Skip to main content
ဂူတာရက္ဇ္
Ads Block

ကုလသမဂၢ၀န္ထမ္းေတြကုိ ေနာက္လအတြက္ လစာေပးႏုိင္ဖုိ ့ေငြမေလာက္ေတာ့ေၾကာင္း အတြင္းေရးမွဴးခ်ဳပ္ သတိေပး 

အဖြဲ႕၀င္ႏုိင္ငံေတြကသာ ထည့္၀င္ရမယ့္ေငြေတြ အခ်ိန္မီမေပးဘူးဆုိရင္ ေနာက္လအတြက္ ၀န္ထမ္းေတြကုိ လစာေပးေခ်စရာ ကုလသမဂၢမွာ ေငြမလုံေလာက္ေတာ့ေၾကာင္း ကုလအတြင္းေရးမွဴးခ်ဳပ္ အန္တုိနီယုိ ဂူတာရက္စ္က ေအာက္တုိဘာ ၈ ရက္ေန ့မွာ သတိေပးေျပာဆုိခဲ့ပါတယ္။ 

ဂူတာရက္ဇ္

ဇန္န၀ါရီလကတည္းကသာ အသုံးစရိတ္ျဖတ္ေတာက္မႈေတြ မလုပ္ခဲ့ဘူးဆုိရင္ ေထာက္ပံ့ေပးခ်မႈေတြလုပ္ဖုိ ့ ေငြထြက္လာမွာ မဟုတ္ေၾကာင္းလည္း ၿပီးခဲ့တဲ့လက ကမာၻ႕ေခါင္းေဆာင္ေတြရဲ႕ ႏွစ္စဥ္ေတြ႕ဆုံမႈမွာ ေျပာဆုိခဲ့တယ္လုိ႔ အဖြဲ႕၀င္ ၁၉၃ ႏုိင္ငံပါ ကုလသမဂၢအေထြေထြညီလာခံရဲ႕ ဘတ္ဂ်က္ေကာ္မတီအစည္းအေ၀းမွာ ဂူတာရက္စ္က ေျပာဆုိခဲ့ပါတယ္။ ယခုလကေတာ့ ဆယ္စုႏွစ္အတြင္း အနက္ရႈိင္းဆုံး လုိေငြျပႆနာဆုိက္ေရာက္လာေၾကာင္း၊ ႏုိ၀င္ဘာထဲ၀င္လာရင္ ၀န္ထမ္းအားလုံးကုိ ေပးေခ်ႏုိင္ဖုိ ့ေငြလုံး၀ေလာက္ေတာ့မွာမဟုတ္ေၾကာင္း ကုလသမဂၢရဲ ့လုပ္ငန္းနဲ႕ ျပန္လည္ျပဳျပင္ေရးအစီအမံေတြ ေဘးေတြ႕ေနရၿပီျဖစ္ေၾကာင္း ၄င္းက ေျပာဆုိပါတယ္။ အေမရိကန္ျပည္ေထာင္စုဟာ ကုလသမဂၢရဲ႕ ပမာဏအမ်ားဆုံး ေငြထည့္၀င္သူျဖစ္ၿပီး ႏုိင္ငံေရး၊ လူသားခ်င္းစာနာမႈ၊ လက္နက္ဖ်က္သိမ္းေရး၊ စီးပြားေရး၊ လူမႈကိစၥေရးရာေတြနဲ႕ လူမႈဆက္ဆံေရးဆုိင္ရာေတြအပါအ၀င္ ၂၀၁၉ ခုႏွစ္အတြက္ ထည့္၀င္မႈအားလုံးရဲ႕ ၂၂ ရာခုိင္ႏႈန္းျဖစ္တဲ့ ေဒၚလာ ၃ ဒသမ ၃ ဘီလီယံေက်ာ္ ပုံမွန္ဘတ္ဂ်က္ ထည့္၀င္ရသူျဖစ္ပါတယ္။ ၀ါရွင္တန္ဟာ ၂၀၁၉ ခုႏွစ္အတြက္ ဦးစားေပးဘတ္ဂ်က္မွာ ေဒၚလာ ၃၈၁ သန္း၊ ပုံမွန္ဘတ္ဂ်က္အတြက္ ၆၇၄ သန္း ထည့္၀င္ဖုိ ့က်န္ရွိေနပါတယ္။ ကုလသမဂၢဆုိင္ရာ အေမရိကန္မစ္ရွင္ကလည္း ယင္းထည့္၀င္ရန္က်န္ရွိစာရင္းကုိ အတည္ျပဳပါတယ္။  ၂၀၁၉ ခုႏွစ္ လည္ပတ္သုံးစြဲမႈေတြအတြက္ လုိအပ္တဲ့ ပုံမွန္ဘတ္ဂ်က္စုစုေပါင္းရဲ႕ ၇၀ ရာခုိင္ႏႈန္းကုိသာ အဖြဲ႕၀င္ႏုိင္ငံေတြက ထည့္၀င္ထားေသးေၾကာင္း ဒီအခ်က္က စက္တင္ဘာကုန္ရင္ လုိေငြ ေဒၚလာသန္း ၂၃၀ ျဖစ္သြားမယ္လုိ ့ဆုိလုိေၾကာင္း ေအာက္တုိဘာ ၇ ရက္က ၀န္ထမ္းေတြထံ ပုိ ့ခဲ့တဲ့စာေတြမွာ ဂူတာရက္စ္က ေရးခဲ့ေၾကာင္း AFP က ေဖာ္ျပပါတယ္။ ကုလသမဂၢရဲ႕ အသုံးစရိတ္ျဖတ္ေတာက္မႈေတြမွာ ကြန္ဖရင့္ေတြ အစည္းအေ၀းေတြ ေရႊ႕ဆုိင္းခဲ့ျခင္း၊ ၀န္ေဆာင္မႈေတြ ေလွ်ာ့ခ်ျခင္း၊ တာ၀န္ရွိသူေတြရဲ႕ ခရီးသြားလာမႈေတြကုိ ကန္ ့သတ္တာေတြလုပ္ခဲ့ကာ မလုပ္မျဖစ္ အေရးႀကီးတဲ့လုပ္ငန္းေတြသာ လုပ္ေဆာင္ေစၿပီး စြမ္းအင္ေခၽြတာမႈေတြလုပ္ေဆာင္ခဲ့ေၾကာင္း ေရးသားခဲ့ပါတယ္။ ကုလသမဂၢမွာ ေငြေၾကးလည္ပတ္မႈ ျပႆနာမေပၚေပါက္ေစဖုိ ့ ထည့္၀င္ရမယ့္ေငြေတြ ထည့္၀င္ေပးၾကရန္ ဂူတာရက္စ္က ယခုႏွစ္အေစာပုိင္းမွာ အဖြဲ႕၀င္ႏုိင္ငံေတြကုိ ပန္ၾကားခဲ့ေပမယ့္ ၄င္းတုိ ့က ျငင္းဆုိခဲ့ၾကေၾကာင္း အမည္မေဖာ္လုိတဲ့ ကုလသမဂၢအရာရွိတစ္ဦးက ေျပာဆုိပါတယ္။ အေမရိကန္ျပည္ေထာင္စုဟာ ကုလသမဂၢရဲ႕ ကုန္က်စရိတ္အတြက္ မမွ်မတ ၀န္ထမ္းေပးေနရေၾကာင္း သမၼတ ေဒၚနယ္ထရန္ ့က ေျပာဆုိထားခဲ့ကာ ကုလသမဂၢကုိ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖုိ ့ တြန္းအားေပးခဲ့ပါတယ္။ ဂူတာရက္စ္ဟာလည္း ကုလသမဂၢရဲ႕ လုပ္ငန္းေဆာင္တာေတြ တုိးတက္ေကာင္းမြန္ေစေရး လုပ္ေဆာင္ခဲ့ၿပီး ကုန္က်စရိတ္ ျဖတ္ေတာက္မႈေတြ လုပ္ခဲ့ပါတယ္။ 

ကုလသမဂၢ ေျပာေရးဆုိခြင့္ရွိသူ စတက္ဖိန္း ဒူဂ်ာရစ္ရဲ႕ ေျပာဆုိခ်က္အရ ၂၀၁၉ ခုႏွစ္အတြက္ တာ၀န္က်ထည့္၀င္ေငြ ေပးေဆာင္ထားတဲ့ႏုိင္ငံ ၁၂၉ ႏုိင္ငံရွိကာ စုစုေပါင္း ထည့္၀င္ေငြ ၂ ဘီလီယံနီးပါးျဖစ္ေၾကာင္း သိရပါတယ္။

Unicode Version 

ကုလသမဂ္ဂဝန်ထမ်းတွေကို နောက်လအတွက် လစာပေးနိုင်ဖို့ငွေမလောက်တော့ကြောင်း အတွင်းရေးမှူးချုပ် သတိပေး 
---------  ကိုလင်း(အကုန်သိ သတင်းဌာန)   --------- 
အဖွဲ့ဝင်နိုင်ငံတွေကသာ ထည့်ဝင်ရမယ့်ငွေတွေ အချိန်မီမပေးဘူးဆိုရင် နောက်လအတွက် ဝန်ထမ်းတွေကို လစာပေးချေစရာ ကုလသမဂ္ဂမှာ ငွေမလုံလောက်တော့ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာ ၈ ရက်နေ့မှာ သတိပေးပြောဆိုခဲ့ပါတယ်။ 

ဇန်နဝါရီလကတည်းကသာ အသုံးစရိတ်ဖြတ်တောက်မှုတွေ မလုပ်ခဲ့ဘူးဆိုရင် ထောက်ပံ့ပေးချမှုတွေလုပ်ဖို့ ငွေထွက်လာမှာ မဟုတ်ကြောင်းလည်း ပြီးခဲ့တဲ့လက ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နှစ်စဉ်တွေ့ဆုံမှုမှာ ပြောဆိုခဲ့တယ်လို့ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဘတ်ဂျက်ကော်မတီအစည်းအဝေးမှာ ဂူတာရက်စ်က ပြောဆိုခဲ့ပါတယ်။ ယခုလကတော့ ဆယ်စုနှစ်အတွင်း အနက်ရှိုင်းဆုံး လိုငွေပြဿနာဆိုက်ရောက်လာကြောင်း၊ နိုဝင်ဘာထဲဝင်လာရင် ဝန်ထမ်းအားလုံးကို ပေးချေနိုင်ဖို့ငွေလုံးဝလောက်တော့မှာမဟုတ်ကြောင်း ကုလသမဂ္ဂရဲ့လုပ်ငန်းနဲ့ ပြန်လည်ပြုပြင်ရေးအစီအမံတွေ ဘေးတွေ့နေရပြီဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကုလသမဂ္ဂရဲ့ ပမာဏအများဆုံး ငွေထည့်ဝင်သူဖြစ်ပြီး နိုင်ငံရေး၊ လူသားချင်းစာနာမှု၊ လက်နက်ဖျက်သိမ်းရေး၊ စီးပွားရေး၊ လူမှုကိစ္စရေးရာတွေနဲ့ လူမှုဆက်ဆံရေးဆိုင်ရာတွေအပါအဝင် ၂၀၁၉ ခုနှစ်အတွက် ထည့်ဝင်မှုအားလုံးရဲ့ ၂၂ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော် ပုံမှန်ဘတ်ဂျက် ထည့်ဝင်ရသူဖြစ်ပါတယ်။ ဝါရှင်တန်ဟာ ၂၀၁၉ ခုနှစ်အတွက် ဦးစားပေးဘတ်ဂျက်မှာ ဒေါ်လာ ၃၈၁ သန်း၊ ပုံမှန်ဘတ်ဂျက်အတွက် ၆၇၄ သန်း ထည့်ဝင်ဖို့ကျန်ရှိနေပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်ကလည်း ယင်းထည့်ဝင်ရန်ကျန်ရှိစာရင်းကို အတည်ပြုပါတယ်။  ၂၀၁၉ ခုနှစ် လည်ပတ်သုံးစွဲမှုတွေအတွက် လိုအပ်တဲ့ ပုံမှန်ဘတ်ဂျက်စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကိုသာ အဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင်ထားသေးကြောင်း ဒီအချက်က စက်တင်ဘာကုန်ရင် လိုငွေ ဒေါ်လာသန်း ၂၃၀ ဖြစ်သွားမယ်လို့ဆိုလိုကြောင်း အောက်တိုဘာ ၇ ရက်က ဝန်ထမ်းတွေထံ ပို့ခဲ့တဲ့စာတွေမှာ ဂူတာရက်စ်က ရေးခဲ့ကြောင်း AFP က ဖော်ပြပါတယ်။ ကုလသမဂ္ဂရဲ့ အသုံးစရိတ်ဖြတ်တောက်မှုတွေမှာ ကွန်ဖရင့်တွေ အစည်းအဝေးတွေ ရွှေ့ဆိုင်းခဲ့ခြင်း၊ ဝန်ဆောင်မှုတွေ လျှော့ချခြင်း၊ တာဝန်ရှိသူတွေရဲ့ ခရီးသွားလာမှုတွေကို ကန့်သတ်တာတွေလုပ်ခဲ့ကာ မလုပ်မဖြစ် အရေးကြီးတဲ့လုပ်ငန်းတွေသာ လုပ်ဆောင်စေပြီး စွမ်းအင်ချွေတာမှုတွေလုပ်ဆောင်ခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ ကုလသမဂ္ဂမှာ ငွေကြေးလည်ပတ်မှု ပြဿနာမပေါ်ပေါက်စေဖို့ ထည့်ဝင်ရမယ့်ငွေတွေ ထည့်ဝင်ပေးကြရန် ဂူတာရက်စ်က ယခုနှစ်အစောပိုင်းမှာ အဖွဲ့ဝင်နိုင်ငံတွေကို ပန်ကြားခဲ့ပေမယ့် ၎င်းတို့က ငြင်းဆိုခဲ့ကြကြောင်း အမည်မဖော်လိုတဲ့ ကုလသမဂ္ဂအရာရှိတစ်ဦးက ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကုလသမဂ္ဂရဲ့ ကုန်ကျစရိတ်အတွက် မမျှမတ ဝန်ထမ်းပေးနေရကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုထားခဲ့ကာ ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဂူတာရက်စ်ဟာလည်း ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေ တိုးတက်ကောင်းမွန်စေရေး လုပ်ဆောင်ခဲ့ပြီး ကုန်ကျစရိတ် ဖြတ်တောက်မှုတွေ လုပ်ခဲ့ပါတယ်။ 

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖိန်း ဒူဂျာရစ်ရဲ့ ပြောဆိုချက်အရ ၂၀၁၉ ခုနှစ်အတွက် တာဝန်ကျထည့်ဝင်ငွေ ပေးဆောင်ထားတဲ့နိုင်ငံ ၁၂၉ နိုင်ငံရှိကာ စုစုပေါင်း ထည့်ဝင်ငွေ ၂ ဘီလီယံနီးပါးဖြစ်ကြောင်း သိရပါတယ်။ 

     -   ကုိလင္း ( Ref; Reuters )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။