Skip to main content
ဟောင်ကောင်တွင် မျက်နှာဖုံးစွပ် ပိတ်ပင်ချက်ဥပဒေကို ချိုးဖောက်မှုဖြင့် လူ ၇၇ ဦး အဖမ်းခံရ  
Ads Block

ဟောင်ကောင်တွင် မျက်နှာဖုံးစွပ် ပိတ်ပင်ချက်ဥပဒေကို ချိုးဖောက်မှုဖြင့် လူ ၇၇ ဦး အဖမ်းခံရ  

           သီတင်းပတ်အဆုံးပိုင်က ထုတ်ပြန်ပြဌာန်းလိုက်တဲ့ မျက်နှာဖုံးစွပ် ဝတ်ဆင်ခြင်း ပိတ်ပင်တားမြစ်တဲ့ ဥပဒေကို ချိုးဖောက်မှုဖြင့် လူ ၇၇ ဦးကို ဖမ်းဆီးထားကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က အင်္ဂါနေ့ (အောက်တိုဘာ ၈) မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဟောင်ကောင်တွင် မျက်နှာဖုံးစွပ် ပိတ်ပင်ချက်ဥပဒေကို ချိုးဖောက်မှုဖြင့် လူ ၇၇ ဦး အဖမ်းခံရ  

            မကြာခဏဆိုသလို လမ်းပေါ်အကြမ်းဖက်မှုတွေအဖြစ် ကူးပြောင်းသွားလေ့ရှိတဲ့ ဆန္ဒပြပွဲတွေ အရှိန်လျော့သွားစေရေး ရည်ရွယ်ကာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်ကာ အရေးပေါ် လုပ်ပိုင်ခွင့် အာဏာအရ ယင်းဥပဒေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

          ဆန္ဒပြသူတွေဟာ အဆောက်အအုံတွေကို မီးရှို့ခဲ့ကာ ရဲတပ်ဖွဲ့ဝင်တွေကို မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့သလို ၎င်းတို့နဲ့ အမြင်သဘောထားမတူတဲ့ အခြားပြည်သူအချို့ကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ အညှာအတာကင်းမဲ့ပြီး အရေးမစိုက်တဲ့ လုပ်ဆောင်ချက်မျိုးတွေကြောင့် တရား ဥပဒေစိုးမိုးရေး လုံးဝပြိုလဲသွားတော့မယ့် အစွန်းကို ရောက်သွားခဲ့ကြောင်း ဒေသဆိုင်ရာတပ်မှူး နော့ကွတ်ယမ်ယန်း က ပြောဆိုခဲ့ပါတယ်။

              မော်တော်ကားလမ်းနဲ့ မြေအောက်ရထားဘူတာတွေက မီးပွိုင့်မီးလုံး ၈၀ ကျော် ရိုက်ခွဲခံခဲ့ရ တာကြောင့် မီးရထားပို့ဆောင်ဆက်သွယ်မှုကို လုံး၀ ပိတ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ လေးရက်လောက်အတွင်း လက်သရမ်းဖျက်ဆီးမှု ၂၁၃ မှုဖြစ်ခဲ့ကာ ဆန္ဒပြသူတွေဟာ အဓိက လမ်းကြီးတွေ ပေါ်မှာ လမ်းအတားအဆီးတွေ လုပ်ခဲ့ကြပါတယ်။ ဆူပူအုံကြွသူတွေဟာ သူတို့နဲ့ သဘောထားမတူသူတွေကို ရိုက်နှက်ခဲ့ကြတဲ့ ဖြစ်စဉ်များစွာအတွက်လည်း မိမိတို့ ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း မစ္စတာကွတ်က ပြောဆို ပါတယ်။ အချို့ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖို့အထိ ရည်ရွယ်တာမျိုး တွေ့ရှိခဲ့ရကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

              မျက်နှာဖုံးစွပ် ဝတ်ဆင်ခြင်းမပြုရတဲ့ ဥပဒေ အာဏာသက်ဝင်ပြီးနောက်ပိုင်း ဖမ်းဆီးခဲ့သူ ၇၇ ဦးရှိပြီး အချို့ဖမ်းဆီးခဲ့ရသူတွေဟာ အသက် ၁၂ အရွယ်သာရှိသေးကြောင်း သိရပါတယ်။ ဆန္ဒပြမှုတွေအတွင်း မျက်နှာဖုံးစွပ်ဝတ်ဆင်တဲ့အတွက် ဖမ်းဆီးခံခဲ့ရသူ ၇၄ ဦးရှိပြီး သုံးဦးကတော့ မျက်နှာဖုံးတွေ ချွတ်ပစ်ဖို့ ရဲတွေက ညွှန်ကြားတာကို မလိုက်နာတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

          အခုလို ရူးရူးမိုက်မိုက် လုပ်ရပ်တွေ ရပ်တန့်သွားဖို့ ကူညီကြပါရန် လူထုကို မေတ္တာရပ်ခံပါကြောင်း လည်း မစ္စတာ ကွတ်က ပြောဆိုခဲ့ပါတယ်။

CNA

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

ေဟာင္ေကာင္တြင္ မ်က္ႏွာဖုံးစြပ္ ပိတ္ပင္ခ်က္ဥပေဒကုိ ခ်ဳိးေဖာက္မႈျဖင့္ လူ ၇၇ ဦး အဖမ္းခံရ  

           သီတင္းပတ္အဆုံးပုိင္က ထုတ္ျပန္ျပဌာန္းလုိက္တဲ့ မ်က္ႏွာဖုံးစြပ္ ၀တ္ဆင္ျခင္း ပိတ္ပင္တားျမစ္တဲ့ ဥပေဒကုိ ခ်ဳိးေဖာက္မႈျဖင့္ လူ ၇၇ ဦးကုိ ဖမ္းဆီးထားေၾကာင္း ေဟာင္ေကာင္ရဲတပ္ဖြဲ႕က အဂၤါေန ့ (ေအာက္တုိဘာ ၈) မွာ ထုတ္ျပန္ခဲ့ပါတယ္။

            မၾကာခဏဆုိသလုိ လမ္းေပၚအၾကမ္းဖက္မႈေတြအျဖစ္ ကူးေျပာင္းသြားေလ့ရွိတဲ့ ဆႏၵျပပြဲေတြ အရွိန္ေလ်ာ့သြားေစေရး ရည္ရြယ္ကာ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္ကာ အေရးေပၚ လုပ္ပုိင္ခြင့္ အာဏာအရ ယင္းဥပေဒကုိ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

          ဆႏၵျပသူေတြဟာ အေဆာက္အအုံေတြကုိ မီးရႈိ႕ခဲ့ကာ ရဲတပ္ဖြဲ႕၀င္ေတြကုိ မီးေလာင္ဗုံးေတြနဲ႕ ပစ္ခတ္ခဲ့သလုိ ၄င္းတုိ ့နဲ႕ အျမင္သေဘာထားမတူတဲ့ အျခားျပည္သူအခ်ဳိ ့ကုိ တုိက္ခုိက္မႈေတြ လုပ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာဆုိခဲ့ပါတယ္။ အညွာအတာကင္းမဲ့ၿပီး အေရးမစုိက္တဲ့ လုပ္ေဆာင္ခ်က္မ်ဳိးေတြေၾကာင့္ တရား ဥပေဒစုိးမုိးေရး လုံး၀ၿပိဳလဲသြားေတာ့မယ့္ အစြန္းကုိ ေရာက္သြားခဲ့ေၾကာင္း ေဒသဆုိင္ရာတပ္မွဴး ေနာ့ကြတ္ယမ္ယန္း က ေျပာဆုိခဲ့ပါတယ္။

              ေမာ္ေတာ္ကားလမ္းနဲ႕ ေျမေအာက္ရထားဘူတာေတြက မီးပြဳိင့္မီးလုံး ၈၀ ေက်ာ္ ရုိက္ခြဲခံခဲ့ရ တာေၾကာင့္ မီးရထားပုိ ့ေဆာင္ဆက္သြယ္မႈကုိ လုံး၀ ပိတ္ခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ေလးရက္ေလာက္အတြင္း လက္သရမ္းဖ်က္ဆီးမႈ ၂၁၃ မႈျဖစ္ခဲ့ကာ ဆႏၵျပသူေတြဟာ အဓိက လမ္းႀကီးေတြ ေပၚမွာ လမ္းအတားအဆီးေတြ လုပ္ခဲ့ၾကပါတယ္။ ဆူပူအုံၾကြသူေတြဟာ သူတုိ႕နဲ႕ သေဘာထားမတူသူေတြကုိ ရုိက္ႏွက္ခဲ့ၾကတဲ့ ျဖစ္စဥ္မ်ားစြာအတြက္လည္း မိမိတုိ ့ ထိတ္လန္ ့တုန္လႈပ္ခဲ့ရေၾကာင္း မစၥတာကြတ္က ေျပာဆုိ ပါတယ္။ အခ်ဳိ႕ဆႏၵျပသူေတြဟာ ရဲတပ္ဖြဲ႕၀င္ေတြကုိ သတ္ဖုိ ့အထိ ရည္ရြယ္တာမ်ဳိး ေတြ႕ရွိခဲ့ရေၾကာင္းလည္း ၄င္းက ေျပာဆုိခဲ့ပါတယ္။

              မ်က္ႏွာဖုံးစြပ္ ၀တ္ဆင္ျခင္းမျပဳရတဲ့ ဥပေဒ အာဏာသက္၀င္ၿပီးေနာက္ပုိင္း ဖမ္းဆီးခဲ့သူ ၇၇ ဦးရွိၿပီး အခ်ဳိ ့ဖမ္းဆီးခဲ့ရသူေတြဟာ အသက္ ၁၂ အရြယ္သာရွိေသးေၾကာင္း သိရပါတယ္။ ဆႏၵျပမႈေတြအတြင္း မ်က္ႏွာဖုံးစြပ္၀တ္ဆင္တဲ့အတြက္ ဖမ္းဆီးခံခဲ့ရသူ ၇၄ ဦးရွိၿပီး သုံးဦးကေတာ့ မ်က္ႏွာဖုံးေတြ ခၽြတ္ပစ္ဖုိ ့ ရဲေတြက ညႊန္ၾကားတာကုိ မလုိက္နာတာေၾကာင့္ ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။

          အခုလုိ ရူးရူးမုိက္မုိက္ လုပ္ရပ္ေတြ ရပ္တန္ ့သြားဖုိ႕ ကူညီၾကပါရန္ လူထုကုိ ေမတၱာရပ္ခံပါေၾကာင္း လည္း မစၥတာ ကြတ္က ေျပာဆုိခဲ့ပါတယ္။

CNA

ကိုလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။