Skip to main content
ေအာင္ၾကီး ေရွ ့ေန
Ads Block

တရားစြဲခံရေသာ္လည္း တြန္႔ဆုတ္မည္မဟုတ္ေၾကာင္း ဗစ္တုိးရီးယားအမႈမွ ေအာင္ႀကီး၏ ေရွ႕ေန ေျပာ

တရားစြဲဆိုခံထားရေသာ္လည္း တြန္႔ဆုတ္ျခင္းရွိမည္မဟုတ္ေၾကာင္း ဗစ္တုိးရီးယားအမႈတြင္ ေအာင္ႀကီး၏ ေရွ႕ေနအျဖစ္ လုိက္ပါေဆာင္ရြက္ေနသည့္  တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာသည္။

ေနျပည္ေတာ္ ဒကၡိဏခရုိင္တရားရုံးတြင္ ေအာက္တုိဘာ ၉ ရက္က ထပ္မံစစ္ေဆးခဲ့သည့္ဗစ္တုိးရီးယားအမႈရုံးခ်ိန္း၌ ေအာင္ႀကီး၏ေရွ႕ေန ျဖစ္သူ  တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ယင္းသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ အခုဆုိရင္ တရားစြဲမခံရတာ ဥပေဒအရာရွိပဲ က်န္ေတာ့တယ္။ ဥပေဒအရေတာ့ ႏွစ္ဖက္စလုံးမွာ တြန္႔ဆုတ္ျခင္းရွိမွာ မဟုတ္ပါဘူး။ တရားစြဲခံရတဲ့ ေရွ႕ေနေရာ၊ အစြဲမခံရတဲ့ေရွ႕ေနေရာ။ ကြ်န္ေတာ္တုိ႔ အမွန္တရားကုိ ရွာေဖြတဲ့အခါမွာ တစ္ခါတစ္ခါမွာေတာ့ ထူးျခားဆန္းျပားတဲ့ ကိစၥေလးေတြ ရွိတာေပါ့ဗ်ာ။ ထူးျခားေလ၊ ေနာက္ဆုံးက် ပြင့္လင္းလာေလေပါ့ ’’ ဟု ၄င္းက ေျပာသည္။ ေအာက္တုိဘာ ၉ ရက္က တရားရုံးခ်ိန္းတြင္ တရားလုိျပသက္ေသအျဖစ္ ရဲအုပ္ရန္ေနာင္စုိးႏွင့္ ကားသမား ၃ ဦးတုိ႔အား စစ္ေဆးခင္းျဖစ္ၿပီး စီစီတီဗီကင္မရာကုိင္သည့္ ကုိရန္ေနာင္ေဌးကုိပါ အခ်ိန္ရပါက ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ယင္းအျပင္ ယာဥ္ေမာင္း ေအာင္ႀကီးအား ႏႈတ္ျဖင့္အပါအ၀င္ စာျဖင့္လည္း အာမခံေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။ ေနျပည္ေတာ္ Wisdom Hill မူႀကဳိေက်ာင္း၌ ၃ ႏွစ္အရြယ္ ဗစ္တုိးရီးယားအမည္ရွိကေလးငယ္ လိင္ပုိင္းဆုိင္ရာ က်ဴးလြန္ခံရမႈတြင္ ဒရုိင္ဘာေအာင္ႀကီးအား ရဲတပ္ဖြဲ႔က ပုဒ္မ ၃၇၆ ျဖင့္ ေနျပည္ေတာ္ရွိ ဒကၡိဏခရုိင္တရားရုံးသုိ႔ တရားစြဲဆုိ တင္ပုိ႔ခဲ့သည္။

လက္ရွိတြင္ ဗစ္တိုးရီးယား၏ ဖခင္၊ မိခင္ႏွင့္ အဘြားျဖစ္သူတုိ႔အား စစ္ေဆးၿပီးစီးကာ အမႈတြင္ ဗီဒီယုိဖုိင္တင္ျပထားမႈကုိ တရားရုံးက လက္ခံခဲ့ၿပီး ဗီဒီယုိဖုိင္ပါ အေၾကာင္းအရာမ်ားကုိ သတင္းမီဒီယာမ်ားသုိ႔ ေျပာျပသည္ဟုဆုိကာ ေအာင္ႀကီး၏ ေရွ႕ေနျဖစ္သူ ေဒၚစုဒါလီေအာင္အား Wisdom Hill ေက်ာင္းက ကေလးသူငယ္အခြင့္အေရးဥပေဒျဖင့္ တရားစြဲဆုိထားသည္။

Unicode Version 

တရားစွဲခံရသော်လည်း တွန့်ဆုတ်မည်မဟုတ်ကြောင်း ဗစ်တိုးရီးယားအမှုမှ အောင်ကြီး၏ ရှေ့နေ ပြော
---------  မင်းသီဟန်(အကုန်သိသတင်းဌာန)  ---------
တရားစွဲဆိုခံထားရသော်လည်း တွန့်ဆုတ်ခြင်းရှိမည်မဟုတ်ကြောင်း ဗစ်တိုးရီးယားအမှုတွင် အောင်ကြီး၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသည့်  တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် အောက်တိုဘာ ၉ ရက်က ထပ်မံစစ်ဆေးခဲ့သည့်ဗစ်တိုးရီးယားအမှုရုံးချိန်း၌ အောင်ကြီး၏ရှေ့နေ ဖြစ်သူ  တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ အခုဆိုရင် တရားစွဲမခံရတာ ဥပဒေအရာရှိပဲ ကျန်တော့တယ်။ ဥပဒေအရတော့ နှစ်ဖက်စလုံးမှာ တွန့်ဆုတ်ခြင်းရှိမှာ မဟုတ်ပါဘူး။ တရားစွဲခံရတဲ့ ရှေ့နေရော၊ အစွဲမခံရတဲ့ရှေ့နေရော။ ကျွန်တော်တို့ အမှန်တရားကို ရှာဖွေတဲ့အခါမှာ တစ်ခါတစ်ခါမှာတော့ ထူးခြားဆန်းပြားတဲ့ ကိစ္စလေးတွေ ရှိတာပေါ့ဗျာ။ ထူးခြားလေ၊ နောက်ဆုံးကျ ပွင့်လင်းလာလေပေါ့ ’’ ဟု ၎င်းက ပြောသည်။ အောက်တိုဘာ ၉ ရက်က တရားရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ရဲအုပ်ရန်နောင်စိုးနှင့် ကားသမား ၃ ဦးတို့အား စစ်ဆေးခင်းဖြစ်ပြီး စီစီတီဗီကင်မရာကိုင်သည့် ကိုရန်နောင်ဌေးကိုပါ အချိန်ရပါက ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ယာဉ်မောင်း အောင်ကြီးအား နှုတ်ဖြင့်အပါအဝင် စာဖြင့်လည်း အာမခံလျှောက်ထားခဲ့ကြောင်း သိရသည်။ နေပြည်တော် Wisdom Hill မူကြိုကျောင်း၌ ၃ နှစ်အရွယ် ဗစ်တိုးရီးယားအမည်ရှိကလေးငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွင် ဒရိုင်ဘာအောင်ကြီးအား ရဲတပ်ဖွဲ့က ပုဒ်မ ၃၇၆ ဖြင့် နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။

လက်ရှိတွင် ဗစ်တိုးရီးယား၏ ဖခင်၊ မိခင်နှင့် အဘွားဖြစ်သူတို့အား စစ်ဆေးပြီးစီးကာ အမှုတွင် ဗီဒီယိုဖိုင်တင်ပြထားမှုကို တရားရုံးက လက်ခံခဲ့ပြီး ဗီဒီယိုဖိုင်ပါ အကြောင်းအရာများကို သတင်းမီဒီယာများသို့ ပြောပြသည်ဟုဆိုကာ အောင်ကြီး၏ ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်အား Wisdom Hill ကျောင်းက ကလေးသူငယ်အခွင့်အရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။

   -  မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။