး ေဒသခံမ်ားလည္း ဒဏ္ရာရရွိခဲ့ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

လက္နက္

ရွမ္းျပည္ေျမာက္ပိုင္း၊ သိႏၷီၿမိဳ႕နယ္တြင္ ေအာက္တိုဘာလ ၉ ရက္၊ နံနက္ပိုင္းက တပ္မေတာ္ႏွင့္ တအာင္း (ပေလာင္) အမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္(PSLF/TNLA)တို႔ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “ မနက္ ၆ နာရီ ၄၀ မိနစ္ေလာက္မွာ ကြ်န္ေတာ္တို႔ တပ္မေတာ္က လုံၿခံဳေရးေဆာင္ရြက္မယ့္ကား ၄ စီးပါတဲ့ ယာဥ္တန္းကို ၿမိဳ႕လယ္ေခါင္မွာ TNLA အေယာက္ ၅၀ ေလာက္က ပစ္ခတ္ခဲ့တယ္။ ပထမဦးဆုံးယာဥ္ကိုေတာ့ RPG နဲ႔ ပစ္ခတ္တယ္။ ေနာက္ၿပီးေတာ့ လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တယ္။ ၇ နာရီ ပတ္ဝန္းက်င္ေလာက္အထိ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တယ္။ အဲဒီမွာ ကြ်န္ေတာ္တို႔ဆီက စစ္သည္အခ်ဳိ႕ က်ဆုံးတာရွိတယ္။ အခ်ဳိ႕ဒဏ္ရာရတာရွိတယ္။ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေၾကာင့္ အရပ္သားေတြလည္း ဒဏ္ရာရတာရွိတယ္လို႔ေတာ့ သိရပါတယ္။ အေသးစိတ္ေတာ့ ကြ်န္ေတာ္တို႔ မသိရေသးပါဘူး ” ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔မွ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက အကုန္သိသတင္းဌာနသို႔ ေအာက္တိုဘာ(၉)ရက္ေန ့လယ္ပုိင္း၌ ေျပာသည္။

အဆိုပါတိုက္ပြဲေၾကာင့္ လက္နက္ႀကီးက်ေရာက္၍ ေဒသခံျပည္သူ ၆ ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိမႈမ်ား ရွိခဲ့ေၾကာင္း ေဒသတြင္းသတင္းမ်ားအရ သိရသည္။ ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ TNLA မွ ဗိုလ္မွဴးခ်ဳပ္တာဘုန္းေက်ာ္အား အကုန္သိသတင္းဌာနမွ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရရွိခဲ့ေပ။

Unicode Version 

သိန္နီမြို့တွင် တပ်မတော်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် တပ်မတော်သားအချို့ ဒဏ်ရာရ ကျဆုံး
--------  နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)  --------
သိန္နီမြို့နယ်တွင် တပ်မတော်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တပ်မတော်ဘက်မှ တပ်ဖွဲ့ဝင်အချို့ကျဆုံးဒဏ်ရာရခဲ့ပြီး ဒေသခံများလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းက တပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ မနက် ၆ နာရီ ၄၀ မိနစ်လောက်မှာ ကျွန်တော်တို့ တပ်မတော်က လုံခြုံရေးဆောင်ရွက်မယ့်ကား ၄ စီးပါတဲ့ ယာဉ်တန်းကို မြို့လယ်ခေါင်မှာ TNLA အယောက် ၅၀ လောက်က ပစ်ခတ်ခဲ့တယ်။ ပထမဦးဆုံးယာဉ်ကိုတော့ RPG နဲ့ ပစ်ခတ်တယ်။ နောက်ပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်။ ၇ နာရီ ပတ်ဝန်းကျင်လောက်အထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ဆီက စစ်သည်အချို့ ကျဆုံးတာရှိတယ်။ အချို့ဒဏ်ရာရတာရှိတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတွေလည်း ဒဏ်ရာရတာရှိတယ်လို့တော့ သိရပါတယ်။ အသေးစိတ်တော့ ကျွန်တော်တို့ မသိရသေးပါဘူး ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အကုန်သိသတင်းဌာနသို့ အောက်တိုဘာ(၉)ရက်နေ့လယ်ပိုင်း၌ ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် လက်နက်ကြီးကျရောက်၍ ဒေသခံပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ TNLA မှ ဗိုလ်မှူးချုပ်တာဘုန်းကျော်အား အကုန်သိသတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

    -   ႏုိင္မင္းလြင္ (အကုန္သိသတင္းဌာန)  ဓာတ္ပုံ- စိုင္းအိုက္တူး

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။