Skip to main content
လယ္ယာသုံးပစၥည္း
Ads Block

ထုိင္း အစုိးရက လယ္ယာသုံး ပုိးသတ္ေဆးသုံးမ်ဳိး အသုံးျပဳမႈ ပိတ္ပင္ေတာ့မည္ 

လာမယ့္ ဒီဇင္ဘာလမွစကာ လယ္ယာသုံး ပုိးသတ္ေဆးသုံးမ်ဳိး သုံးစြဲမႈကုိ ပိတ္ပင္မွာျဖစ္ေၾကာင္း ထုိင္း စုိက္ပ်ဳိးေရး ဒုတိယ၀န္ႀကီးက ေၾကညာလုိက္တာေၾကာင့္ ယင္းကိစၥအတြက္ လခ်ီၾကာ အျငင္းအခုံျဖစ္ေနမႈ အဆုံးသတ္သြားေတာ့မွာျဖစ္ပါတယ္။  

ပုိးသတ္ေဆးသုံးမ်ဳိး အသုံးျပဳမႈ ပိတ္ပင္ေရးကိစၥကုိ အစုိးရ၊ လယ္သမားနဲ႕သုံးစြဲသူေတြပါ၀င္တဲ့ ကုိယ္စားလွယ္ေတြက ကန္ ့ကြက္သူမရွိ တညီတညြတ္တည္း မဲေပးေထာက္ခံခဲ့တာျဖစ္ေၾကာင္း ဒုတိယ၀န္ႀကီး မန္နန္ယာထုိင္ဆက္က ထုိင္း မီဒီယာေတြကုိ ေျပာဆုိခဲ့ပါတယ္။ ထုိင္းႏုိင္ငံက ပိတ္ပင္မယ့္ ပုိးသတ္ေဆးေတြကေတာ့ ပါရာကြာတ္ (paraquat)၊ ဂလီဖုိဆိတ္ (glyphosate) ၊နဲ႕ခေလာ္ဖီရီဖုိ႕စ္ (chlorpyrifos) အမ်ဳိးအစားေတြျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁ ရက္မွစကာ ပိတ္ပင္မွာျဖစ္တယ္လုိ ့ သိရပါတယ္။ ယင္း သတ္မွတ္ေန ့မွစကာ ေဆးေတြေရာင္းခ်ျခင္း၊ တင္သြင္းျခင္း၊ ထုတ္လုပ္ျခင္းေတြ တရား၀င္ေတာ့မွာ မဟုတ္ပါဘူး။ ယခု ဓါတုေဆးသုံးမ်ဳိးရဲ႕ အနာဂတ္နဲ႕ပတ္သက္ၿပီး အျမင္သေဘာထားေတြ ေတြ႕ဆုံၾကားနာၾကဖုိ ့အတြက္ အစုိးရတာ၀န္ရွိသူေတြနဲ႕ လယ္သမား၊ သုံးစြဲသူေတြပါ၀င္တဲ့ လုပ္ငန္းဆုိင္ရာအဖြဲ႕ထူေထာင္ဖုိ ့ ထုိင္း၀န္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အုိခ်ာက ညႊန္ၾကားခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ယင္းေတြ႕ဆုံမႈကုိ လယ္ယာသုံး ပုိးသတ္ေဆးကုမၸဏီေတြက ကုိယ္စားလွယ္ေတြေတာ့ မတက္ေရာက္ခဲ့ၾကပါဘူး။ 

ဒီလုိမ်ဳိး သမုိင္း၀င္ဆုံးျဖတ္ခ်က္ကုိ ၀န္ႀကီးခ်ဳပ္က ေထာက္ခံအတည္ျပဳေပးဖုိ ့ တင္ျပသြားမွာျဖစ္ပါတယ္။ ယင္းေနာက္ ေဘးအႏၱရာယ္ရွိ ပစၥည္းမ်ားဆုိင္ရာ အမ်ဳိးသားေကာ္မတီက ပုိးသတ္ေဆးသုံးမ်ဳိး အသုံးျပဳမႈ တရား၀င္ပိတ္ပင္ေၾကာင္းေၾကညာမွာျဖစ္ပါတယ္။ ယင္းေကာ္မတီအေနနဲ႕ေအာက္တုိဘာ ၂၇ ရက္ေန႕မွာ အစည္းအေ၀းျပဳလုပ္သြားဖုိ ့ရွိပါတယ္။ 

Unicode Version 

ထိုင်း အစိုးရက လယ်ယာသုံး ပိုးသတ်ဆေးသုံးမျိုး အသုံးပြုမှု ပိတ်ပင်တော့မည် 
--------  ကိုလင်း(အကုန်သိသတင်းဌာန)  ---------
လာမယ့် ဒီဇင်ဘာလမှစကာ လယ်ယာသုံး ပိုးသတ်ဆေးသုံးမျိုး သုံးစွဲမှုကို ပိတ်ပင်မှာဖြစ်ကြောင်း ထိုင်း စိုက်ပျိုးရေး ဒုတိယဝန်ကြီးက ကြေညာလိုက်တာကြောင့် ယင်းကိစ္စအတွက် လချီကြာ အငြင်းအခုံဖြစ်နေမှု အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။  

ပိုးသတ်ဆေးသုံးမျိုး အသုံးပြုမှု ပိတ်ပင်ရေးကိစ္စကို အစိုးရ၊ လယ်သမားနဲ့သုံးစွဲသူတွေပါဝင်တဲ့ ကိုယ်စားလှယ်တွေက ကန့်ကွက်သူမရှိ တညီတညွတ်တည်း မဲပေးထောက်ခံခဲ့တာဖြစ်ကြောင်း ဒုတိယဝန်ကြီး မန်နန်ယာထိုင်ဆက်က ထိုင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံက ပိတ်ပင်မယ့် ပိုးသတ်ဆေးတွေကတော့ ပါရာကွာတ် (paraquat)၊ ဂလီဖိုဆိတ် (glyphosate) ၊နဲ့ခလော်ဖီရီဖို့စ် (chlorpyrifos) အမျိုးအစားတွေဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစကာ ပိတ်ပင်မှာဖြစ်တယ်လို့ သိရပါတယ်။ ယင်း သတ်မှတ်နေ့မှစကာ ဆေးတွေရောင်းချခြင်း၊ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းတွေ တရားဝင်တော့မှာ မဟုတ်ပါဘူး။ ယခု ဓါတုဆေးသုံးမျိုးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အမြင်သဘောထားတွေ တွေ့ဆုံကြားနာကြဖို့အတွက် အစိုးရတာဝန်ရှိသူတွေနဲ့ လယ်သမား၊ သုံးစွဲသူတွေပါဝင်တဲ့ လုပ်ငန်းဆိုင်ရာအဖွဲ့ထူထောင်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယင်းတွေ့ဆုံမှုကို လယ်ယာသုံး ပိုးသတ်ဆေးကုမ္ပဏီတွေက ကိုယ်စားလှယ်တွေတော့ မတက်ရောက်ခဲ့ကြပါဘူး။ 

ဒီလိုမျိုး သမိုင်းဝင်ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ်က ထောက်ခံအတည်ပြုပေးဖို့ တင်ပြသွားမှာဖြစ်ပါတယ်။ ယင်းနောက် ဘေးအန္တရာယ်ရှိ ပစ္စည်းများဆိုင်ရာ အမျိုးသားကော်မတီက ပိုးသတ်ဆေးသုံးမျိုး အသုံးပြုမှု တရားဝင်ပိတ်ပင်ကြောင်းကြေညာမှာဖြစ်ပါတယ်။ ယင်းကော်မတီအနေနဲ့အောက်တိုဘာ ၂၇ ရက်နေ့မှာ အစည်းအဝေးပြုလုပ်သွားဖို့ရှိပါတယ်။ 

    -  ကုိလင္း (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။