Skip to main content
တာချီလိတ်မြို့မှ “ထားထားလွင်” ရွှေဆိုင်ကို အမည်မသိအမျိုးသား ၃ ဦးက ဝင်ရောက်လုယက်
Ads Block

တာချီလိတ်မြို့မှ “ထားထားလွင်” ရွှေဆိုင်ကို အမည်မသိအမျိုးသား ၃ ဦးက ဝင်ရောက်လုယက်

တာချီလိတ်မြို့နယ်ရှိ “ထားထားလွင်” ရွှေဆိုင်ကို ယနေ့(အောက်တိုဘာလ ၈ ရက်)၊ နေ့လယ်ပိုင်းက အမည်မသိအမျိုးသား ၃ ဦးမှ ဝင်ရောက်လုယက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့မှ “ထားထားလွင်” ရွှေဆိုင်ကို အမည်မသိအမျိုးသား ၃ ဦးက ဝင်ရောက်လုယက်

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ “ထားထားလွင်” အာမခံအခေါက်ရွှေဆိုင်ပိုင်ရှင် ဒေါ်ထားထားလွင်၊ (၄၄)နှစ်သည် အောက်တိုဘာလ ၈ ရက်၊ နေ့လယ် ၁ နာရီ ၂၉ မိနစ်ခန့်က ရွှေဆိုင်ဖွင့်ထားသည့်နေအိမ်အိပ်ခန်းတွင်ရှိနေပြီး အရောင်းစာရေးမ ဒေါ်တင်ဇာဝင်း၊ (၂၅)နှစ်မှာ အရောင်းကောင်တာရှေ့၌ရှိနေစဉ် မျက်နှာ Mask တပ်ဆင်ထားသော အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ဆိုင်ရှေ့သို့ရောက်ရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တာချီလိတ်မြို့မှ “ထားထားလွင်” ရွှေဆိုင်ကို အမည်မသိအမျိုးသား ၃ ဦးက ဝင်ရောက်လုယက်

ထို့နောက်  အဆိုပါ ၃ ဦးသည် ဆိုင်အတွင်းသို့ဝင်ရောက်လာခဲ့ပြီး တစ်ဦးက ဒေါ်တင်ဇာဝင်း၏ပါးစပ်အား လက်ဖြင့်ပိတ်၍ ဓားဖြင့်ဗိုက်ကိုထောက်ကာ “မအော်နဲ့” ဟု ပြောဆိုခြိမ်းခြောက်ခဲ့ပြီး ကျန် ၂ ဦးမှာ သော့တန်းလန်းထားရှိသည့်ကောင်တာအတွင်းမှ ရွှေထည်ပစ္စည်းများကိုယူဆောင်နေစဉ် ဒေါ်တင်ဇာဝင်းမှ ပါးစပ်ပိတ်ထားသော လက်အားဆွဲဖယ်၍ ရုန်းကန်အော်ဟစ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ယင်းအမျိုးသား ၃ ဦးသည် ရွှေထည်ပစ္စည်းအချို့အား ယူဆောင်ထွက်ပြေးသွားသဖြင့် ရွှေထည်ပစ္စည်းများကို စစ်ဆေးကြည့်ရာ (၁)ရံလျှင် (၁)မတ်သားခန့်ရှိ နားကပ်(၅)ရံ၊ (၁)ရံလျှင် (၁)မတ်သားခန့်ရှိ နားဆွဲ(၃)ရံ စုစု ပေါင်းတန်ဖိုး ၂၂ သိန်းကျပ်ခန့်ပါသွားကြောင်း သိရသည်။

လက်ရှိတွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အမည်မသိအမျိုးသား ၃ ဦးကို ဖမ်းဆီးရမိရေး သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ-တာချီလိတ်ရဲတပ်ဖွဲ့

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

Zawgyi Version

တာခ်ီလိတ္ၿမိဳ႕မွ “ထားထားလြင္” ေရႊဆိုင္ကို အမည္မသိအမ်ဳိးသား ၃ ဦးက ဝင္ေရာက္လုယက္

တာခ်ီလိတ္ၿမိဳ႕နယ္ရွိ “ထားထားလြင္” ေရႊဆိုင္ကို ယေန႔(ေအာက္တိုဘာလ ၈ ရက္)၊ ေန႔လယ္ပိုင္းက အမည္မသိအမ်ဳိးသား ၃ ဦးမွ ဝင္ေရာက္လုယက္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝိန္းေက်ာက္ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမေပၚရွိ “ထားထားလြင္” အာမခံအေခါက္ေရႊဆိုင္ပိုင္ရွင္ ေဒၚထားထားလြင္၊ (၄၄)ႏွစ္သည္ ေအာက္တိုဘာလ ၈ ရက္၊ ေန႔လယ္ ၁ နာရီ ၂၉ မိနစ္ခန္႔က ေရႊဆိုင္ဖြင့္ထားသည့္ေနအိမ္အိပ္ခန္းတြင္ရွိေနၿပီး အေရာင္းစာေရးမ ေဒၚတင္ဇာဝင္း၊ (၂၅)ႏွစ္မွာ အေရာင္းေကာင္တာေရွ႕၌ရွိေနစဥ္ မ်က္ႏွာ Mask တပ္ဆင္ထားေသာ အမ်ဳိးသား ၃ ဦးက ဆိုင္ကယ္ ၂ စီးျဖင့္ ဆိုင္ေရွ႕သို႔ေရာက္ရွိလာခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ထို႔ေနာက္  အဆိုပါ ၃ ဦးသည္ ဆိုင္အတြင္းသို႔ဝင္ေရာက္လာခဲ့ၿပီး တစ္ဦးက ေဒၚတင္ဇာဝင္း၏ပါးစပ္အား လက္ျဖင့္ပိတ္၍ ဓားျဖင့္ဗိုက္ကိုေထာက္ကာ “မေအာ္နဲ႔” ဟု ေျပာဆိုၿခိမ္းေျခာက္ခဲ့ၿပီး က်န္ ၂ ဦးမွာ ေသာ့တန္းလန္းထားရွိသည့္ေကာင္တာအတြင္းမွ ေရႊထည္ပစၥည္းမ်ားကိုယူေဆာင္ေနစဥ္ ေဒၚတင္ဇာဝင္းမွ ပါးစပ္ပိတ္ထားေသာ လက္အားဆြဲဖယ္၍ ရုန္းကန္ေအာ္ဟစ္အကူအညီေတာင္းခံခဲ့ေၾကာင္း သိရသည္။

ယင္းအမ်ဳိးသား ၃ ဦးသည္ ေရႊထည္ပစၥည္းအခ်ဳိ႕အား ယူေဆာင္ထြက္ေျပးသြားသျဖင့္ ေရႊထည္ပစၥည္းမ်ားကို စစ္ေဆးၾကည့္ရာ (၁)ရံလွ်င္ (၁)မတ္သားခန္႔ရွိ နားကပ္(၅)ရံ၊ (၁)ရံလွ်င္ (၁)မတ္သားခန္႔ရွိ နားဆြဲ(၃)ရံ စုစု ေပါင္းတန္ဖိုး ၂၂ သိန္းက်ပ္ခန္႔ပါသြားေၾကာင္း သိရသည္။

လက္ရွိတြင္ ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူ အမည္မသိအမ်ဳိးသား ၃ ဦးကို ဖမ္းဆီးရမိေရး သက္ဆိုင္ရာရဲတပ္ဖြဲ႔မွ စုံစမ္းေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓာတ္ပုံ-တာခ်ီလိတ္ရဲတပ္ဖြဲ႔

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။