Skip to main content
အစားအသောက်ပန်းကန်ထဲ ဆံပင်ပါလာလို့ ဇနီးသည်ကို ခေါင်းတုံးရိတ်ပစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသား အဖမ်းခံရ 
Ads Block

အစားအသောက်ပန်းကန်ထဲ ဆံပင်ပါလာလို့ ဇနီးသည်ကို ခေါင်းတုံးရိတ်ပစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသား အဖမ်းခံရ 

             သူစားနေတဲ့ မနက်စာပန်းကန်ထဲမှာ ဆံပင်ပါလာတာ တွေ့ရှိခဲ့တာကြောင့် ဇနီးဖြစ်ကို အတင်းအကျပ် ခေါင်းတုံးရိတ်ပစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ရှေးရိုးစွဲ မွတ်ဆလင်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးခဲ့ပါတယ်။  

            ယခုဖြစ်ရပ်ကို ရွာသားတွေက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က နိုင်ငံ အနောက်မြောက်ပိုင်း ဂျွိုင်ပူဟတ်ခရိုင်ရှိ ကျေးရွာတစ်ရွာသို့ သွားရောက်ကာ အမျိုးသားဖြစ်တဲ့ ဘာဘလူ မွန်ဒဲလ်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    “သူ့ မိန်းမ ပြင်ပေးတဲ့ ထမင်းနဲ့ နွားနို့ထဲမှာ ဆံပင်မွေးတွေ့ခဲ့တာဖြစ်ပါတယ်။ ဆံပင်ကိုမြင်တော့ သူ ဒေါသထွက်ပြီး မိန်းမကို အပြစ်တင်ပါတယ်။ အဲဒီနောက် ဘလိတ်ဓါးတစ်ချောင်းယူပြီး မိန်းမကို အတင်းအကျပ် ခေါင်းတုံးရိတ်ပစ်ခဲ့တာပါ” လို့ ဒေသဆိုင်ရာ ရဲမှူး ရှာ့ဟရီယာခန်းက AFP ကို ပြောခဲ့ပါတယ်။

             ဘာဘလူကို ထောင်ဒဏ် အများဆုံး ၁၄ နှစ်အထိ ကျခံရနိုင်တဲ့ ဒေါသဆန္ဒအလျောက် ဝမ်းနည်း နာကျင်ရစေမှု၊ အသက် ၂၃ နှစ်အရွယ် မိန်းမရဲ့ အရှက်သိက္ခာကို အကြမ်းပတမ်းပြုကျင့်မှုတွေနဲ့ စွဲချက် တင်ထားကြောင်း ခန်းက ပြောဆိုပါတယ်။

          အမျိုးသမီးတွေကို ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှုတွေလုပ်ခြင်းမှ ကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းထားသော်ငြား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသမီးတွေ ဖိနှိပ်ခံနေ ရတယ်ဆိုတာ ဒီဖြစ်ရပ် မီးမောင်းထိုးပြနေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ပါတယ်။

                 ဒေသဆိုင်ရာ အမျိုးသမီးအခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Ain O Salish Kendra ရဲ့ ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခုနှစ်ရဲ့ ပထမခြောက်လတာကာလအတွင်း ပျှမ်းမျှအားဖြင့် တစ်နေ့ကို မုဒိမ်းမှု သုံးမှုနှုန်းဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီလမှ ဇွန်လအထိ အမျိုးသမီး ၆၃၀ မုဒိမ်းကျင့်ခံခဲ့ရကာ ၃၇ ဦးဟာ ပြုကျင့်ခံရပြီးနောက် အသတ်ခံခဲ့ရပြီး ၇ ဦးကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြကြောင်း ယင်း အဖွဲ့က ပြောဆိုပါတယ်။ ဒါ့အပြင် လက်ရှိအထိ မုဒိမ်းကျင့်ရန် ကြိုးစားမှု ၁၀၅ မှု ရှိခဲ့ကြောင်းလည်း သိရပါတယ်။ 

CNA

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

အစားအေသာက္ပန္းကန္ထဲ ဆံပင္ပါလာလုိ ့ ဇနီးသည္ကုိ ေခါင္းတုံးရိတ္ပစ္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္အမ်ဳိးသား အဖမ္းခံရ

             သူစားေနတဲ့ မနက္စာပန္းကန္ထဲမွာ ဆံပင္ပါလာတာ ေတြ႕ရွိခဲ့တာေၾကာင့္ ဇနီးျဖစ္ကုိ အတင္းအက်ပ္ ေခါင္းတုံးရိတ္ပစ္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္ အမ်ဳိးသားတစ္ဦးကုိ ဖမ္းဆီးလုိက္ေၾကာင္း ရဲတပ္ဖြဲ႕က အဂၤါေန ့မွာ ေျပာဆုိပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ ေရွးရုိးစြဲ မြတ္ဆလင္ႏုိင္ငံမွာ အမ်ဳိးသမီးေတြအေပၚ အၾကမ္းဖက္မႈေတြနဲ႕ပတ္သက္ၿပီး လူ႕အခြင့္အေရးအဖြဲ႕ေတြက သတိေပးခဲ့ပါတယ္။  

            ယခုျဖစ္ရပ္ကုိ ရြာသားေတြက ရဲတပ္ဖြဲ႕ကုိ အေၾကာင္းၾကားခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က ႏုိင္ငံ အေနာက္ေျမာက္ပုိင္း ဂၽြိဳင္ပူဟတ္ခရုိင္ရွိ ေက်းရြာတစ္ရြာသုိ ့ သြားေရာက္ကာ အမ်ဳိးသားျဖစ္တဲ့ ဘာဘလူ မြန္ဒဲလ္ကုိ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

    “သူ႕ မိန္းမ ျပင္ေပးတဲ့ ထမင္းနဲ႕ ႏြားႏုိ႕ထဲမွာ ဆံပင္ေမြးေတြ႔ခဲ့တာျဖစ္ပါတယ္။ ဆံပင္ကုိျမင္ေတာ့ သူ ေဒါသထြက္ၿပီး မိန္းမကုိ အျပစ္တင္ပါတယ္။ အဲဒီေနာက္ ဘလိတ္ဓါးတစ္ေခ်ာင္းယူၿပီး မိန္းမကုိ အတင္းအက်ပ္ ေခါင္းတုံးရိတ္ပစ္ခဲ့တာပါ” လုိ ့ ေဒသဆုိင္ရာ ရဲမွဴး ရွာ့ဟရီယာခန္းက AFP ကုိ ေျပာခဲ့ပါတယ္။

             ဘာဘလူကုိ ေထာင္ဒဏ္ အမ်ားဆုံး ၁၄ ႏွစ္အထိ က်ခံရႏုိင္တဲ့ ေဒါသဆႏၵအေလ်ာက္ ၀မ္းနည္း နာက်င္ရေစမႈ၊ အသက္ ၂၃ ႏွစ္အရြယ္ မိန္းမရဲ႕ အရွက္သိကၡာကုိ အၾကမ္းပတမ္းျပဳက်င့္မႈေတြနဲ႕ စြဲခ်က္ တင္ထားေၾကာင္း ခန္းက ေျပာဆုိပါတယ္။

          အမ်ဳိးသမီးေတြကုိ ညွင္းပန္းႏွိပ္စက္မႈ၊ လိင္ပုိင္းဆုိင္ရာ မေတာ္မတရားျပဳက်င့္မႈေတြလုပ္ျခင္းမွ ကာကြယ္ေပးတဲ့ ဥပေဒေတြ ျပဌာန္းထားေသာ္ျငား ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ အမ်ဳိးသမီးေတြ ဖိႏွိပ္ခံေန ရတယ္ဆုိတာ ဒီျဖစ္ရပ္ မီးေမာင္းထုိးျပေနတယ္လုိ ့ အမ်ဳိးသမီးအေရး လႈပ္ရွားသူေတြက ေျပာဆုိခဲ့ပါတယ္။

                 ေဒသဆုိင္ရာ အမ်ဳိးသမီးအခြင့္အေရးအဖြဲ႕တစ္ခုျဖစ္တဲ့ Ain O Salish Kendra ရဲ႕ ေဖာ္ျပခ်က္အရ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ယခုႏွစ္ရဲ႕ ပထမေျခာက္လတာကာလအတြင္း ပွ်မ္းမွ်အားျဖင့္ တစ္ေန ့ကုိ မုဒိမ္းမႈ သုံးမႈႏႈန္းျဖစ္ေပၚခဲ့ေၾကာင္း သိရပါတယ္။ ဇန္န၀ါရီလမွ ဇြန္လအထိ အမ်ဳိးသမီး ၆၃၀ မုဒိမ္းက်င့္ခံခဲ့ရကာ ၃၇ ဦးဟာ ျပဳက်င့္ခံရၿပီးေနာက္ အသတ္ခံခဲ့ရၿပီး ၇ ဦးကေတာ့ ကုိယ့္ကုိယ္ကုိယ္ သတ္ေသသြားခဲ့ၾကေၾကာင္း ယင္း အဖြဲ႕က ေျပာဆုိပါတယ္။ ဒါ့အျပင္ လက္ရွိအထိ မုဒိမ္းက်င့္ရန္ ႀကိဳးစားမႈ ၁၀၅ မႈ ရွိခဲ့ေၾကာင္းလည္း သိရပါတယ္။

CNA

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။