Skip to main content
Ads Block

ဆုတောင်းပြည့်စေတီနှင့်တောင်တော်အစွဲပြုတဲ့ ဓမ္မဂီရိစေတီကို ထိုင်းနိုင်ငံသားတွေ ဖူးမျှော်သူများပြား 

မြန်မာ/ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့မှာ နဝတအစိုးရလက်ထက်က ထိုင်းနိုင်ငံအတွင်းထင်ရှားတဲ့ မွန်ထိုင်းဘုန်းတော်ကြီး ဆရာတော်ဥူးဥတ္တမ နှင့် ဗိုလ်ချုပ်ကြီးသူရစစ်မောင်တို့က  နှစ်ပြည်ထောင်နယ်စပ် ငြိမ်းချမ်းရေးအတွက်အဓိဋ္ဌာန်ပြုတည်ထားကိုးကွယ်ထားတဲ့ဓမ္မဂီရိစေတီတစ်ခုရှိပါတယ်။

ဒီစေတီတော်ကြီးမှာ ထိုင်းနိုင်ငံသားတို့ယုံကြည်ကိုးကွယ်မှုအရ ဆုတောင်းပြည့်စေတီနှင့်တောင်တော် ဟု အစွဲပြုပြီးလာရောက်ဖူးမျှော်လေ့ရှိရာမှ ယခုအခါမှာတော့ ခရီးသွားရာသီအတွင်း ထိုင်းနိုင်ငံမှလာရောက် လည်ပတ်ကြတဲ့ ခရီးသွားဘုရားဖူးများမှ တောင်တက်ယာဉ်ရပ်နားနေရာနှင့် ရင်ပြင်ပေါ်တိုးချဲ့နိုင်ရန်အတွက် ထိုင်းဘုရားဖူးတစ်ဦးလျှင် ဘတ်၂၀ နှုန်းဖြင့် လာရောက်စုပေါင်းထည့်ဝင်လှူဒါန်းနေကြပါတယ်။  

အဆိုပါအစီအစဉ်ကြောင့် ထိုင်းဘုရားဖူးများအကြား ဆုတောင်းပြည့်တယ်ဆိုပြီး ရေပန်းစားနေတာကြောင့် လာရောက်ဖူးမျှော်သူအများအပြားရှိနေတယ်လို့ ဓမ္မဂီရိတောင်ပေါ်စေတီ ဆရာတော်ဥူးအိန္နက ပြောပါတယ်။

ရိုက်ကူး - စောဘောသိုလ်                    တည်းဖြတ် - ဆလိုင်းကျော်မိုး

Zawgyi Version

 

ဆုေတာင္းျပည့္ေစတီႏွင့္ေတာင္ေတာ္အစြဲျပဳတဲ့ ဓမၼဂီရိေစတီကို ထိုင္းႏိုင္ငံသားေတြ ဖူးေမွ်ာ္သူမ်ားျပား

 

ျမန္မာ/ထိုင္းနယ္စပ္ ဘုရားသုံးဆူၿမိဳ႕မွာ နဝတအစိုးရလက္ထက္က ထိုင္းႏိုင္ငံအတြင္းထင္ရွားတဲ့ မြန္ထိုင္းဘုန္းေတာ္ႀကီး ဆရာေတာ္ဥဴးဥတၱမ ႏွင့္ ဗိုလ္ခ်ဳပ္ႀကီးသူရစစ္ေမာင္တို႔က  ႏွစ္ျပည္ေထာင္နယ္စပ္ ၿငိမ္းခ်မ္းေရးအတြက္အဓိ႒ာန္ျပဳတည္ထားကိုးကြယ္ထားတဲ့ဓမၼဂီရိေစတီတစ္ခုရွိပါတယ္။

ဒီေစတီေတာ္ႀကီးမွာ ထိုင္းႏိုင္ငံသားတို႕ယုံၾကည္ကိုးကြယ္မႈအရ ဆုေတာင္းျပည့္ေစတီႏွင့္ေတာင္ေတာ္ ဟု အစြဲျပဳၿပီးလာေရာက္ဖူးေမွ်ာ္ေလ့ရွိရာမွ ယခုအခါမွာေတာ့ ခရီးသြားရာသီအတြင္း ထိုင္းႏိုင္ငံမွလာေရာက္ လည္ပတ္ၾကတဲ့ ခရီးသြားဘုရားဖူးမ်ားမွ ေတာင္တက္ယာဥ္ရပ္နားေနရာႏွင့္ ရင္ျပင္ေပၚတိုးခ်ဲ႕ႏိုင္ရန္အတြက္ ထိုင္းဘုရားဖူးတစ္ဦးလွ်င္ ဘတ္၂၀ ႏႈန္းျဖင့္ လာေရာက္စုေပါင္းထည့္ဝင္လွဴဒါန္းေနၾကပါတယ္။  

အဆိုပါအစီအစဥ္ေၾကာင့္ ထိုင္းဘုရားဖူးမ်ားအၾကား ဆုေတာင္းျပည့္တယ္ဆိုၿပီး ေရပန္းစားေနတာေၾကာင့္ လာေရာက္ဖူးေမွ်ာ္သူအမ်ားအျပားရွိေနတယ္လို႔ ဓမၼဂီရိေတာင္ေပၚေစတီ ဆရာေတာ္ဥဴးအိႏၷက ေျပာပါတယ္။

ရိုက္ကူး - ေစာေဘာသိုလ္                    တည္းျဖတ္ - ဆလိုင္းေက်ာ္မိုး

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။